မလှိုင်မြို့နယ်တွင် ထိုင်းကပြန်လာသည့် မိခင်နှင့် ကလေး ၃ ဦးဖျားနာနေ




မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆုံတွင်းအုပ်စု၊ မကျီးပင်ပုရွာမှာ ထိုင်းနိုင်ငံကပြန်လာတဲ့ မိခင်နဲ့ ကလေး ၃ ဦး ဖျားနေတာကြောင့် နေအိမ်မှာ ၁၄ ရက်ထား စောင့်ကြည့်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက မတ် ၂၅ ရက်နေ့မှာ ပြောပါတယ်။ မကျီးပင်ပုရွာအုပ်ချုပ်ရေးမှူး ဒေါ်ဌေးက “မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကတော့ သာမန်ဖျားနာတာလို့ ဆိုတယ်၊ ရွာအိမ်မှာပဲ ၁၄ ရက် စောင့်ကြည့်ခိုင်းတယ်။ အိမ်ထဲက မထွက်ပါနဲ့ လိုတာရှိရင် ဖုန်းဆက်ပါလာလုပ်ပေးပါ့မယ် ပြောထားတယ်။ ရွာသူရွာသားအချင်းချင်း ပြန်တားမြစ်နေရတာခက်ခဲတယ်။ မြို့နယ်မှာ ၁၄ ရက် စောင့်ကြည့်ရင်ပိုကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။

မလှိုင်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာကောင်းရှန်က “မိသားစု ၄ ဦး သာမန်ဖျားနာတာပါ။ ရွာမှာပဲ ထားပါတယ်။ ကျေးလက်ကျန်းမာရေးဝန်ထမ်းနဲ့ ရွာခွဲအုပ်ချုပ်ရေးမှူးကိုလည်း သေသေချာချာ မှာကြားထားပါတယ်။ ထူးခြားလာရင် သတင်းထုတ်ပြန်ပေးပါမယ်၊ အခုထိတော့ စိုးရိမ်စရာမရှိသေးပါဘူး “လို့ ပြောပါတယ်။ အဆိုပါ မိသားစု ၄ ဦးဟာ ထိုင်းနိုင်ငံကနေ မတ် ၁၃ ရက်က ပြန်လာကြတာဖြစ်ပြီး မတ် ၂၄ ရက်က ဖျားနာနေလို့ ဗလငါးတန်ပရဟိတအသင်းနဲ့ ပူးပေါင်းပြီး မလှိုင်ဆေးရုံကိုပို့ပေးခဲ့တာလို့ မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်အသင်း ဦးကျော်ကိုကိုက ပြောပါတယ်။ မကျီးပင်ပုရွာဟာ အိမ်ခြေ ၂၈၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်တဲ့ရွာတရွာ ဖြစ်ပါတယ်။DVB TV News

မလွိုင္ၿမိဳ႕နယ္တြင္ ထိုင္းကျပန္လာသည့္ မိခင္ႏွင့္ ကေလး ၃ ဦးဖ်ားနာေန

မႏၲေလးတိုင္း၊ မလွိုင္ၿမိဳ႕နယ္၊ ဆုံတြင္းအုပ္စု၊ မက်ီးပင္ပုရြာမွာ ထိုင္းနိုင္ငံကျပန္လာတဲ့ မိခင္နဲ႔ ကေလး ၃ ဦး ဖ်ားေနတာေၾကာင့္ ေနအိမ္မွာ ၁၄ ရက္ထား ေစာင့္ၾကည့္ေနတယ္လို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးက မတ္ ၂၅ ရက္ေန႔မွာ ေျပာပါတယ္။ မက်ီးပင္ပုရြာအုပ္ခ်ဳပ္ေရးမႉး ေဒၚေဌးက “မလွိုင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကေတာ့ သာမန္ဖ်ားနာတာလို႔ ဆိုတယ္၊ ရြာအိမ္မွာပဲ ၁၄ ရက္ ေစာင့္ၾကည့္ခိုင္းတယ္။ အိမ္ထဲက မထြက္ပါနဲ႔ လိုတာရွိရင္ ဖုန္းဆက္ပါလာလုပ္ေပးပါ့မယ္ ေျပာထားတယ္။ ရြာသူရြာသားအခ်င္းခ်င္း ျပန္တားျမစ္ေနရတာခက္ခဲတယ္။ ၿမိဳ႕နယ္မွာ ၁၄ ရက္ ေစာင့္ၾကည့္ရင္ပိုေကာင္းမယ္ ထင္တယ္” လို႔ ေျပာပါတယ္။

မလွိုင္ျပည္သူ႔ေဆး႐ုံ လက္ေထာက္ဆရာဝန္ ေဒါက္တာေကာင္းရွန္က “မိသားစု ၄ ဦး သာမန္ဖ်ားနာတာပါ။ ရြာမွာပဲ ထားပါတယ္။ ေက်းလက္က်န္းမာေရးဝန္ထမ္းနဲ႔ ရြာခြဲအုပ္ခ်ဳပ္ေရးမႉးကိုလည္း ေသေသခ်ာခ်ာ မွာၾကားထားပါတယ္။ ထူးျခားလာရင္ သတင္းထုတ္ျပန္ေပးပါမယ္၊ အခုထိေတာ့ စိုးရိမ္စရာမရွိေသးပါဘူး “လို႔ ေျပာပါတယ္။ အဆိုပါ မိသားစု ၄ ဦးဟာ ထိုင္းနိုင္ငံကေန မတ္ ၁၃ ရက္က ျပန္လာၾကတာျဖစ္ၿပီး မတ္ ၂၄ ရက္က ဖ်ားနာေနလို႔ ဗလငါးတန္ပရဟိတအသင္းနဲ႔ ပူးေပါင္းၿပီး မလွိုင္ေဆး႐ုံကိုပို႔ေပးခဲ့တာလို႔ မ်ိဳးဆက္သစ္ျမတ္ပါရမီေသြးလႉရွင္အသင္း ဦးေက်ာ္ကိုကိုက ေျပာပါတယ္။ မက်ီးပင္ပုရြာဟာ အိမ္ေၿခ ၂၈၀ ေက်ာ္နဲ႔ လူဦးေရ ၁၀၀၀ ေက်ာ္ ေနထိုင္တဲ့ရြာတရြာ ျဖစ္ပါတယ္။DVB TV News







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031