ရှေးတုန်းက ဒီလင်မယားနဲ့ ဒီဘုန်းကြီး ဘယ်လောက်တောင်ရိုးလဲဆိုရင် ဘယ်လို ရိုးတယ်ဆိုတာကို ဆုံးဖြတ်ရခက် သွားတယ်
အ ရိုး – – – န ရိုး – – – ဂွ ရိုး စာဖတ်သူတွေအတွက် အပြုံးပန်းတပွင့်လောက် ဖန်းတီးပေးချင်စိတ်လေး ပေါ်လာလို့ ဒီဆောင်းပါးလေးရေ း ရခြင်းပါ.. လောကမှာ အရိုး ၃ မျိုးရှိပါတယ်၊ ( ရိုးသားဖြောင့်မတ်ခြင်း ထဲက ရိုးသားတာကိုမဆိုလိုပါ) ( ၁ ) အ ရိုး (၂) န ရိုး ( ၃) ဂွ ရိုး ဆိုးပြီးရှိပါတယ်။ ၁- ဗဟုသုတ နည်းပါပြီး အေးအေးနဲ့ရိုးရိုးနေတက်တာဟာ (အ ရိုး ) ၂- ဗဟုသုတနည်းပါးရုံတင်မက အလုပ်လုပ်တဲ့နေရာမှာ နမော်နမဲ့နဲ့ အမှားမှားအယွင်းယွင်း လုပ်တက် သူဟာ (န ရိုး ) ၃- (ဂွ ရိုး) ဆိုသူကတော့ ဗဟုသုတ တော့ အထိုက်အလျှောက်ရှိပါတယ်၊ ဒါပေမဲ့ ပြောလိုက်ရင် တမင်ပြော တာမဟုတ်ပေမဲ့ သူပြောတဲ ့စကား ဟာ အမြဲတမ်းတဖတ်လူနဲ့ ဂွတိုက် သလိုပြောတက်သူ။ အဲဒီလို ၃ မျိုးရှိတဲ့အထဲက……………………….
တခါတုန်း က အလွန်တောခေါင်ပြီး ဗဟုသုတ အတော််လေးနည်းပါးသော လူတွေနေထိုင်ကြတဲ့ ရွာ လေးတရွာရှိပါသတဲ့၊ ဘယ်လောက်ထိ ဗဟုသုတ နည်းသလည်းဆိုတော့ အဲဒီ ရွာ ကလူ တွေဟာ မှန် ကိုမမြင် ဘူးကြပါဘူး့။ တနေ့တော့ တောင်ယာ လယ်ယာစိုက်ပျိုးပြီး လုပ်ကိုင်စာသောက်တဲ့ ကိုဖိုးထောင် တယောက် လယ်ထွန်းရင်းကနေ လယ်ကွက်ထဲကနေ မှန်တချပ် ကောက်ရပါသတဲ့.. မှန်မှာပေကျံနေတဲ့ အညစ်အကျေး တွေကို ပုဆိုးလေးနဲ့သုတ်ပြီး ကြည့်လိုက်တော့ မှန်ထဲမှာယောင်ထုံးကြီးးနဲ့ ခန့်ခန့်ငြားငြား ယောကျင်္ား တယောက်ကို တွေ့မြင်လိုက်ရတဲ့အခါ… ဟာ … ကြည့်စမ်း ငါကျေးးဇူးရှင်ဘကြီးရဲ့ပုံဘဲ၊ ဆိုပြီးအားရဝမ်း သာစွာနဲ့ အိမ်ကိုယူလာပြီး အိမ်းခန်းလေးထဲမှာသိမ်းထားပါသတဲ့၊ အဲဒီနေ့ကစပြီး လယ်တောထဲကပြန်လာ တိုင်း ပထမဆုံးအိမ်ခန်းထဲဝင်းပြီး သိမ်းထားတဲ့မှန်ကိုထုပ်ပြီး ကြည့်လေ့ရှိပါတယ်…အဲလိုကြည့်ပြီး သူဘကြီး က သူ့ငယ်ရွယ်စဉ်အခါက သူ့အပေါ်ကောင်းခဲ့ ဂရုစိုက်ခဲ့တာတွေ ကြင်နာခဲ့တာတွေပြန်လည်ပြီး သတိတရရှိ နေတက်ပါသတဲ့- – – အဲဒီလိုနဲ့ရက်ကြာလာတဲ့အခါ ကိုဖိုးထောင်မိန်းမ မမွှေးတယောက် သူယောကျင်္ားကို သံသယရှိလာပါ တယ်၊ ငါယောကျင်္ား အပြင်ကပြန်လာတိုင်း အိမ်ခန်း ထဲဝင်းပြီး ဘာဝင်လုပ်တယ်မသိ၊ အင်း တခုခုတော့ တခုခုဘဲ …
တနေ့ ကိုဖိုးထောင် တောသို့သွားနေခိုက် အိမ်ခန်းထဲဝင်ရှာပါသတဲ့. ရှာရင်းကနေ ကိုဖိုးထောင် သိမ်းထားတဲ့ မှန်တချပ်သွားတွေ့လေတော့ မမွှေးအပြေးအလွှား ကောက်ကိုင်ပြီးအကြည့် …အောင်မလေး ကိုဖိုးထောင်ရဲ့လို့ (၇) အိမ်ကြား(၈) အိမ်ကြားအော်ငိုပါလေရော… ပါးစပ် ကလညး် .. ဟင် ငါသူအပေါ် ဒီလောက် မယားဝတ္တရား နဲ့အညီ သစ္စာရှိရှိမေတ္တာမပျက် ဂရုစိုက်ပါရဲ့သားနဲ့ သူကငါအပေါ် … ဟင်း ကြည့် စမ်း ကြည့်စမ်း – – – သူမယားငယ်ပုံကို သိမ်းထားတယ်.ဆိုပြီး .. မှန်ကိုကောက်ကြည်င့်္လိုက် .. မှန်ထဲက ပုံကို မမွှေးခမျှာ သူပုံမှန်းသူမသိ..ဖိုးထောင်ရဲ့ဲ တိတ်တိတ်လေးယူထားတဲ့ နောက်မယားငယ်ပုံလို့ထင်ပြီး .. ရင်ကွဲ မတက် ခံစားလိုက်ရတာ .. လယ်တောကပြန်လာတဲ့ ဖိုးထောင်ပုံမှန်အတိုင်း အိမ်ခန်းထဲအဝင် မမွှေးက ဖိုးထောင်ကိုမြင်လျှင် မြင်းချင်း …အောင်မလေးကိုဖိိုးထောင်ရဲ့ – – – တော် ကျွန်မ အပေါ် ဘာမကျေနပ်လို့လညး် ..ကျွန်မ ကတော့ လေ ရှင်အပေါ် ချစ်လိုက်ရတာ သံယောဇဉ်တွေပိုလိုက်ရတာ.လင်တမျက်နှာ တရွာထင်ပြီးလိုက်နေရတာ….
တမိုးအောက် တယောက်ထင်ပြီး ချစ်လိုက်ရတာ တော်ကတော့ ဒီလိုမဟုတ်..ကျွန်မေအပေါ်ကို သစ္စာ ဖေါက်ရက်လေခြင်းဆိုပြီး ပြောလဲပြောငိုလဲငို ဖိုးထောင်ရင်ဘက်ကြီးကိုလည်း လက်သီးဆုပ်နဲ့ထုထုပြီး နေလိုက်တာ ..ဖိုးထောင်ခမျာ ဘာမှမသိရှာ ..အံ့သြပြီး ဟဲ့ မမွှေး မင်းဘာဖြစ်လို့လည်း နေမကောင်းဘူလား ပြစမ်းနဖူးဆိုပြီး လက်ဖဝါးလေးနဲ့စမ်းကြည့် အဖျားသွေးလည်းမရှိပါဘူး … နက်များဖမ်းစားထားလား။ စသည် ဖြင့် ပျာပျာသလဲစိုးရိမ်နေတာကို မမွှေးက – – တော် ခုမှလာပြီးကြင်နာချင် ယောင်ဆောင်မနေနဲ့ စိတ်နာ တယ် စိတ်နာတယ် .. အော်ပါလေရော.. မွှေး .. အကျိုးအကြောင်းကို ယောကျင်္ားလည်းပြောပြအုံးလေကွယ် ..ဘာပြောပြဘို့လိုသေးလည်း ကိုဖိုးထောင်ရဲ့ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေတာကို တော်က ဆင်သေကို ဆိတ်သားရေနဲ့ဖုံးချင် တာလား သက်သေသက္ကာယနဲ့ပြမယ်ဆိုပြီး မှန်ကိုထုပ်ပြ ဒီမှာကြည့်စမ်း ဒါတော် မယားငယ် ပုံ မဟုတ်လား ကြည့်းစမ်းသနပ်ခါး ပါးကွတ်ကြားကြီး နဲ့ ဘီးစပတ်ကြီးနဲ့ အောင်မလေး ကိုဖိုးထောင် ရဲ့ ဆိုပြီး ငိုပါလေရော… ဖိုးထောင်ကလည်း ဟာမဟုတ်တာကွာ…ပြစမ်းဒီမှာကြည့် ..
ဒါက ငါဘကြီးပုံကွ မှန်ယူကြည့်ကာ သူ့ဘကြီး ဆိုသူဖြစ်ကြောင်းဆိုပြီးပြော မမွှေးကလည်းကလည်း မှန်တခါပြန်ယူပြီး ဘယ်ကရှင့်ဘကြီး ပုံဟုတ်ရမှာ လည်း ဒီမှာကြည့် တော်မယားငယ်ပုံလေ ဆိုပြီးပြန်ပြော နောက်ဆုံး ဖိုးထောင်က ကဲ ဒို့ဒီလိုငြင်းခုံနေရင် မပြီးတော့ဘူး ရွားဦးကျောင်းဆရာတော်ဆီသွားပြီး အဆုံးအဖျက်ခံမယ်ဆိုပြီး လင်မယားနှစ်ယောက် တယောက်တပေါက် သူတပြန် ကိုယ်တခါလှည့်ပြောပြီး ရွာဦးကျောင်းဆရာတော် ထံရောက်လာကြပါတော့ တယ်..ရှေးတုန်းက တချို့ရွာတွေမှာ ရွာဦးကျောင်းဆရာတော်တွေက အထိုက်အလျောက် သြဇာညောင်းကြပါတယ်…ခုလည်း ကိုဖိုးထောင်တို့ လင်မယား ရွားဦးကျောင်းဆရာတော် ထံမှောက် ငိုငိုရီရီ နဲ့ ရောက်လာကြပါတော့တယ်၊ ဆရာတော်လညး် ဟဲ့ ဟဲ့ ဘယ်လိုဖြစ်လာကြတာတုန်း မျက်နှာတွေကလညး် မသာမယာနဲ့ ပြောစမ်း ဟ ဖြစ်သမျှအကြောင်းအစုံအလင် မမွှေးကစပြီး ဆရာတော်ဘုရား ဆရာတော်တပည့်က တပည့်တော်မ အပေါ်မှာ သစ္စာဖေါက်တယ်ဘုရား ဟဲ့ မိမွှေးရယ်နင်ဟာက ဟုတ်ရဲ့လားဟာ၊ မဟုတ်ရှိရိုးလားဘုရား ဒီမှာ ကြည့်ပါ ဘုရား သူမယားပုံဆိုပြီး မှန်ကြည့်ပြီး လျှောက်တယ်၊
ဖိုးထောင် ကလည်း ဆရာတော်ဘုရား သူ (မမွှေး) တပည့်တော်အပေါ် အမြင်မှားတာပါဘုရားဆိုပြီး မမွှေးလက်ထဲက မှန်ကိုရုပ်တရပ်လုယူပြီး ဒီမှာ ကြည့်ပါဘုရား တပည့်တော် ဘကြီးပုံပါဘုရား ဆိုပြီးပြန် လျှောက်တယ်၊ ဟယ် နင်တို့ဟာက မဟုတ်သေး ပါဘူး ငါပြစမ်းဆိုပြီး ရွာဦးကျောင်းဆရာတော်က ဖိုးထောင်လက်ထဲမှာရှိတဲ့ မှန်ကိုရုပ်တရက် ယူပြီးအကြည့် ဟေ……မင်းတိုဟာက .ဘယ်လိုဖြစ်ကြတာတုန်း…ငရဲတွေကြီးကုန်တော့မှာပဲ ဒီပုံက ဘဝတပါးပျံလွန် တော်မူသွားတဲ့ ငါရဲ့လက်ဦးဆရာတော်ပုံပါဟာ ကြည့်စမ်း ဥပဓိရုပ်က ခန့်ခန့်ုငြားငြားနဲ့ မျက်ခုံးကကောင်း ကောင်း ခေါင်းကလညး် ပြောင်နေတာပဲ ကြည့့်စမ်းဆိုပြီး ဆရာတော် ကရှှေ့မှာမှန်ချ မျက်စိစုံမှိ်တ်ပြီး သူ့ဆရာဂုဏ်တွေကို အာရုဏ်ပြုပြီး ဦးချပါသတဲ့…….. ကဲ…စာဖတ်သူ အနေနဲ့ ရွာဦးကျောင်းဆရာတော်အပါအဝင် ဖိုးထောင်တို့ မမွှေးတို့ အရိုး ဘာ အရိုး လို့ဆိုချင်ပါသလည်း ဘယ်လိုပဲဖြစ်နေဖြစ်နေ ရှေ့တုန်းကရော ယခုကာလမှာပါ လူတွေဟာ အဖြစ်မှန်မသိသမျှ အပြစ်တင်ကြတာ အစဉ်အလာလိုဖြစ်နေတက်ပါတော့တယ်လေ.. အဲဒီတော့ အကြောင်းအရာတခုကို သုံသပ် ဆုံးဖျက်တဲ့နေရာမှာ အမှားမကင်းနိုင်ကြပေမဲ့ အမှားနည်းအောင် တော့ သတိထားဆင်ခြင်နိုင်ကြပါစေ။
တခါတုန်း က အလွန်တောခေါင်ပြီး ဗဟုသုတ အတော်လေးနည်းပါးသော လူတွေနေထိုင်ကြတဲ့ ရွာ လေးတရွာရှိပါသတဲ့၊ ဘယ်လောက်ထိ ဗဟုသုတ နည်းသလည်းဆိုတော့ အဲဒီ ရွာ ကလူ တွေဟာ မှန် ကိုမမြင် ဘူးကြပါဘူ့း။ တနေ့တော့ တောင်ယာ လယ်ယာစိုက်ပျိုးပြီး လုပ်ကိုင်စာသောက်တဲ့ ကိုဖိုးထောင် တယောက် လယ်ထွန်းရင်းကနေ လယ်ကွက်ထဲကနေ မှန်တချပ် ကောက်ရပါသတဲ့.. မှန်မှာပေကျံနေတဲ့ အညစ်အကျေး တွေကို ပုဆိုးလေးနဲ့သုတ်ပြီး ကြည့်လိုက်တော့ မှန်ထဲမှာယောင်ထုံးကြီးးနဲ့ ခန့်ခန့်ငြားငြား ယောင်္ကျား တယောက်ကို တွေ့မြင်လိုက်ရတဲ့အခါ… ဟာ … ကြည့်စမ်း ငါကျေးးဇူးရှင်ဘကြီးရဲ့ပုံဘဲ၊ ဆိုပြီးအားရဝမ်း သာစွာနဲ့ အိမ်ကိုယူလာပြီး အိမ်းခန်းလေးထဲမှာသိမ်းထားပါသတဲ့၊ အဲဒီနေ့ကစပြီး လယ်တောထဲကပြန်လာ တိုင်း ပထမဆုံးအိမ်ခန်းထဲဝင်းပြီး သိမ်းထားတဲ့မှန်ကိုထုပ်ပြီး ကြည့်လေ့ရှိပါတယ်…အဲလိုကြည့်ပြီး သူဘကြီး က သူ့ငယ်ရွယ်စဉ်အခါက သူ့အပေါ်ကောင်းခဲ့ ဂရုစိုက်ခဲ့တာတွေ ကြင်နာခဲ့တာတွေပြန်လည်ပြီး သတိတရရှိ နေတက်ပါသတဲ့- – – အဲဒီလိုနဲ့ရက်ကြာလာတဲ့အခါ ကိုဖိုးထောင်မိန်းမ မမွှေးတယောက် သူယောင်္ကျားကို သံသယရှိလာပါ တယ်၊ ငါယောင်္ကျား အပြင်ကပြန်လာတိုင်း အိမ်ခန်း ထဲဝင်းပြီး ဘာဝင်လုပ်တယ်မသိ၊ အင်း တခုခုတော့ တခုခုဘဲ …
တနေ့ ကိုဖိုးထောင် တောသို့သွားနေခိုက် အိမ်ခန်းထဲဝင်ရှာပါသတဲ့. ရှာရင်းကနေ ကိုဖိုးထောင် သိမ်းထားတဲ့ မှန်တချပ်သွားတွေ့လေတော့ မမွှေးအပြေးအလွှား ကောက်ကိုင်ပြီးအကြည့် …အောင်မလေး ကိုဖိုးထောင်ရဲ့လို့ (၇) အိမ်ကြား(၈) အိမ်ကြားအော်ငိုပါလေရော… ပါးစပ် ကလည်း .. ဟင် ငါသူအပေါ် ဒီလောက် မယားဝတ္တရား နဲ့အညီ သစ္စာရှိရှိမေတ္တာမပျက် ဂရုစိုက်ပါရဲ့သားနဲ့ သူကငါအပေါ် … ဟင်း ကြည့် စမ်း ကြည့်စမ်း – – – သူမယားငယ်ပုံကို သိမ်းထားတယ်.ဆိုပြီး .. မှန်ကိုကောက်ကြည်င့်္လိုက် .. မှန်ထဲက ပုံကို မမွှေးခမျှာ သူပုံမှန်းသူမသိ..ဖိုးထောင်ရဲ့ တိတ်တိတ်လေးယူထားတဲ့ နောက်မယားငယ်ပုံလို့ထင်ပြီး .. ရင်ကွဲ မတက် ခံစားလိုက်ရတာ .. လယ်တောကပြန်လာတဲ့ ဖိုးထောင်ပုံမှန်အတိုင်း အိမ်ခန်းထဲအဝင် မမွှေးက ဖိုးထောင်ကိုမြင်လျှင် မြင်းချင်း …အောင်မလေးကိုဖိုးထောင်ရဲ့ – – – တော် ကျွန်မ အပေါ် ဘာမကျေနပ်လို့လည်း ..ကျွန်မ ကတော့ လေ ရှင်အပေါ် ချစ်လိုက်ရတာ သံယောဇဉ်တွေပိုလိုက်ရတာ.လင်တမျက်နှာ တရွာထင်ပြီးလိုက်နေရတာ….
ဒါက ငါဘကြီးပုံကွ မှန်ယူကြည့်ကာ သူ့ဘကြီး ဆိုသူဖြစ်ကြောင်းဆိုပြီးပြော မမွှေးကလည်းကလည်း မှန်တခါပြန်ယူပြီး ဘယ်ကရှင့်ဘကြီး ပုံဟုတ်ရမှာ လည်း ဒီမှာကြည့် တော်မယားငယ်ပုံလေ ဆိုပြီးပြန်ပြော နောက်ဆုံး ဖိုးထောင်က ကဲ ဒို့ဒီလိုငြင်းခုံနေရင် မပြီးတော့ဘူး ရွားဦးကျောင်းဆရာတော်ဆီသွားပြီး အဆုံးအဖျက်ခံမယ်ဆိုပြီး လင်မယားနှစ်ယောက် တယောက်တပေါက် သူတပြန် ကိုယ်တခါလှည့်ပြောပြီး ရွာဦးကျောင်းဆရာတော် ထံရောက်လာကြပါတော့ တယ်..ရှေးတုန်းက တချို့ရွာတွေမှာ ရွာဦးကျောင်းဆရာတော်တွေက အထိုက်အလျောက် သြဇာညောင်းကြပါတယ်…ခုလည်း ကိုဖိုးထောင်တို့ လင်မယား ရွားဦးကျောင်းဆရာတော် ထံမှောက် ငိုငိုရီရီ နဲ့ ရောက်လာကြပါတော့တယ်၊ ဆရာတော်လည်း ဟဲ့ ဟဲ့ ဘယ်လိုဖြစ်လာကြတာတုန်း မျက်နှာတွေကလည်း မသာမယာနဲ့ ပြောစမ်း ဟ ဖြစ်သမျှအကြောင်းအစုံအလင် မမွှေးကစပြီး ဆရာတော်ဘုရား ဆရာတော်တပည့်က တပည့်တော်မ အပေါ်မှာ သစ္စာဖေါက်တယ်ဘုရား ဟဲ့ မိမွှေးရယ်နင်ဟာက ဟုတ်ရဲ့လားဟာ၊ မဟုတ်ရှိရိုးလားဘုရား ဒီမှာ ကြည့်ပါ ဘုရား သူမယားပုံဆိုပြီး မှန်ကြည့်ပြီး လျှောက်တယ်၊
ဖိုးထောင် ကလည်း ဆရာတော်ဘုရား သူ (မမွှေး) တပည့်တော်အပေါ် အမြင်မှားတာပါဘုရားဆိုပြီး မမွှေးလက်ထဲက မှန်ကိုရုပ်တရပ်လုယူပြီး ဒီမှာ ကြည့်ပါဘုရား တပည့်တော် ဘကြီးပုံပါဘုရား ဆိုပြီးပြန် လျှောက်တယ်၊ ဟယ် နင်တို့ဟာက မဟုတ်သေး ပါဘူး ငါပြစမ်းဆိုပြီး ရွာဦးကျောင်းဆရာတော်က ဖိုးထောင်လက်ထဲမှာရှိတဲ့ မှန်ကိုရုပ်တရက် ယူပြီးအကြည့် ဟေ……မင်းတိုဟာက .ဘယ်လိုဖြစ်ကြတာတုန်း…ငရဲတွေကြီးကုန်တော့မှာပဲ ဒီပုံက ဘဝတပါးပျံလွန် တော်မူသွားတဲ့ ငါရဲ့လက်ဦးဆရာတော်ပုံပါဟာ ကြည့်စမ်း ဥပဓိရုပ်က ခန့်ခန့်ုငြားငြားနဲ့ မျက်ခုံးကကောင်း ကောင်း ခေါင်းကလည်း ပြောင်နေတာပဲ ကြည့်စမ်းဆိုပြီး ဆရာတော် ကရှေ့မှာမှန်ချ မျက်စိစုံမှိတ်ပြီး သူ့ဆရာဂုဏ်တွေကို အာရုဏ်ပြုပြီး ဦးချပါသတဲ့…….. ကဲ…စာဖတ်သူ အနေနဲ့ ရွာဦးကျောင်းဆရာတော်အပါအဝင် ဖိုးထောင်တို့ မမွှေးတို့ အရိုး ဘာ အရိုး လို့ဆိုချင်ပါသလည်း ဘယ်လိုပဲဖြစ်နေဖြစ်နေ ရှေ့တုန်းကရော ယခုကာလမှာပါ လူတွေဟာ အဖြစ်မှန်မသိသမျှ အပြစ်တင်ကြတာ အစဉ်အလာလိုဖြစ်နေတက်ပါတော့တယ်လေ.. အဲဒီတော့ အကြောင်းအရာတခုကို သုံသပ် ဆုံးဖျက်တဲ့နေရာမှာ အမှားမကင်းနိုင်ကြပေမဲ့ အမှားနည်းအောင် တော့ သတိထားဆင်ခြင်နိုင်ကြပါစေ။
CALENDAR
March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031