data-language="en">

မကွေးမြို့နယ် ယင်းဆိပ်ရွာတွင် သစ်ပင်ပိပြီး လူ ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ယင်းဆိပ်ကျေးရွာမှာ မေ ၁၁ ရက် ညနေ ၆ နာခွဲလောက်က မိုးသက်လေပြင်းကျရောက်ကာ တဲပေါ်ကို သစ်ပင်လဲကျပိမိပြီး မိုးခိုနေတဲ့ အမျိုးသား ၂ ဦးသေဆုံးကာ ၂ ဦး ဒါဏ်ရာရှိသွားပါတယ်။

ရောင်စုံမေတ္တာ လူမှုကူညီရေး အသင်းဝင် ကိုဇော်ဇော်နိုင်က “ယာထဲမှာ အလုပ်လုပ်နေရင်း မိုးသက်လေပြင်းကျလာလို့ အိမ်ထဲဝင်တုန်း သစ်ပင်ပိတာလို့ ပတ်ဝန်းကျင်က ပြောပါတယ်။ ရောင်စုံမေတ္တာ အဖွဲ့ရောက်သွားတော့တော့ နှစ်ယောက်ပဲ အသက်ရှင်ကာ၊ တစ်ယောက်က ခြေကျိုးပြီး တစ်ယောက်က လက်ကျိုးသွားတယ်”လို့ ပြောပါတယ်။

ဒဏ်ရာရသူ နှစ်ဦးကို ပရဟိတ မော်တော်ယာဉ်နဲ့ မကွေးဆေးရုံကြီးသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး သစ်ပင်ပိ သေဆုံးနေသူရဲ့ အလောင်းတွေကိုတော့ ရင်ခွဲရုံသို့ ည ၁၀ နာရီခွဲ လောက်မှာ ပို့ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

သစ်ပင်ပိတဲ့နေရာကို ရောင်စုံမေတ္တာပရဟိတ၊ KS ပရဟိတ၊ မီးသတ်တပ်ဖွဲ့နဲ့ နာရေးကူညီမှုအသင်းတွေက မော်တော်ယာဉ်တွေ ရောက်ရှိကူညီခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသခံတွေ ပူးပေါင်းကူညီခဲ့ကြပါတယ်။

သတင်း-မင်းထီး / DVB TV News

From D Nae Khit Media

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ ယင္းဆိပ္ေက်း႐ြာမွာ ေမ ၁၁ ရက္ ညေန ၆ နာခြဲေလာက္က မိုးသက္ေလျပင္းက်ေရာက္ကာ တဲေပၚကို သစ္ပင္လဲက်ပိမိၿပီး မိုးခိုေနတဲ့ အမ်ိဳးသား ၂ ဦးေသဆုံးကာ ၂ ဦး ဒါဏ္ရာရွိသြားပါတယ္။

ေရာင္စုံေမတၱာ လူမႈကူညီေရး အသင္းဝင္ ကိုေဇာ္ေဇာ္ႏိုင္က “ယာထဲမွာ အလုပ္လုပ္ေနရင္း မိုးသက္ေလျပင္းက်လာလို႔ အိမ္ထဲဝင္တုန္း သစ္ပင္ပိတာလို႔ ပတ္ဝန္းက်င္က ေျပာပါတယ္။ ေရာင္စုံေမတၱာ အဖြဲ႕ေရာက္သြားေတာ့ေတာ့ ႏွစ္ေယာက္ပဲ အသက္ရွင္ကာ၊ တစ္ေယာက္က ေျခက်ိဳးၿပီး တစ္ေယာက္က လက္က်ိဳးသြားတယ္”လို႔ ေျပာပါတယ္။

ဒဏ္ရာရသူ ႏွစ္ဦးကို ပရဟိတ ေမာ္ေတာ္ယာဥ္နဲ႔ မေကြးေဆး႐ုံႀကီးသို႔ အလ်င္အျမန္ ပို႔ေဆာင္ခဲ့ၿပီး သစ္ပင္ပိ ေသဆုံးေနသူရဲ႕ အေလာင္းေတြကိုေတာ့ ရင္ခြဲ႐ုံသို႔ ည ၁၀ နာရီခြဲ ေလာက္မွာ ပို႔ေဆာင္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

သစ္ပင္ပိတဲ့ေနရာကို ေရာင္စုံေမတၱာပရဟိတ၊ KS ပရဟိတ၊ မီးသတ္တပ္ဖြဲ႕နဲ႔ နာေရးကူညီမႈအသင္းေတြက ေမာ္ေတာ္ယာဥ္ေတြ ေရာက္ရွိကူညီခဲ့ၾကၿပီး ရဲတပ္ဖြဲ႕နဲ႔ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြ၊ ေဒသခံေတြ ပူးေပါင္းကူညီခဲ့ၾကပါတယ္။

သတင္း-မင္းထီး / DVB TV News

From D Nae Khit Media