ခြင်ဆေးတစ်ခွေသည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှ နေ့စဉ်ရှူရှိုက်ရပါက ဆေးလိပ်သောက်သူများထက် အသက်အန္တရာယ် ပိုဖြစ်နိုင်




ခြင်ဆေး ခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝကျော်အထိ ပါဝင် သောဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ်ရှူရှိုက်နေရသူများအနေ ဖြင့် သာမန်ဆေး လိပ်သောက် သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး ဓာတုကုန်ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါ်စန္ဒီ အောင်က ““ဆေးလိပ်သောက် တဲ့သူတောင် ကျန်းမာရေးကို ထိခိုက်နိုင်တာ။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးပမာဏ က ဆေးလိပ်ပေါင်း မြောက်မြား စွာနဲ့ညီမျှတယ်လို့ သုတေသန ပြုလုပ်ချက်အရသိရတယ်။ သု တေသနပြုတဲ့ ခြင်ဆေးခွေမှာ ပါတဲ့ ပိုးသတ်ဆေးပမာဏအ ပေါ်မူတည်ပြီး ဘယ်နှလိပ်နဲ့ညီ မျှတယ်လို့သာ ကွာသွားတာ။ ဒါကြောင့် ခြင်ဆေးငွေ့ကိုရှူ ရှိုက်တဲ့သူ တွေက ဆေးလိပ် သောက်သူတွေထက် အသက် အန္တရာယ်ပိုဖြစ်နိုင်တဲ့အတွက် ခြင်ဆေးခွေအစား ရိုးရာနနွင်း တက်ကိုပဲ သုံးသင့်တယ်””ဟု ထုတ်ဖော်ပြောသည်။

““ခြင်ဆေးခွေတစ်ခွေထွန်း ထားတယ်ဆိုရင် ခြင်ကိုထိခိုက် စေတာက နည်းနည်းပါ။ အမှန် တကယ်က အဲဒီခြင်ဆေးခွေ အနီးမှာရှိနေတဲ့ လူကြီးတွေ၊ ကလေးတွေက ပိုပြီးရှူမိတဲ့ ပမာဏပိုများပါတယ်။ ကလေး တွေမှာ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာရောဂါဖြစ်ရတာက ခြင် ဆေးခွေထွန်းတာ အဓိကအ ကြောင်းအရင်းဖြစ်ပါတယ်။ တစ် ရက်တည်းနဲ့ ခြင်ဆေးငွေ့တွေ ကို အကြာကြီးရှူမိရင်လဲ အ သက် အန္တရာယ်ဖြစ်နိုင်သလို နေ့စဉ်ရှူရင်လဲ ရေရှည် အဆိပ် သင့်ပြီး အသက် အန္တရာယ်ဖြစ် နိုင်ပါတယ်။ ကျန်းမာရေးဌာန အနေနဲ့ ခြင်ဆေးခွေထွန်းတာ ကိုလုံးဝအားမပေးပါဘူး။ ကန့် ကွက်ပါတယ်””ဟု ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သာထွန်းကျော်က ထုတ် ဖော် ပြော ကြားလိုက်သည်။

ခြင်ဆေးခွေတွင် များသော အားဖြင့် ခြင်များပြေးစေရန် နှင့် ခြင်များသေစေရန် Pyrethroid အုပ်စုမှ Permethrin ပိုးသတ်ဆေးများကို အများဆုံး အသုံးပြုရပြီး တချို့သောခြင် ဆေးခွေများမှာ Deltamethrin ပိုးသတ်ဆေးကို အသုံးပြု ကြ ကြောင်း၊ ဖြစ်နိုင်ပါက ခြင်ဆေး ခွေကိုလုံးဝမထွန်းဘဲ အန္တရာယ် မရှိသော ခြင်ပြေးစေသည့်မီး သီး၊ မီးချောင်း၊ ခြင်ပြေးစက်၊ ခြင်လုံဆန်ခါ စသည့်တခြား သော နည်းလမ်းများကိုသာအ သုံးပြုသင့်ကြောင်း၊ ခြင်မကိုက် ရန်အတွက် လိမ်း သော လိမ်းဆေးများကို ပိုးသတ်ဆေးများ ပါဝင်ပါက အရေပြားမှတစ်ဆင့် စိမ့်ဝင်နိုင်သဖြင့် ရေရှည်အသုံး မပြုသင့်ကြောင်း သိရသည်။Credit : Yangon Media Group

ျခင္ေဆးတစ္ေခြသည္ ေဆးလိပ္ ၁၃၀ ေက်ာ္ ႏွင့္ ညီမွ် ေန႔စဥ္ရွဴရႈိက္ရပါက ေဆးလိပ္ေသာက္သူမ်ားထက္ အသက္အႏၲရာယ္ ပိုျဖစ္ႏိုင္

ျခင္ေဆး ေခြတစ္ေခြတြင္ ပါဝင္ေသာ ဓာတုေဗဒပစၥည္းမ်ားသည္ ေဆးလိပ္အေရအတြက္ ၆၀ ေက်ာ္မွ ၁၃ဝေက်ာ္အထိ ပါဝင္ ေသာဓာတုပစၥည္းမ်ားႏွင့္ ညီမွ်သျဖင့္ ျခင္ေဆးေခြကို ေန႔စဥ္ရွဴရႈိက္ေနရသူမ်ားအေန ျဖင့္ သာမန္ေဆး လိပ္ေသာက္ သူမ်ားထက္ အသက္အႏၲရာယ္ ပိုမိုျဖစ္ပြားႏိုင္ေၾကာင္း သိရ သည္။

ယင္းႏွင့္ပတ္သက္ၿပီး ဓာတုကုန္ထုတ္လုပ္သူမ်ား အသင္းမွ အလုပ္အမႈေဆာင္ ေဒၚစႏၵီ ေအာင္က ““ေဆးလိပ္ေသာက္ တဲ့သူေတာင္ က်န္းမာေရးကို ထိခိုက္ႏိုင္တာ။ ျခင္ေဆးေခြမွာ ပါဝင္တဲ့ ပိုးသတ္ေဆးပမာဏ က ေဆးလိပ္ေပါင္း ေျမာက္ျမား စြာနဲ႔ညီမွ်တယ္လို႔ သုေတသန ျပဳလုပ္ခ်က္အရသိရတယ္။ သု ေတသနျပဳတဲ့ ျခင္ေဆးေခြမွာ ပါတဲ့ ပိုးသတ္ေဆးပမာဏအ ေပၚမူတည္ၿပီး ဘယ္ႏွလိပ္နဲ႔ညီ မွ်တယ္လို႔သာ ကြာသြားတာ။ ဒါေၾကာင့္ ျခင္ေဆးေငြ႕ကိုရွဴ ရႈိက္တဲ့သူ ေတြက ေဆးလိပ္ ေသာက္သူေတြထက္ အသက္ အႏၲရာယ္ပိုျဖစ္ႏိုင္တဲ့အတြက္ ျခင္ေဆးေခြအစား ႐ိုးရာနႏြင္း တက္ကိုပဲ သုံးသင့္တယ္””ဟု ထုတ္ေဖာ္ေျပာသည္။

““ျခင္ေဆးေခြတစ္ေခြထြန္း ထားတယ္ဆိုရင္ ျခင္ကိုထိခိုက္ ေစတာက နည္းနည္းပါ။ အမွန္ တကယ္က အဲဒီျခင္ေဆးေခြ အနီးမွာရွိေနတဲ့ လူႀကီးေတြ၊ ကေလးေတြက ပိုၿပီးရွဴမိတဲ့ ပမာဏပိုမ်ားပါတယ္။ ကေလး ေတြမွာ အသက္ရွဴ လမ္း ေၾကာင္း ဆိုင္ရာေရာဂါျဖစ္ရတာက ျခင္ ေဆးေခြထြန္းတာ အဓိကအ ေၾကာင္းအရင္းျဖစ္ပါတယ္။ တစ္ ရက္တည္းနဲ႔ ျခင္ေဆးေငြ႕ေတြ ကို အၾကာႀကီးရွဴမိရင္လဲ အ သက္ အႏၲရာယ္ျဖစ္ႏိုင္သလို ေန႔စဥ္ရွဴရင္လဲ ေရရွည္ အဆိပ္ သင့္ၿပီး အသက္ အႏၲရာယ္ျဖစ္ ႏိုင္ပါတယ္။ က်န္းမာေရးဌာန အေနနဲ႔ ျခင္ေဆးေခြထြန္းတာ ကိုလုံးဝအားမေပးပါဘူး။ ကန႔္ ကြက္ပါတယ္””ဟု က်န္းမာေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး (ေရာဂါႏွိမ္နင္းေရး) ေဒါက္တာ သာထြန္းေက်ာ္က ထုတ္ ေဖာ္ ေျပာ ၾကားလိုက္သည္။

ျခင္ေဆးေခြတြင္ မ်ားေသာ အားျဖင့္ ျခင္မ်ားေျပးေစရန္ ႏွင့္ ျခင္မ်ားေသေစရန္ Pyrethroid အုပ္စုမွ Permethrin ပိုးသတ္ေဆးမ်ားကို အမ်ားဆုံး အသုံးျပဳရၿပီး တခ်ိဳ႕ေသာျခင္ ေဆးေခြမ်ားမွာ Deltamethrin ပိုးသတ္ေဆးကို အသုံးျပဳ ၾက ေၾကာင္း၊ ျဖစ္ႏိုင္ပါက ျခင္ေဆး ေခြကိုလုံးဝမထြန္းဘဲ အႏၲရာယ္ မရွိေသာ ျခင္ေျပးေစသည့္မီး သီး၊ မီးေခ်ာင္း၊ ျခင္ေျပးစက္၊ ျခင္လုံဆန္ခါ စသည့္တျခား ေသာ နည္းလမ္းမ်ားကိုသာအ သုံးျပဳသင့္ေၾကာင္း၊ ျခင္မကိုက္ ရန္အတြက္ လိမ္း ေသာ လိမ္းေဆးမ်ားကို ပိုးသတ္ေဆးမ်ား ပါဝင္ပါက အေရျပားမွတစ္ဆင့္ စိမ့္ဝင္ႏိုင္သျဖင့္ ေရရွည္အသုံး မျပဳသင့္ေၾကာင္း သိရသည္။Credit : Yangon Media Group







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031