
အမှိုက်ထဲက စိန်နားကပ်၊ ရိုးသားပြီး တာဝန်သိတဲ့ စည်ပင်ဝန်ထမ်း
အမှိုက်ထဲက စိန်နားကပ်၊ ရိုးသားပြီး တာဝန်သိတဲ့ စည်ပင်ဝန်ထမ်း အမရပူရမြို့နယ်မှ ယာဉ်မောင်းဦးသိန်းနိုင်ထွန်း(ယာယီ)မောင်းနှင်သော (RC-24) အမှိုက်သိမ်းယာဉ်သည် တိုးချဲ့(၄)ရပ်ကွက်တွင် အမှိုက်သိမ်းဆည်းပြီး၍တောင်အင်းမြောက်အင်းအမှိုက်ကျင်းသို့အသွားလမ်းတွင် ဖုန်းဝင်လာပါတယ်… ဖုန်းဆက်လာသူမှ အမှိုက်ပစ်ရင်း ကားပေါ်သို့တစ်ရှူးဖြင့်ထုပ်ထားသော စိန်နားကပ်ပါသွားကြောင်း ပြောသဖြင့် လမ်းဘေးတွင်ကားရပ်ထားပြီး ပိုင်ရှင်ရောက်အလာထိ စောင့်ပေးပါတယ်… ပိုင်ရှင်များမှ လမ်းဘေးတွင်အမှိုက်သွန်ပြီး ချရှာရန်တောင်းဆိုသော်လည်း ယာဉ်မောင်းမှလမ်းဘေးဆိုလျှင်မဖြစ်နိုင်ကြောင်း အများပြည်သူသွားလမ်းပေါ်ဖြစ်နေသဖြင့် အရေးယူခံရနိုင်ကြောင်းပြောပြပြီး ပိုင်ရှင်များကို အမှိုက်ကျင်းအထိ လိုက်လာခိုင်းပါတယ်… အမှိုက်ကျင်းတာဝန်ခံထံ ခွင့်တောင်းပြီး သီးခြားတစ်နေရာရာကို အမှိုက်ချခွင့် တောင်းခံခဲ့ပါတယ်… ခွင့်ပြုသဖြင့် […]