
၁၉ နှစ်အရွယ် မိန်းကလေးကို ရုပ်ရှင်ဆန်ဆန်ကားတင်ပြေးပြီး ၆ ရက်ခန့်ကြာမှ ပြန်လွှတ်ပေးခဲ့မှု
သြဂုတ်(၃၁) AlinnMyay(အလင်းမြေ) ကချင်ပြည်နယ် မိုးညှင်းမြို တွင် ညမှောင်စပျိုး အချိန်ခေါက်ဆွဲထွက်ဝယ်သောအသက်(၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကားအနက်ရောင်စီးလာသည့်လူတစ်စုမှ ဆေးတိုက်ပြီးကားတင်ပြေးကာအစာမကျွေးဘဲ ဆေးကျွေးကာ(၆)ရက်အကြာတွင်ပြန်လွှတ်ပေးခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ထားခဲ့ကြောင်းသိရှိရသည်။ ဖြစ်ပွါးပုံမှာ ဩဂုတ်လ(၂၆)ရက်နေ့ည(၉)နာရီအချိန်ခန့်တွင် လွန်ခဲ့သောဩဂုတ်လ(၂၀)ရက်နေ့ကပျောက်ဆုံးသွားသော မ——- (၁၉)နှစ် (ဘ) ဦး——– ပင်းဟဲကျေးရွာ မိုးညှင်းမြို့နယ် နေထိုင်သူသည် မိုးညှင်းခရိုင်ဆေးရုံသို့ရောက်ရှိနေကြောင်းသတင်းရရှိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှူးဒုရဲမှူးဝင်းကျော်အောင်နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ မနှင်းပွင့်ဇော်သည်မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စု ပျော်ဘွယ်ကျေးရွာတွင်ဖွင့်လှစ်ထားသည့် ———– EducationCenter ဘော်ဒါဆောင်တွင် ဂိုက်ဆရာမအဖြစ် ဇူလိုင်လ(၂၀)ရက်နေ့မှစတင်လုပ်ကိုင်ခဲ့ပြီး ဩဂုတ်လ(၂၀)ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် […]