မြွေနဲ့ပတ်သက်ပြီး မက်တတ်တဲ့အိပ်မက်တွေနဲ့ အဲဒီ့အိပ်မက်တွေက ပြောတဲ့သင့်ကံကြမ္မာ




အိပ်မက်မက်တယ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး သင်မက်တဲ့ အိပ်မက်တွေက သင်မကြာခင်မှာ ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ဆက်စပ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သင့်အိပ်မက်ထဲမှာ မြွေကို မြင်တွေ့ရတဲ့အခါ မကြာခင် သင်ကြုံတွေ့ရမယ့် ကံကြမ္မာက ဘယ်လိုဖြစ်မလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မြွေတွေ အများအပြားတွေ့ရတယ်ဆိုရင်

အပြင်မှာ မြွေတွေအများကြီးကို တစ်နေရာတည်းမှာ တွေ့ဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့် အိပ်မက်ထဲမှာ တွေ့လိုက်ရမယ်ဆိုရင်လည်း သင်အရမ်းကို လန့်သွားမှာပါ။ အဲ့ဒီလို အိပ်မက်မက်တာကတော့ သင်က အလုပ်တွေကို မနားမနေကြိုးစားပြီးလုပ်နေတာကြောင့် ကျန်းမာရေးထိခို်က်တဲ့အထိ ဖြစ်လာတော့မယ့် အဓိပ္ပါယ်ပါ။ သင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမှာပါ။

(၂) မြွေက သူ့ရဲ့လျှာကိုထုတ်နေတာကို မြင်ရရင်

သင်ဟာ လက်ရှိဘဝထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သဘောရှိပါတယ်။ သင်ကြောက်ရွံ့တဲ့ ပြဿနာတွေနဲ့ကြုံရနိုင်ချေရှိိပြီး အဲ့ဒါတွေကို ကောင်းကောင်းဖြေရှင်းဖို့ သတ္တိတွေ လိုအပ်နေပါတယ်။

(၃) မြွေကိုသတ်ပစ်လိုက်တယ်လို့ မက်တယ်ဆိုရင်

များသောအားဖြင့် အိပ်မက်ထဲမှာ ကိုယ့်ဘက်က ဘာမှမလုပ်လိုက်ရခင်မှာ အိပ်မက်က နိုးသွားတာကများပါတယ်။ တကယ်လို့ သင်က မြွေကို သတ်ပစ်လိုက်တယ်လို့ အိပ်မက်မက်တယ်ဆိုရင်တော့ သင့်ရဲ့ အလုပ်အကိုင်၊ ဝင်ငွေနဲ့ပတ်သက်တဲ့ကံက ကောင်းလာတော့မယ်ဆိုတဲ့ သဘောပါ။

(၄) မြွေကိုက်ခံရတယ်လို့ အိပ်မက်မက်ရင်တော့

မြွေကိုက်ခံရတယ်လို့ အိပ်မက်မက်တယ်ဆိုရင်တော့ တစ်စုံတစ်ယောက်က သင့်ကိုထိခိုက်အောင်လုပ်ဖို့ ကြံစည်နေတာဖြစ်နိုင်လို့ စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဂရုစိုုက်သင့်ပါတယ်။ ပြီးတော့ မြွေက သင့်ရဲ့ ရင်ဘတ်နားတဝိုက်ကို ကိုက်သွားတယ်လို့ မက်ရင်တော့ သင်ဟာ အချစ်သစ်နဲ့တွေ့နိုင်ပါတယ်။

(၅) မြွေမြိုခံရတယ် ဒါမှမဟုတ် မြွေက သင့်ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်လို့ မက်တယ်ဆိုရင်တော့

ဒီလိုမက်ရင်တော့ သင့်ဆီကံကောင်းခြင်းတွေ ရောက်လာတော့မှာပါ။ နေမကောင်းဖြစ်နေသမျှတွေ ပျောက်သွားနိုင်ပြီး တခြားကောင်းတဲ့ ကိစ္စတွေဖြစ်လာနိုင်ပါတယ်။

(၆) မြွေက သင့်ခန္ဓာကိုယ်ကို ပတ်ထားတယ်ဆိုရင်တော့

သင့်ရဲ့အချစ်ရေးက ဂရုတစိုက်စောင့်ကြည့်ရမယ့် အခြေအနေမျိုးဖြစ်နေပြီး သင့်ချစ်သူက သစ္စဖောက်တာကို ခံရနိုင်တာကြောင့် သူ့ရဲ့ခြေလှမ်းတွေကို သေချာစောင့်ကြည့်ပြီး သင့်စိတ်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၇) ခြုံထဲမှာပုန်းနေတဲ့မြွေကို မြင်လိုက်တယ်လို့ မက်ရင်တော့

ဒီလိုမက်တယ်ဆိုရင်တော့ သင့်အနေနဲ့ အတွင်းစိတ်အမှန်ကို ဖုံးကွယ်ထားတဲ့သူတွေနဲ့ တွေ့နိုင်ချေရှိပြီး သူတို့တွေရဲ့ မကောင်းကြံခြင်းကိုလည်း ကြုံရနိုင်ပါတယ်။

Credit: MAY THAZINHTOO

ေျမြနဲ႔ပတ္သက္ၿပီး မက္တတ္တဲ့အိပ္မက္ေတြနဲ႔ အဲဒီ့အိပ္မက္ေတြက ေျပာတဲ့သင့္ကံၾကမၼာ

အိပ္မက္မက္တယ္ဆိုတာ ထူးဆန္းတဲ့ ျဖစ္စဥ္တစ္ခုျဖစ္ျပီး သင္မက္တဲ့ အိပ္မက္ေတြက သင္မၾကာခင္မွာ ၾကံဳေတြ႕ရမယ့္ ကံၾကမၼာနဲ႕ဆက္စပ္မႈေတြ ရွိေနပါတယ္။ ဒါေၾကာင့္ သင့္အိပ္မက္ထဲမွာ ေျမြကို ျမင္ေတြ႕ရတဲ့အခါ မၾကာခင္ သင္ၾကံဳေတြ႕ရမယ့္ ကံၾကမၼာက ဘယ္လိုျဖစ္မလဲဆိုတာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေျမြေတြ အမ်ားအျပားေတြ႕ရတယ္ဆိုရင္

အျပင္မွာ ေျမြေတြအမ်ားၾကီးကို တစ္ေနရာတည္းမွာ ေတြ႕ဖို႕ မျဖစ္နိုင္ဘူးဆိုေပမယ့္ အိပ္မက္ထဲမွာ ေတြ႕လိုက္ရမယ္ဆိုရင္လည္း သင္အရမ္းကို လန္႕သြားမွာပါ။ အဲ့ဒီလို အိပ္မက္မက္တာကေတာ့ သင္က အလုပ္ေတြကို မနားမေနၾကိဳးစားျပီးလုပ္ေနတာေၾကာင့္ က်န္းမာေရးထိခို္က္တဲ့အထိ ျဖစ္လာေတာ့မယ့္ အဓိပၸါယ္ပါ။ သင့္ရဲ႕က်န္းမာေရးကို ဂရုစိုက္ရမွာပါ။

(၂) ေျမြက သူ႕ရဲ႕လွ်ာကိုထုတ္ေနတာကို ျမင္ရရင္

သင္ဟာ လက္ရွိဘ၀ထဲမွာ ေၾကာက္ရြံ႕မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ သေဘာရွိပါတယ္။ သင္ေၾကာက္ရြံ႕တဲ့ ျပႆနာေတြနဲ႕ၾကံဳရနိုင္ေခ်ရွိိျပီး အဲ့ဒါေတြကို ေကာင္းေကာင္းေျဖရွင္းဖို႕ သတၱိေတြ လိုအပ္ေနပါတယ္။

(၃) ေျမြကိုသတ္ပစ္လိုက္တယ္လို႕ မက္တယ္ဆိုရင္

မ်ားေသာအားျဖင့္ အိပ္မက္ထဲမွာ ကိုယ့္ဘက္က ဘာမွမလုပ္လိုက္ရခင္မွာ အိပ္မက္က နိုးသြားတာကမ်ားပါတယ္။ တကယ္လို႕ သင္က ေျမြကို သတ္ပစ္လုိက္တယ္လို႕ အိပ္မက္မက္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ အလုပ္အကိုင္၊ ၀င္ေငြနဲ႕ပတ္သက္တဲ့ကံက ေကာင္းလာေတာ့မယ္ဆိုတဲ့ သေဘာပါ။

(၄) ေျမြကိုက္ခံရတယ္လို႕ အိပ္မက္မက္ရင္ေတာ့

ေျမြကိုက္ခံရတယ္လို႕ အိပ္မက္မက္တယ္ဆိုရင္ေတာ့ တစ္စံုတစ္ေယာက္က သင့္ကိုထိခိုက္ေအာင္လုပ္ဖို႕ ၾကံစည္ေနတာျဖစ္နိုင္လို႕ စိတ္ေရာကိုယ္ပါ က်န္းမာေအာင္ ဂရုစိုုက္သင့္ပါတယ္။ ျပီးေတာ့ ေျမြက သင့္ရဲ႕ ရင္ဘတ္နားတ၀ိုက္ကို ကိုက္သြားတယ္လို႕ မက္ရင္ေတာ့ သင္ဟာ အခ်စ္သစ္နဲ႕ေတြ႕နိုင္ပါတယ္။

(၅) ေျမြျမိဳခံရတယ္ ဒါမွမဟုတ္ ေျမြက သင့္ခႏၶာကိုယ္ထဲကို ၀င္သြားတယ္လို႕ မက္တယ္ဆိုရင္ေတာ့

ဒီလိုမက္ရင္ေတာ့ သင့္ဆီကံေကာင္းျခင္းေတြ ေရာက္လာေတာ့မွာပါ။ ေနမေကာင္းျဖစ္ေနသမွ်ေတြ ေပ်ာက္သြားနိုင္ျပီး တျခားေကာင္းတဲ့ ကိစၥေတြျဖစ္လာနိုင္ပါတယ္။

(၆) ေျမြက သင့္ခႏၶာကိုယ္ကို ပတ္ထားတယ္ဆိုရင္ေတာ့

သင့္ရဲ႕အခ်စ္ေရးက ဂရုတစိုက္ေစာင့္ၾကည့္ရမယ့္ အေျခအေနမ်ိဳးျဖစ္ေနျပီး သင့္ခ်စ္သူက သစၥေဖာက္တာကို ခံရနိုင္တာေၾကာင့္ သူ႕ရဲ႕ေျခလွမ္းေတြကို ေသခ်ာေစာင့္ၾကည့္ျပီး သင့္စိတ္ကိုလည္း ၾကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

(၇) ျခံဳထဲမွာပုန္းေနတဲ့ေျမြကို ျမင္လိုက္တယ္လို႕ မက္ရင္ေတာ့

ဒီလိုမက္တယ္ဆိုရင္ေတာ့ သင့္အေနနဲ႕ အတြင္းစိတ္အမွန္ကို ဖံုးကြယ္ထားတဲ့သူေတြနဲ႕ ေတြ႕နိုင္ေခ်ရွိျပီး သူတို႕ေတြရဲ႕ မေကာင္းၾကံျခင္းကိုလည္း ၾကံဳရနိုင္ပါတယ္။

Credit: MAY THAZINHTOO







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031