NEWS

ငယ်စဉ်ကမွေးမြူခဲ့သည့် ဝက်ဝံကိုက်၍ တောင်ငူမြို့က ဦးကိုကိုအောင် သေဆုံးမှု

တောင်ငူမြို့တွင် ငယ်စဥ်ကပင်မွေးမြူခဲ့သည့် ဝက်ဝံကိုက်သတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ပဲခူးတိုင်း၊တောင်ငူမြို့နေ တိရစ္ဆာန်ချစ်သူများအကြားထင်ရှားသည့် အနှိုင်းမဲ့အကြင်နာပရဟိတ ဦးကိုကိုအောင်သည် ဧပြီ ၇ ရက်(ယနေ့)နံနက် ၃ နာရီခွဲခန့်က ၎င်းမွေးမြူခဲ့သည့် ဝက်ဝံနှစ်ကောင်မှ ကိုက်သတ်ခဲ့သဖြင့်သေဆုံးခဲ့သည်ဟု တောင်ငူနာရေးကူညီမှုအသင်းမှသိရသည်။ သေဆုံးခဲ့သည့်ဦးကိုကိုအောင်သည် တောင်ငူမြို့၌ မြင့်မိုရ်နန်းတည်းခိုခန်းနှင့် KTV ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ကာ ဝက်ဝံနှစ်ကောင်နှင့်တိရစ္ဆာန်များစွာအား အနှိုင်းမဲ့အကြင်နာပရဟိတ အမည်ဖြင့်ထိန်းသိမ်းစောင့်ရှောက်ပေးနေသူတစ်ဦးဖြစ် ကြောင်း သိရသည်။ ဦးကိုကိုအောင်အား ၎င်းမွေးမြူထားသည့် ဝက်ဝံနှစ်ကောင်ဖြစ်သော ချစ်ပိုနှင့်အိစိကွေးတို့မှ အရိုင်းစိတ်ဝင်၍ ကိုက်သတ်ခဲ့ခြင်းဖြစ်ကာ ကိုက်ခံရချိန်တွင် ဦးကိုကိုအောင်အား […]