ကမ္ဘောဒီးယားကပြန်လာသူ ၄ ရက်ဆက်တိုက်ဖျားနေသဖြင့် မြောင်းမြဆေးရုံတွင်စောင့်ကြည့်




ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ကမ္ဘောဒီးယားနိုင်ငံကပြန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူလူနာ အမျိုးသားတစ်ဦးက ကိုယ်တိုင်ဆေးရုံကို လာရောက်ပြသတဲ့အတွက် သံသယလူနာအဖြစ် စောင့်ကြည့်နေတယ်လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ “သူက ၂၃ ရက်နေ့က ပြန်လာတာ။ ဖျားနာတာလို့ ဆေးရုံလာပြတာ။ ခုတော့ စောင့်ကြည့်တာတွေ ပြုလုပ်ထားပြီး ဓာတ်ခွဲအတည်ပြုဖို့ သက်ဆိုင်ရာဌာနတွေကို ပို့ထားပါပြီ” လို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ခုလ ၂၃ ရက်နေ့ကပြန်လာပြီး ဖျားနာတာ ၄ ရက် ဆက်တိုက်ဖြစ်လာလို့ ဆေးရုံကိုလာပြတာဖြစ်ပါတယ်။ သံသယလူနာဟာ ဖျားနားပြီး ကိုယ်ပူတာကလွဲလို့ လည်ချောင်းနာတာမျိုးတော့မရှိဘူးလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မြောင်းမြခရိုင်ဆေးရုံကြီးကို အဆိုပါသံသယလူနာလာပြချိန်မှာ ဆေးရုံဝန်ထမ်းတွေက အကာအကွယ်အပြည့်အစုံ မဝတ်ထားမိတဲ့အတွက် ဆေးရုံဝန်ထမ်း ၃ ဦးကိုလည်း သီးသန့်ခွဲထားရပါတယ်။

လောလောဆယ် လူနာက ဒီရောဂါဖြစ်တတ်တဲ့နိုင်ငံတွေက ပြန်လာတာဖြစ်တဲ့အတွက် လိုအပ်တဲ့ကုသမှုတွေပေးထားပြီး စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်လို့ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောပါတယ်။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိတာ ပထမဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ လူနာကို သီးသန့်အဆောင်မှာထားပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဒီကနေ့အထိကိုရိုနာ ဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာ ၉၆ ဦး ရှိနေပြီး သေဆုံးသူတော့ မရှိသေးပါဘူး။DVB TV News

ကေမၻာဒီးယားကျပန္လာသူ ၄ ရက္ဆက္တိုက္ဖ်ားေနသျဖင့္ ေျမာင္းျမေဆး႐ုံတြင္ေစာင့္ၾကည့္

ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕နယ္မွာ ကေမၻာဒီးယားနိုင္ငံကျပန္လာတဲ့ ကိုရိုနာဗိုင္းရပ္စ္ သံသယရွိသူလူနာ အမ်ိဳးသားတစ္ဦးက ကိုယ္တိုင္ေဆး႐ုံကို လာေရာက္ျပသတဲ့အတြက္ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ေနတယ္လို႔ ေျမာင္းျမခရိုင္ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။ “သူက ၂၃ ရက္ေန႔က ျပန္လာတာ။ ဖ်ားနာတာလို႔ ေဆး႐ုံလာျပတာ။ ခုေတာ့ ေစာင့္ၾကည့္တာေတြ ျပဳလုပ္ထားၿပီး ဓာတ္ခြဲအတည္ျပဳဖို႔ သက္ဆိုင္ရာဌာနေတြကို ပို႔ထားပါၿပီ” လို႔ ေျမာင္းျမခရိုင္ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ႏွစ္ဆန္းဦးက ဒီဗြီဘီကို ေျပာပါတယ္။

ေျမာင္းျမၿမိဳ႕၊ အမွတ္ ၂ ရပ္ကြက္မွာေနထိုင္တဲ့ အသက္ ၃၈ ႏွစ္အရြယ္ အမ်ိဳးသားဟာ ကေမၻာဒီးယားနိုင္ငံကေန ခုလ ၂၃ ရက္ေန႔ကျပန္လာၿပီး ဖ်ားနာတာ ၄ ရက္ ဆက္တိုက္ျဖစ္လာလို႔ ေဆး႐ုံကိုလာျပတာျဖစ္ပါတယ္။ သံသယလူနာဟာ ဖ်ားနားၿပီး ကိုယ္ပူတာကလြဲလို႔ လည္ေခ်ာင္းနာတာမ်ိဳးေတာ့မရွိဘူးလို႔ ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။ ေျမာင္းျမခရိုင္ေဆး႐ုံႀကီးကို အဆိုပါသံသယလူနာလာျပခ်ိန္မွာ ေဆး႐ုံဝန္ထမ္းေတြက အကာအကြယ္အျပည့္အစုံ မဝတ္ထားမိတဲ့အတြက္ ေဆး႐ုံဝန္ထမ္း ၃ ဦးကိုလည္း သီးသန႔္ခြဲထားရပါတယ္။

ေလာေလာဆယ္ လူနာက ဒီေရာဂါျဖစ္တတ္တဲ့နိုင္ငံေတြက ျပန္လာတာျဖစ္တဲ့အတြက္ လိုအပ္တဲ့ကုသမႈေတြေပးထားၿပီး ေစာင့္ၾကည့္တဲ့အေနအထားျဖစ္တယ္လို႔ ေျမာင္းျမၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဆြက ေျပာပါတယ္။ ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕မွာ ကိုရိုနာဗိုင္းရပ္စ္ သံသယလူနာေတြ႕ရွိတာ ပထမဆုံးျဖစ္ၿပီး လက္ရွိအခ်ိန္မွာ လူနာကို သီးသန႔္အေဆာင္မွာထားၿပီး ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ ကေမၻာဒီးယားနိုင္ငံမွာ ဒီကေန႔အထိ ကိုရိုနာ ဗိုင္းရပ္စ္ေရာဂါ အတည္ျပဳလူနာ ၉၆ ဦး ရွိေနၿပီး ေသဆုံးသူေတာ့ မရွိေသးပါဘူး။DVB TV News







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031