data-language="en">

မောင်နှမ နှစ်ယောက် ရက်စက်တဲ့ဖခင် ယုတ်မာတဲ့ မိထွေး ရင်ကွဲနာကျနေတဲ့ဆရာမ သတိမေ့သွားတဲ့ မိခင်

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ကလေး ၂ ယောက် အမေဟာ သူမကိုယ်သူမ မှန်ထဲ ပြန်ကြည့်လိုက်တယ်…။

သူမကိုယ်လုံးကိုယ်ပေါက်ဟာ အပျိုဘဝကလို မလှပနိုင်တော့…။

တဖြည်းဖြည်းတက်လာတဲ့အဆီတွေ ဘယ်လိုလုပ်ရပါ့…။

ကလေးနှစ်ယောက်အတွက် တာဝန်ကျေပွန်အောင်ပြုစုရင်း… ယောက်ျားကို ဟင်းကောင်းကောင်း ချက်ပြုတ်ပေးရင်း… အိမ်ကို အလှဆုံးဖြစ်အောင်ပြင်ဆင်ရင်း… အိမ်မှုရေးရာသိပ်တော်တဲ့ အိမ်ရှင်မကောင်း မိခင်ကောင်းဖြစ်အောင်ကြိုးစားရင်း…

သူမကိုယ်သူမ အလှမပျက်အောင် ဂရုမစိုက်နိုင်ခဲ့….။

ဒီအားနည်းချက်တစ်ခုနဲ့ပဲ…သူမဘဝရဲ့ အဆိုးဆုံးနေ့တွေစ တင်ခဲ့ရတယ်….။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့ ယောက်ျားက အခြားမိန်းမနဲ့ ဖောက်ပြန်တယ်။

ပထမတော့ ယောက်ျားက မိန်းမအသစ်နဲ့ သူမ မသိအောင် ချိန်းတွေ့တယ်။ ဖုန်းမက်ဆေ့ချ်တွေပို့တယ်…။

” မောင် အခြားမိန်းမနဲ့ဖောက်ပြန်နေသလား…”.. လို့မေးလိုက်တယ်။

ယောက်ျားက

” မင်းရုပ်မင်းပြန်ကြည့်ဦး .. ဖောက်ပြန်တဲ့ငါ အပြစ်လား..?” ..တဲ့….။

ဒီလို သူမပွင့်ပွင့်လင်းလင်း ဖွင့်မေးလိုက်တော့ ယောက်ျားက သူ့ရည်းစားနဲ့ ပွင့်ပွင့်လင်းလင်းတွဲတယ်…။

သူမကို ဂရုမစိုက် သူမအရှေ့မှာ ဖုန်းဆက်တယ်။

ကလေးနှစ်ယောက်မွေးပေးထားတဲ့ကလေးတို့မေမေကို လေးစားတန်ဖိုးထားတတ်တဲ့ ယောက်ျားတွေထဲ သူမယောက်ျားမပါခဲ့…။

ဆိုးတူ ကောင်းဖက် သစ္စာရှိရှိနေခဲ့တာတွေ ဘာတွေ…အရေးမပါတော့ဘူးလေ …။

ယောက်ျားဟာ အိမ်က အလှပျက်လာတဲ့ အိမ်ကမိန်းမကို စွန့်ပစ်ချင်ပြီပေါ့….။

ရည်းစားထားလို့အားမရ အိမ်ထောင်ကွဲပေးဖို့ပြောလာတယ်။ သူမက ငြင်းတော့ ကိုယ်ထိလက်ရောက်စော်ကားလာတယ်။

သူမဟာ သမီးနဲ့သားလေး အမိမဲ့ အဖမဲ့ ဖြစ်မှာစိုးလို့ အကြိမ်ကြိမ် တောင်းပန်တယ်။

ယောက်ျားက လက်မခံတော့ဘူး…။ သူမကို အမျိုးမျိုးခြိမ်းခြောက်ပြီးကွဲခိုင်းတယ်။ ဒီလိုနဲ့ သူတို့ နှစ်ဦး တရားရုံးကိုရောက်လာတယ်…။

သူမ နိုင်ငံက ဥပဒေတွေကိုလည်း သူမ မုန်းခဲ့ပြီ…။ သူမ ယောက်ျား ကဝင်ငွေကောင်းတယ်လေ…။ တစ်လကို သိန်း ၅၀ ဝင်ငွေရှိတယ်။

ကလေးနှစ်ယောက်ကိုပြုစုနေလို့ အလုပ်ထွက်မလုပ်နိုင်တဲ့ သူမ….။ တရားဝင် ဝင်ငွေကမရှိ….။

အလုပ်လက်မဲ့ဆိုပြီး တရားသူကြီးက သူမကို ကလေးတွေ စောင့်ရှာက်ခွင့်မပေးခဲ့….။

သူမဟာ ရ ရာအလုပ်ဝင်လုပ်ပြီးကလေးတွေကိုကျွေးမွေးမယ်လို့ အကြိမ်ကြိမ်တောင်းပန်ရှာတယ်…။

ဒါပေမဲ့ အချည်းနှီးပါပဲ…။

ဒီလိုနဲ့ အမှုပြီးသွားတယ်။ယောက်ျားဟာ ကလေးတွေ ခေါ်သွားတယ်…။သူမ ဘဝပျက်သွားတယ်…။

ကလေးတွေက ယောက်ျားကခေါ်သွားတာချစ်လွန်းလို့တော့မဟုတ်ဘူး…။ သူမကို ကလေးစရိတ်ထောက်ပံရမှာစိုးလို့ လေ..။

လောကကြီးက သူမကို ရက်စက်ပေပြီ…။

အခုတော့….သူမဘဝ …သူမ နံဘေးမှာ တယောက်မှမရှိတော့ဘူး…။

သမီးလေးက သူမဆံပင်တွေကို လက်နဲ့ သပ်ပြီး နောက်ဆုံးပြောခဲ့တယ်။

“အမေ မငိုနဲ့နော်…”

သားလေးက“ဟုတ်တယ် အမေ ငိုရင် ခရစ်စမတ်ဘိုးဘိုးကြီးက အမေ့ကို လက်ဆောင်ပေးမှာမဟုတ်ဘူး…”

ခရစ်စမတ်ဘိုးဘိုးကြီးလက်ဆောင်လိုချင်လို့ မငိုပဲအားတင်းထားတဲ့သမီးနဲ့သားလေးကတော့ မျက်ရည်တွေနဲ့…။

ဟုတ်ပါတယ်…သူမ အနားမှာ ဘယ်သူမှမရှိတော့ပါဘူး…။

တရားသူကြီးက သူမနဲ့ကလေးတွေကို ၂ ပတ်တစ်ခါပဲ တွေ့ခွင့်ပေးပါတယ်..။

ယောက်ျားဟာ သူမကို ထပ်ပြီး ကောက်ကျစ် ယုတ်မာပြန်တယ်။

သူမနဲ့ကလေးတွေကို ပေးတွေ့ရတာ အလုပ်ရှုပ်လို့ သူမဖုန်းဆို မကိုင်တော့ပါဘူး။

အိမ်ကိုလည်းပြောင်းပစ်လိုက်တယ်။

ယောက်ျား ဘယ်မှာနေလဲဆိုတာလည်း သူမ မသိတော့ဘူး…။

သူမဟာ ကလေးတွေကိုလွမ်းတဲ့စိတ်နဲ့ ရူးမတတ်ခံစားနေရတယ်။

၂၀၁၃ ခုနှစ် ၈ လပိုင်း

မောင်နှစ်မနှစ်ယောက်ခံစားချက်လည်း မိခင်နဲ့ မခြားနားပါပဲ….

တစ်ကိုယ်ကောင်းဆန်တဲ့ ယောက်ျားကြောင့်ဘဝတွေ ပျက်ပြီ…။

ရှင်း ဝမ် ယောင်း ဆို( Shin Won Yong )ဆိုတဲ့ သားလေးက အသက် ၅ နှစ်အရွယ်ပဲရှိသေးတယ်…။သမီးလေးကတော့ အသက် ၈ နှစ်အရွယ်…။

မောင်နှမ နှစ်ယောက်ဟာ အဲဒီနေ့ကစပြီး မိထွေးနဲ့နေလိုက်ရတာပေါ့…။

မောင်နှမနှစ်ယောက်လုံးကို အဖေနဲ့ မိထွေးဟာစပြီးနှိပ်စက်တော့တယ်…။

သူတို့ နေ့တိုင်းအရိုက်ခံရတယ်လေ..။

၂၀၁၄ ခုနှစ် ၃ လပိုင်း

သူတို့ဟာ မောင်နှမနှစ်ယောက်ကို ကလေးစောင့်ရှောက်ရေးဌာနကိုပို့ပြီး စာသင်ခိုင်းတယ်။

အဲဒီမှာ ကလေးများပြုစုစောင့်ရှောက်ရေးက ကလေးတွေကို စာပြပေးရတဲ့ ဆရာမနဲ့ မောင်နှမနှစ်ယောက် စတွေ့ကြတာပေါ့…။

ပထမနေ့မှာပဲ ဆရာမက ထမင်းကျွေးတော့ ကလေးတွေဟာ ထမင်းခဏ ခဏ ထပ်တောင်းနေတာကြည့်ပြီး ဆရာမက အံသြနေခဲ့တယ်..။

နောက်နေ့တွေမှာ …ဆရာမကချော့မေးတော့ ကလေးနှစ်ယောက်က ဒီလိုပြောကြတယ်….။

“ဆရာမဆီလာရတာ သမီးတို့ အပျော်ဆုံးပါပဲ…။”

“သမီးတို့ အမြဲ ဗိုက်ဆာတယ်.. မိထွေးက ထမင်း မကျွေးဘူး ဆရာမ..။”

“သမီးထမင်းမချက်တတ်ဘူး။ မောင်လေးက ပိုဆိုးပေါ့..။”

“သမီးတို့ ဗိုက်ဆာတယ်ပြောရင် ဝရန်တာကို ထုတ်ပြီး တချိန်လုံးရပ်ခိုင်းတယ်..။”

ဒါတွေကြားရတဲ့ဆရာမဟာ ရင်တွေပူလာတယ်….။ အခုတစ်လော ကလေးနှိပ်စက် သတ်ပစ်တာတွေ ရုပ်မြင်သံကြား သတင်းတွေထဲမကြာခဏကြားနေရတယ်လေ။

“ဒီမောင်နှမကို တော့ ငါကယ်မှ..”လို့ ဆရာမ ဆုံးဖြတ်လိုက်တယ်။

“ကလေးတွေ အများကြီးထဲက ရှင်း ဝမ် ယောင်း ဆိုတဲ့ကလေးနဲ့ သူ့အစ်မကို စတွေ့ကတည်းက ကျွန်မ အလွန်သနားမိတယ်…”

ဆရာမဟာ သနားစိတ်နဲ့ သူတို့ကို အခြားကလေးတွေထက်ကို ပိုပြီးချစ်မိသွားတယ်။

ဆရာမဟာ ရှင်းတို့မောင်နှမကို ကူညီချင်လို့ သူတို့ ကိုယ်ရေးကိုယ်တာမှတ်တမ်းကိုသက်ဆိုင်ရာက တောင်းကြည့်ခဲ့တယ်။

ကလေးတို့ရဲ့ အဖေနဲ့အမေဟာ တရားဝင်ကွာရှင်းခဲ့ကြတဲ့အကြောင်း..။ ရှင်းအဖေဟာ ကင်မ်ဆိုတဲ့ နောက်မိန်းမနဲ့ လက်ထပ်ထားခြင်းမရှိပေမဲ့ ရှင်းတို့မောင်နှမ ၂ ယောက်နဲ့ အတူတူနေထိုင်တဲ့အကြောင်း….။

“ကလေးရိုက်တဲ့ မိထွေးနဲ့ ကလေးတို့အဖေ မြန်မြန် ကွဲပါစေ..”

ဆရာမ ဆုတောင်းလိုက်တယ်။ဆုတောင်းရုံကလွဲပြီး…။

၂၀၁၄ ခုနှစ် ၇ လပိုင်း

ဆရာမ ဆုတောင်းမပြည့်…။

ရှင်းအဖေနဲ့ မိထွေးကင်မ်ဟာ တရားဝင်လက်ထပ်လိုက်ကြတယ်…။

ဆရာမကဒီလိုပြောတယ်။

“မောင်နှမ နှစ်ယောက်စလုံး ဆောင်းရာသီမှာ အင်္ကျီပါးပါးလေးတွေနဲ့ တုန်ရင်နေပြီး ကျောင်းကိုလာတယ်..။”

“အင်္ကျီတွေကလဲ ညစ်ပတ် နံစော်နေတာပဲ…။”

ရှင်းမောင်နှမ အမြဲပြောတဲ့စကား…

“ဗိုက်ဆာတယ် ဆရာမ….”

“အခြားကလေးတွေနဲ့ ရန်ဖြစ်ရင် ကောင်လေးရှင်းဟာ ငိုပဲငိုတယ်.. ဘာမှ ပြန်မပြောရဲ… ။ သတ္တိမရှိ…။”

တနေ့ ကလေးလေး ၂ ယောက်ဟာ ထီးမပါ မိုးရေထဲ အိမ်ပြန်သွားတယ်..။

ဆရာမ သည်းမခံနိုင်တော့ဘူး။သူ့မိဘတွေကို ဖုန်းခေါ်လိုက်တယ်..။မိထွေးကဖုန်းကိုင်တယ်..။

“ကလေးတွေက အမြဲပဲ ဗိုက်ဆာနေတယ်ရှင့်.. ထမင်း ဂရုစိုက်ကျွေးစေချင်တယ်။ ဒီနေ့လဲ ထီးမရှိလို့ မိုးရေထဲ လမ်းလျှောက်ပြန်သွားတယ်..။ ကလေးတွေကို ဂရုမစိုက်တာ အတော် တရားလွန်နေပြီ…”

ဆရာမ စိတ်ဆိုးဆိုးနဲ့ပြောလိုက်တယ်…။

“ကျွန်မလည်း ထီးအမြဲဝယ်ပေးနေတာပဲ.. ပျောက်တာ ဘယ်လို တတ်နိုင်မလဲ…?”

မိထွေးက ရှင်းအဖေကို ဘာတွေ တိုင်တန်းလိုက်လဲမသိ… ။ ရှင်းအဖေဟာ ဒေါသတကြီးနဲ့ ဆရာမဆီ ဖုန်းဆက်လာတယ်။

” ခင်ဗျားတို့တတွေ စကားပြောဆင်ခြင်ကြ.. ဒီကလေးကို သူ့အမေ အရင်းကတောင် ထမင်းမကျွေးတာ ကျွန်တော့် မိန်းမအသစ်စက်စက်က ဘာလို့ ကျွေးရမလဲဗျ… ”

“နောက်တစ်ခါ ကျွန်တော့်မိန်းမကို တစ်ခုခုထပ်ပြောရင် ခင်ဗျားတို့ မလွယ်ဘူးမှတ်…”

“ဟင်..?!?”

ဆရာမ ငိုချလိုက်ရမလိုဖြစ်သွားတယ်…။

“အဖေမှဟုတ်ရဲ့လား…? ရူးများနေသလား..?”

နောက်နေ့ကျတော့ သူတို့ကလေး ၂ ယောက်ကို ဆရာမဆီ မပို့တော့ဘူး…။

ဆရာမဟာ ကလေး ကျန်းမာရေးကို စစ်ဆေးဖို့လိုအပ်တယ်လို့ အကြောင်းပြပြီး ကလေးတွေကို တွေ့ဖို့ကြိုးစားပြန်တယ်။

ဆရာမနဲ့ အခြားဝန်ထမ်းတွေ သွားတဲ့အခါတိုင်း မိထွေးကတံခါးမဖွင့်ပေးဘူး။

စိုးရိမ်စိတ်နဲ့ ဆရာမဟာ နောက်ဆုံး ရဲစခန်းကို တိုင်လိုက်တော့တယ်။

“ကျုပ်ကလေးကို ကျုပ်တို့ ကျွေးမွေးနိုင်တယ်.. ခင်ဗျားတို့မလိုဘူူး…ရဲတွေလဲမလိုဘူး”

အဲဒီနေ့က စပြီး ဆရာမတွေ ရှင်းတို့ မောင်နှမကို လုံးဝ တွေ့ဆုံခွင့်မရတော့ဘူး။

၂၀၁၅ ခုနှစ် ၄ လပိုင်း

အဖွားဖြစ်သူ (ရှင်း ဖခင်ရဲ့မိခင်) ဟာ သမီးအကြီးလေးကိုသနားလွန်းလို ခေါ်ထုတ်သွားတော့တယ်..။ သမီး မိန်းကလေးဆိုတော့ စိုးရိမ်တာလည်းပါတာပေါ့…။

မောင်နှမနှစ်ယောက်လုံးကို တာဝန်ယူဖို့ကျတော့ အဖွားခင်မျာ မတတ်နိုင်…။

သားလေး ရှင်း တစ်ယောက်ထဲ အဲဒီအိမ်မှာ မျက်နှာငယ်ငယ် ကျန်ရစ်ခဲ့ရတယ်…။

ဆရာမတွေဟာ ရှင်းအတွက် အခုမှ ပိုပြီး စိုးရိမ်သောကရောက်ရတော့တယ်။

ဥပဒေအရ မိဘခွင့်ပြုချက်မရရင် ကလေးကို အတင်းစောင့်ရှောက်လို့မရပါဘူး။ ဖခင်နဲ့မိထွေးဟာ ကလေးကို ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်းက ထုတ်ပစ်လိုက်ပြီလေ…။

ဆရာမဟာ ရှင်းအိမ်နားကို မယောင်မလည်သွားပြီး တွေ့ရလေမလား ကြည့်ရတာအမော…။

ရက်တွေသာကြာလာတယ်…အရိပ်အယောင်တောင်မတွေ့ရ…။

ဆရာမအသစ်တစ်ယောက်ကို မိထွေးဆီဖုန်းထပ်ဆက်ခိုင်းတယ်..။

“ကျွန်မ ရှင်းအတွက် စာအုပ်လက်ဆောင်ပေးချင်လို့ပါ…”

မိထွေးပြောတဲ့စကားက …

“ကျေးဇူး…တိုက်ခန်း အစောင့်ကိုပေးထားခဲ့ပါ..”

ဆရာမက ဖုန်းထပ်ဆက်တော့ မိထွေးဆီက ဖုန်းမက်ဆေ့ချ်ပို့လာတယ်။

” ကလေးကို ဂရုစိုက်တာ ကျေးဇူးတင်ပေမယ့် အပိုတွေ သရုပ်ဆောင်ပြနေတာ မလွန်လွန်းဘူးလားရှင့်…? ကလေး မွေးစားချင်ရင် တရားဝင်လာတောင်းပေါ့ရှင်..”…တဲ့…။

ရှင်းရဲ့မိခင်ကလည်း ဒီလို ရှင်း တစ်ယောက်ထဲ မိထွေးအိမ်မှာကျန်ရစ်တယ်ဆိုတာ သတင်းကြားလို့ အဖွားကတဆင့် စာပို့ရှာတယ်…။

“သားလေးကို ပြန်ပေးကြပါရှင်…တောင်းပန်ပါတယ်….”

ဒါပေမဲ့ ဖခင်နဲ့ မိထွေးက စာမပြန်….။

၂၀၁၆ ခုနှစ် ၁ လပိုင်း ၇ ရက်နေ့

ရှင်း အသက် ၇ နှစ်…မူလတန်းကျောင်းသားလေးဖြစ်လာတော့မယ်…။

ဖခင်က ရှင်း ကို ကျောင်းလာမအပ်….။ ဆရာမတွေဟာ ဖခင်ကို ဖုန်းဆက် မေးမြန်းကြတယ်….။

“ဪ… ကျွန်တော်တို့ တပတ်အကြာ အိမ်ပြောင်းမလို့ ဗျ…”

၂၀၁၆ ခုနှစ် ၃ လပိုင်း ၁ ရက်နေ့

ဆရာမတွေဟာ စောင့်ကြည့်နေကြတာပေါ့…။ နှစ်လအကြာ ကလေးငယ်ရှင်းကို ဘယ်ကျောင်းကိုမှ လာမအပ်တဲ့အခါ ပညာရေး အဖွဲ့အစည်းကနေ မင်္သကာဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ကြတယ်…။

အဲဒီတော့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာကြပြီး မိထွေးနဲ့ဖခင်ဖြစ်သူကို စစ်ဆေးကြတာပေါ့…။

အဲဒီတော့ မိထွေးက ဒီလိုပြောတယ်…

” အမှန်တော့….၂ လပိုင်း ၁၁ ရက်နေ့ထင်တယ် ..ကျွန်မ ယောက်ျားနဲ့ စကားများတယ်…။ ကျွန်မ သူ့ကလေးကို လမ်းပေါ်မှာတယောက်ထဲထားပစ်ခဲ့ပြီး ပြန်လာခဲ့ပါတယ်..ဘယ်ရောက်သွားမှန်းမသိတော့ဘူး ”

“ဗျာ..? ကလေးပျောက်တာ အရက် ၂၀ လောက်ရှိနေပြီ ပြန်မရှာကြဘူးလား..ရက်စက်ပါပေ့..”

ရဲထောက်လှမ်းရေးတွေက CCTVကို စစ်ဆေးကြတယ်။ မိထွေးနဲ့ ကလေးငယ်ရှင်း အပြင်ထွက်တာ မတွေ့ရ… CCTV မရှိတဲ့လမ်းတွေပဲ ရွေးသွားကြတာလား… မသင်္ကာစရာ…။

သူတို့ တစ်ခုခုတော့ လိမ်နေပြီ….။

ဖခင်ကတော့ ဒီလိုပြောတယ်…။

“ကလေးအိမ်မှာ မရှိဘူးဆိုတာ ကျုပ် သတိတောင်မထားမိဘူး.. အလုပ်များလို့ဗျာ..”…တဲ့..။

ရဲတပ်ဖွဲ့က လူပျောက်ကြော်ငြာထုတ်တော့တယ်…။ ကလေးငယ်ရှင်းကို အပူတပြင်းရှာဖွေကြတာပေါ့…။

အိမ်အနီးအနား တဝိုက်က ချောင်းထဲ… တောင်ကုန်းတွေ.. နေရာအနှံ့ ပိုက်စိတ်တိုက်ရှာကြတယ်။

၂၀၁၆ ခုနှစ် ၃ လပိုင်း ၁၀ ရက်နေ့

တောင်ကိုရီးယား – ဖျောင်းတက်( South Korea – Pyeong Taek )အလွန်အေးလှတဲ့ ဆောင်းရာသီအချိန်…။

အသက် ၇ နှစ်အရွယ် ကလေးငယ်လေးတစ်ယောက် အေးစိမ့်လှသော မြေကြီး ထဲမှာ အဝတ်မပါ သေဆုံးနေလေရော….။

အဲဒီကလေးလေးဟာ အရပ် ၁၂၁ စင်တီမီတာ၊ကိုယ်အလေးချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ အရိုးပေါ်အရေတင် ရှင်း ဝမ် ယောင်းလေးပေါ့…။

အဲဒီဖက် နယ်မြေက ရဲတွေက ဒီကလေးကို ‘ရှင်း’ မှန်းမသိကြသေးဘူး…။

ကလေးငယ်တစ်ယောက် တွေ့ရပြီး မြေအမြုပ်ခံရတာ တစ်လရှိပြီလို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။

ရဲထောက်လှမ်းရေးတွေက အလောင်းကို ဓာတ်ခွဲခန်း ပို့လိုက်တယ်…။

ကလေးငယ်လေးရဲ့ကိုယ်ခန္ဓာတစ်ခုလုံး အညို အမည်းစွဲနေရှာတယ်…။

ဦးခေါင်းပိုင်းမှာ အရေခွံတွေ ပျက်စီး စုတ်ပြဲနေတယ်…အဲဒီ အရေခွံအပိုင်းအား စစ်ဆေးလိုက်တော့ အစွန်းချွတ်ဆေးအပြင်းစားတစ်မျိုး ကြောင့် အသားအရည် လာင်ကျွမ်းနေတာဖြစ်ကြောင်း တွေ့ရတယ်။

နဖူးမှာလည်း ပေါက်ပြဲ ဒါဏ်ရာ တစ်ခုရထားသေးတယ်…။

ကလေးလေးရဲ့ အစာအိမ်ထဲတွင် အစာ တစ်စက်မှမရှိ…။ ကလေးငယ်ဟာ အရိုးပေါ် အရေတင်နေတယ်..။

ကလေးငယ်ရဲ့ နံရိုးတစ်ချောင်းလည်းကျိုးနေရာက အနည်းငယ်ပြန်ဆက်စပြုနေတယ်။

ထောက်လှမ်းရေးတွေဟာ “ကလေးအလောင်း တစ်လောင်း တောင်ပေါ်မှာတွေ့ရကြောင်း… မည်သူမည်ဝါ မသိရသေးကြောင်း..” သတင်းတွေမှာ ကြေငြာလိုက်တယ်။

အဲဒီသတင်းကို TV မှာ ရှင်းအဖေကတွေ့တော့ အတော့်ကို တုန်လှုပ်ခြောက်ခြားသွားတာပေါ့…။

ရှင်းရဲ့အဖေဟာ သူ့မိန်းမကိုပြောလိုက်တယ်…။

“သွားပြီ… သူတို့တွေ့သွားပြီ…လာမဖမ်းခင် အပြစ်ဝန်ခံရင် အပြစ်လျှော့တယ်ကြားတယ်အချစ်ရေ… မောင် ရဲစခန်းကို ဖုန်း ဆက်မှ….”

မိထွေးဟာ ရှင်းဖခင်ကို အားကိုးတကြီး ကြည့်နေတာပေါ့…။

“ကျွန်မ အဖမ်းခံရတော့မယ်..”

“မောင့်အပြစ်လွဲချ… စိတ်မပူနဲ့…”

” ကျွန်တော် ရှင်း ဝမ် ယောင်း ကိုသတ်ပြီးမြေမြှုတ်ခဲ့ကြောင်း ဝန်ခံပါတယ်…” ဖခင်ဟာ ရဲစခန်းကိုဖုန်းဆက်လိုက်တယ်။

” ရှင်း ဝမ် ယောင်း နဲ့ ခင်ဗျား ဘယ်လိုတော်စပ်ပါသလဲ ခင်ဗျာ..?”

“သူ့ အဖေပါ…”

၂၀၁၆ ခုနှစ် ၁ လပိုင်း နဲ့ ၂ လပိုင်း CCTVတွေကိုပါ အသေးစိတ်စစ်ဆေးကြတော့ ဖခင်နဲ့ မိထွေးဟာ အထုတ်ကြီးတစ်ထုတ်ကို ကားပေါ်ကိုတင်ပြီး ကလေးမြေမြုတ်ထားတဲ့ တောင်ကုန်းဖက်ခရီးထွက်သွားသည်ကို စစ်ဆေးတွေ့ရှိရတယ်…။

ဒါဟာ ထောက်လှမ်းရေးအတွက် သက်သေဖြစ်ခဲ့တယ်..။

ရဲထောက်လှမ်းရေးတွေ မေးမြန်း စစ်ဆေးကြလို့ ဇတ်လမ်းအမှန်သိတော့တယ်။ ကလေးငယ်လေးရှင်း အဖြစ်က တကယ့်ကို ဆိုးလှပါတယ်….။

ရှင်း ဖခင်က အစကတည်းကိုက ကလေးစရိတ်မပေးချင်လို့ ကလေးတွေကိုခေါ်လာခဲ့တာလေ….။

ရှင်းအစ်မကို အဖွားဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်လိုက်တဲ့အခါ ရှင်းဟာ တကယ့်ကို ကူကယ်ရာမဲ့ဖြစ်ခဲ့တာပေါ့…။

အားကိုးစရာ ဖခင်ကလည်း မိထွေးမျက်နှာကို အရိပ်တကြည့်ကြည့်..။

ဆာလောင်နေတဲ့ ကလေးဟာ အမြဲ အရိုက်ခံရတယ်။ ထမင်း တစ်လုပ်စားရတဲ့အချိန်ဟာ ကလေးငယ်ရှင်းဘဝရဲ့ အပျော်ဆုံးအချိန်ပါပဲ….။

၂၀၁၅ ခုနှစ် ၁၁ ပိုင်း ဆောင်းရာသီကစပြီး မိထွေးဟာ ရှင်းကို ရေချိုးခန်းထဲမှာ ထမင်းမကျွေးပဲ ၂၄ နာရီပိတ်ထားလိုက်တယ်။

ကလေးငယ်ရှင်းကို ဒီလိုမျက်စိအရှေ့မှာ မမြင်ရတော့ သူမအလွန် နစ်မြောနေတဲ့ ဟန်းဖုန်းဂိမ်းကို လွတ်လွတ်လပ်လပ် ကစားလို့ရပါလားဆိုပြီး အဲဒီ အရသာကို သိသွားတယ်။

၂၄ နာရီပြည့်ရင် ရေချိုးခန်းတံခါးကိုဖွင့် ထမင်းနည်းနည်းထည့်ထားတဲ့ ခွက်ကို တိရိစ္ဆာန်အစာကျွေးသလိုရေချိုးခန်းအထဲ ပစ်ထည့်ပေးတယ်….။

တစ်ခါတစ်လေ အပြင်ထွက်ခွင့်ရတယ်။ အမှားတစ်ခုလုပ်တာနဲ့ “အထဲပြန်ဝင်”..ပဲ…။

ဒီလိုနဲ့ ရေချိုးခန်းထဲ ပိတ်ပြီး ကလေးငယ်လေးကို ထောင်ချထားလိုက်တာ ၃ လတိတိ…။

“ခင်ဗျားတို့ဘာလို့ကလေးကို ဒီလိုလုပ်ခဲ့တာလဲ…”… ရဲထောက်လှမ်းရေးတွေက မေးတယ်…။

သူတို့ အဖြေက …”အိမ်သာခွက်ထဲ သေးမပေါက်တတ်လို့ အပြစ်ပေးတာပါ…” ..တဲ့

ဒီလိုနဲ့ရှင်းရဲ့ ကျန်းမာရေးဟာ တစ်နေ့ တစ်ခြား ပိုပြီးဆိုးလာတယ်…။

သူတို့အိမ်သာတက်တဲ့အခါ ကလေးကို နံရံမှာဖက်ကို မျက်နှာလှည့်ရပ်စေပြီး ကလေးငယ်ရှင်းကို မျက်နှာလွှဲခိုင်းထားကြတယ်…။

ရှင်း မသေဆုံးခင် ရက်အနည်းငယ်ကပေါ့…ကလေးငယ်ရှင်းဟာ ရေချိုးခန်းအပြင်မှာ ခဏနေခဲ့ရသေးတယ်။

ကျမ်းမာရေးမကောင်းတော့တဲ့ ကလေးဟာ ဆီးသွားရင်း ဆီးမနိုင်… ဆီးတွေဟာအိမ်သာခွက်အပြင်ဖက်ကို အနည်းငယ်ထွက်သွားပြန်ပါလေရော…။

မိထွေးက ဒါကို အပြစ်ရှာပြီ…။ရှင်း ရေချိုးခန်းထဲထည့်ပိတ်ထားလိုက်ပြန်တယ်။

ရေချိုးခန်းထဲပြန်ဝင်ရမှာကို သေမလောက် ကြောက်လန့်နေရှာတဲ့ ကလေးငယ်ရှင်းဟာ အကြိမ်ကြိမ်တောင်းပန်တယ်…။

ဒီတစ်ခါ ကလေးလေးဟာ အတော် အားနည်းနေပြီ….။ ဆောင်းရာသီရဲ့ ချမ်းအေးမှုကို အေးစက်လှတဲ့ရေချိုးခန်းထဲမှာ ခုခံဖို့ အားမရှိတော့…။

ကလေးလေးဟာ ချမ်းလွန်းလို့ အပြင်ထွက်ချင်လို့ တံခါးအဝမှာ ပြူတစ် ပြူတစ်လုပ်တယ်… ဒါကို အဖေက တွေ့ရာနဲ့ ပစ်ပေါက်ရိုက်နှက်ပြီး အထဲပြန်ဝင်ခိုင်းတယ်…။

အဖေပစ်ပေါက်တဲ့ ပစ္စည်းတစ်ခုဟာ ကလေးငယ်ရှင်းရဲ့ဦးခေါင်းကိုထိသွားတယ်။

ကလေးဟာ လဲကျသွားပြီး အိမ်သာစောင်းနဲ့ နဖူးနဲ့ဆောင့်မိသွားတယ်။ နဖူးကွဲပြီး သွေးတွေကျလာတယ်…။

ဒါကို မကျေနပ်နိုင်တဲ့ မိထွေးက ကလေးငယ်ကို ဒူးတုတ်ခိုင်းလိုက်တယ်…။

မိထွေးဟာ ရှင်းရဲ့ ဦးခေါင်းပေါ်သို့ အစွန်းချွတ်ဆေးရည် အပြင်းစားလောင်းချခဲ့ပြီး…

“ဆေးထည့်ပေးတာလေ …မှတ်ပြီလား”…တဲ့..။

ကလေးငယ်လေးရှင်းရဲ့ ဦးခေါင်း၊ မျက်နှာ အရေခွံတွေ စုတ်ပြဲကုန်တယ်။

နောက်ဆုံးအကြိမ် ဖခင်ဖြစ်သူ အိမ်သာတက် ဖို့ ဝင်သွားတဲ့အခါ ကလေးငယ်လေး ရှင်းဟာ အသက်ငင်နေရှာတယ်..။

“အမေ…အမေ…”သားလေးရှင်းဟာ တစ်ကိုယ်လုံးတုန်ရင်ပြီးအသံတိုးတိုးလေးနဲ့ အမေကို တမ်းတနေရှာတယ်…။

ဖခင်ဖြစ်သူ လန့်သွားတယ်…။

“မိန်းမရေ.. ဆေးရုံပို့မှဖြစ်မယ်…”

“ဘယ်ဖြစ်မလဲရှင့်.. ကျွန်မတို့ နှိပ်စက်ထားတာတွေ ပေါ်ကုန်မှာပေါ့..”

၂၀၁၆ ခုနှစ် ၂ လပိုင်း ၁ ရက်နေ့

အသက်ငင်နေသော ကလေးငယ်ရှင်းကို ကြည့်ပြီး မိထွေးက ဒီလိုတွေးတယ်။

“တကယ်လို့များ ဆေးရုံတက်ရရင် အစွန်းချွတ်ဆေးရည်တွေ ကလေးခေါင်းမှာတွေ့လို့မဖြစ်ဘူး”

မိထွေးဟာ ကလေးကို ရေအေးထဲမှာ ၂၃ နာရီလောက် စိမ်ထားလိုက်ပြန်တယ်။

အလွန်အေးတဲ့ ဆောင်းရာသီဖြစ်တာမို့ ကလေးလေးဟာ ရေခဲရိုက်ပြီးသားဖြစ်သွားတော့တယ်…။

ကလေးငယ်လေး ရှင်း နှလုံးခုန်ရပ်ပြီး သေဆုံးသွားတယ်။

သူတို့ ကလေး အလောင်းကို စောင်နဲ့ပတ်ပြီး အဝတ်လျှော်စက်ထဲထည့်ထားလိုက်ကြတယ်။

၂ ရက်လောက်ကြာတော့ ရှင်းရဲ့အဖိုးအုပ်ဂူရှိတဲ့ တောင်ပေါ်မှာ မြုပ်လိုက်ကြတယ်..။

လူသားမဆန်တဲ့ အဲဒီလင်မယားဟာ ကလေးသေဆုံးတဲ့နေ့မှာ ဝက်ခြေထောက်ပေါင်းကိုတောင် မှာယူစားသောက်ခဲ့ကြသေးတာပေါ့…။

ပြီးတော့ အဲဒီနေ့က သူတို့ ဖုန်းဂိမ်းအသစ်တွေကို ငွေပေးဝယ်ယူပြီး လွတ်လွတ်လပ်လပ် အပူအပင်ကင်းမဲ့စွာနဲ့ ဂိမ်းကစားနေခဲ့ကြတယ်လေ…။

ရှင်းရဲ့ ဖခင်ဖြစ်သူဟာ တစ်လမှာ သိန်း ၅၀ လခကောင်းကောင်းရသော သူတစ်ယောက်ဖြစ်ပေမဲ့ မိထွေးက အသုံးကြမ်းတယ်…။

မိထွေးရဲ့ ၇ လအတွင်း ဟန်းဖုန်းဂိမ်းအတွက် ပဲ သုံးတဲ့ငွေက သိန်း ၆၀၀ ဖြစ်တယ်…။

မိထွေးဟာ ဂိမ်းကလွဲပြီး ဘာကိုမှ ဂရုမစိုက်တဲ့မိန်းမပေါ့…။

ဒီလို ငွေတွေသုံးခဲ့ပေမဲ့ ကလေးငယ် ရှင်းကိုတော့ ထမင်းတစ်လုပ်ကျွေးဖို့ နှမြောတွန့်တိုခဲ့တဲ့ မိထွေး…။

သူတို့လင်မယားနှစ်ယောက်ဟာ အဲဒီ ငွေတွေကို ဂိမ်းနဲ့အရက် အတွက်ပဲ အများဆုံးအသုံးပြုခဲ့ကြတာကိုတွေ့ရတယ်…။

၂၀၁၆ ခုနှစ် ၂ လပိုင်း ၃ ရက်နေ့ သူတို့ဖုန်းမက်ဆေ့ချ်တွေကို စစ်ကြည့်လိုက်တော့…

ဖခင်-” အချစ်လေး.. ထမင်းစားပြီးပြီလား?”မိထွေး-” ဟုတ်ကဲ့- သားလေးရှင်း နဲ့အတူ ခေါက်ဆွဲမှာစားလိုက်တယ်..”ဖခင်-” သားလေး နေကောင်းတယ်ဟုတ်”မိထွေး- ” ထမင်းကျွေး သွားတိုက်ပေးပြီးပြီ”

သူတို့ ဖုန်းမက်ဆေ့ချ်တွေဖြစ်တယ်…။

သူတို့ဟာ ကလေးငယ်ရှင်းကို သတ်လိုက်ပြီး ပြဿနာတက်မှာစိုးလို့ အသက်ရှင်နေသလို ဖုန်းမက်ဆေ့ချ်တွေပို့ အလီဘိုင် လုပ်ထားကြတာပေါ့…။

အိမ်နားက ဈေးဆိုင်တွေမှာ ဈေးသွားဝယ်ရင်လည်း မိထွေးက ကလေးငယ်ရှင်းထံ ဖုန်းဆက်ချင်ယောင်ဆောင်တယ်။

အသံကျယ်ကျယ်နဲ့

“သား ဘာစားချင်လဲ သားလေး .. အမေ ဝယ်ခဲ့မယ်လေ..”

ကလေးငယ်လေး ရှင်း သေဆုံးပြီး ၄ ရက်အကြာ..

ဖခင်ဖြစ်သူနဲ့မိထွေးတို့ဟာ ရှင်းမရှိတော့တာကြောင့် ကိုယ်ဝန်ဆောင်ကလေးယူရန် ဆေးရုံသို့သွားရောက်ပြသခဲ့တာကို စစ်ဆေးတွေ့ခဲ့ရတယ်..။

ရှင်းသေသွားတာကို ဝမ်းနည်းဖို့နေနေသာသာ… ဘဝအသစ် မိသားစုအသစ်အတွက် စိတ်အားထက်သန်နေကြတာပေါ့…။

တရားခွင်မှာ ဖခင်ပြောခဲ့တဲ့ စကားကတော့….

“ကျွန်တော်က ကလေးတွေကို ဦးစားပေးရင် မိထွေးက မုန်းပြီး ကျွန်တော်မရှိတုန်း နှိပ်စက်မှာစိုးလို့ ကလေးတွေကို တမင်သက်သက် ရိုက်နှက်ပြခဲ့တာပါ..”

သူ့ဘဝမှာ မိန်းမတယောက်ဟာ ရင်သွေးတွေထက် အရေးကြီးခဲ့တယ်…။

သားလေး ရှင်းဟာ ဖခင်၊ မိထွေးရဲ့ အနှိပ်စက်ကို ၂ နှစ်ကျော်ခံခဲ့ရတယ်။ ဘယ်လိုဘယ်ပုံ ဘယ်လိုနည်းနဲ့အနှိပ်စက်ခံရတယ်ဆိုတာတော့ သေသွားရှာတဲ့ သားလေးရှင်းက အသေးစိတ်မပြောပြနိုင်တော့ဘူးပေါ့…။

ရသမျှသက်သေနဲ့ ထောက်လှမ်းရေးတွေဟာ သူတို့လင်မယားကို သေတဲ့အထိထောင်ထဲမှာနေစေဖို့ တရားသူကြီးဆီ တင်ပြကြတော့တယ်…။

၂၀၁၆ ၈ လပိုင်း ၁၁ ရက်နေ့

တရားသူကြီးဟာ မိထွေးကို အလုပ်ကြမ်းနဲ့ ထောင် အနှစ် ၂၀ …

ဖခင်ကို အလုပ်ကြမ်းနဲ့ ၁၅ နှစ် ထောင်ချလိုက်တယ်။

ပြည်သူတွေက ဒီလိုလူယုတ်မာတွေကို အပြစ်ပေးတာ နည်းလို့ ဆူပူဆန္ဒပြကြတယ်… ရဲထောက်လှမ်းရေးတွေက အမြင့်ဆုံးခုံရုံးအထိတက်ပြီး မသေမချင်းထောင်ချဖို့ တောင်းဆိုကြတယ်…။

ဒါပေမဲ့…မိထွေးကို အလုပ်ကြမ်းနဲ့ ထောင်ဒါဏ် ၂ရနှစ်

ဖခင်ကိုတော့ အလုပ်ကြမ်းနဲ့ ၁၇ နှစ်အထိ ပဲထောင်ချလိုက်နိုင်တယ်။

ဆရာမကတော့ စိတ်ထိခိုက်လွန်းလို့ အလုပ်နားလိုက်ရတယ်။

ဆရာမဟာ တစ်ယောက်တည်းငိုနေလေ့ရှိတယ်…။

“ဒီနိုင်ငံမှာ ဆရာမတစ်ယောက်အနေနဲ့ လုပ်နိုင်တာဆိုလို့ ဘာမှမရှိသလောက်ပါလား…”

သားလေးရှင်းပြောခဲ့စကားလေးတခွန်း ဆရာမ မမေ့နိုင်ဘူး…။

” ဆရာမ… သားသား ဆရာမကို အကာသလွင်ပြင်ကြီးလောက်ချစ်တယ်…”…တဲ့လား…။

“သားရယ်… ကောင်းရာသုဂတိလားပါစေလို့ ဆရာမ ဆုတောင်းလိုက်ပါတယ်…။”

သမီးလေးက သူ့ အမေဆီရေးထားတဲ့ စာလေးတစ်စောင်ကို ရဲထောက်လှမ်းရေးတွေက မိထွေးရဲ့ ဗီရိုထဲမှာရှာတွေ့လို့ အမေကို ပေးအပ်ခဲ့တယ်…။

မိခင်ဟာ အဲဒီစာကို ဖတ်ပြီး မေ့မြောလဲကျသွားတော့တယ်…။

” အမေ”

မောင်လေးက အမေ့ကိုစာရေးပါဆိုလို့ ရေးနေတာပါ…။သမီးတို့ မောင်နှမ အမေ့ကိုချစ်တယ်။အမေနေကောင်းတယ်မဟုတ်လား..?မောင်လေးက အမေ့ကို သိပ်သတိရနေတယ်။ အမေ့ကို ခဏခဏမေးတယ်…။

သမီးတို့ အမေ့ကို လွမ်းတယ်..။အခု အမေအသစ်က အိမ်ပေါ်လာပြီးသမီးတို့နဲ့ အတူတူနေတယ်။သမီးတို့ကို စကားတစ်ခွန်းမှ မပြောရဘူးတဲ့ …။ သမီးတို့ မောင်နှမ စကားပြောခွင့်မရှိဘူး။ သမီးတို့ကို အခန်းထဲပိတ်ထားတယ်။

တနေ့ကို ထမင်းလိပ်တစ်လိပ်ပဲကျွေးတယ်။ဒါပေမယ့် အမေ စိတ်မပူပါနဲ့ ..။

သမီးတို့ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေပါမယ်…။

အမေ မငိုနဲ့နော်….။

အမေ့ကိုချစ်တဲ့

(သမီးတို့ မောင်နှမ)

ဖခင်တိုင်း ဒီလို တာဝန်မဲ့ ယုတ်မာတာမဟုတ်ပေမဲ့….၊

မိထွေးတိုင်း ဒီလို မိန်းမယုတ် မဟုတ်ပေမဲ့…..၊

ဒီလိုယုတ်မာတဲ့ ဖခင်နဲ့ မိထွေးတွေလည်း လောကကြီးမှာ ရှိနေတယ်ဆိုတာ အံသြထိတ်လန့်စွာသိလိုက်ရလေတိုင်း ဝမ်းနည်းစွာ မျက်ရည်ကျမိပါတယ်……။

မရွှေမိုး (ကိုရီးယား) June 12th, 2018.

#ပေသီး#

ေမာင္ႏွမ ႏွစ္ေယာက္ ရက္စက္တဲ့ဖခင္ ယုတ္မာတဲ့ မိေထြး ရင္ကြဲနာက်ေနတဲ့ဆရာမ သတိေမ့သြားတဲ့ မိခင္

အသက္ ၃၅ ႏွစ္အရြယ္ရွိတဲ့ ကေလး ၂ ေယာက္ အေမဟာ သူမကိုယ္သူမ မွန္ထဲ ျပန္ၾကည့္လိုက္တယ္…။

သူမကိုယ္လုံးကိုယ္ေပါက္ဟာ အပ်ိဳဘဝကလို မလွပနိုင္ေတာ့…။

တျဖည္းျဖည္းတက္လာတဲ့အဆီေတြ ဘယ္လိုလုပ္ရပါ့…။

ကေလးႏွစ္ေယာက္အတြက္ တာဝန္ေက်ပြန္ေအာင္ျပဳစုရင္း… ေယာက္်ားကို ဟင္းေကာင္းေကာင္း ခ်က္ျပဳတ္ေပးရင္း… အိမ္ကို အလွဆုံးျဖစ္ေအာင္ျပင္ဆင္ရင္း… အိမ္မွုေရးရာသိပ္ေတာ္တဲ့ အိမ္ရွင္မေကာင္း မိခင္ေကာင္းျဖစ္ေအာင္ႀကိဳးစားရင္း…

သူမကိုယ္သူမ အလွမပ်က္ေအာင္ ဂ႐ုမစိုက္နိုင္ခဲ့….။

ဒီအားနည္းခ်က္တစ္ခုနဲ႔ပဲ…သူမဘဝရဲ့ အဆိုးဆုံးေန႔ေတြစ တင္ခဲ့ရတယ္….။

အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ သူမရဲ့ ေယာက္်ားက အျခားမိန္းမနဲ႔ ေဖာက္ျပန္တယ္။

ပထမေတာ့ ေယာက္်ားက မိန္းမအသစ္နဲ႔ သူမ မသိေအာင္ ခ်ိန္းေတြ႕တယ္။ ဖုန္းမက္ေဆ့ခ်္ေတြပို့တယ္…။

” ေမာင္ အျခားမိန္းမနဲ႔ေဖာက္ျပန္ေနသလား…”.. လို့ေမးလိုက္တယ္။

ေယာက္်ားက

” မင္း႐ုပ္မင္းျပန္ၾကည့္ဦး .. ေဖာက္ျပန္တဲ့ငါ အျပစ္လား..?” ..တဲ့….။

ဒီလို သူမပြင့္ပြင့္လင္းလင္း ဖြင့္ေမးလိုက္ေတာ့ ေယာက္်ားက သူ႔ရည္းစားနဲ႔ ပြင့္ပြင့္လင္းလင္းတြဲတယ္…။

သူမကို ဂ႐ုမစိုက္ သူမအေရွ႕မွာ ဖုန္းဆက္တယ္။

ကေလးႏွစ္ေယာက္ေမြးေပးထားတဲ့ကေလးတို့ေမေမကို ေလးစားတန္ဖိုးထားတတ္တဲ့ ေယာက္်ားေတြထဲ သူမေယာက္်ားမပါခဲ့…။

ဆိုးတူ ေကာင္းဖက္ သစၥာရွိရွိေနခဲ့တာေတြ ဘာေတြ…အေရးမပါေတာ့ဘူးေလ …။

ေယာက္်ားဟာ အိမ္က အလွပ်က္လာတဲ့ အိမ္ကမိန္းမကို စြန႔္ပစ္ခ်င္ၿပီေပါ့….။

ရည္းစားထားလို့အားမရ အိမ္ေထာင္ကြဲေပးဖို့ေျပာလာတယ္။ သူမက ျငင္းေတာ့ ကိုယ္ထိလက္ေရာက္ေစာ္ကားလာတယ္။

သူမဟာ သမီးနဲ႔သားေလး အမိမဲ့ အဖမဲ့ ျဖစ္မွာစိုးလို့ အႀကိမ္ႀကိမ္ ေတာင္းပန္တယ္။

ေယာက္်ားက လက္မခံေတာ့ဘူး…။ သူမကို အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ၿပီးကြဲခိုင္းတယ္။ ဒီလိုနဲ႔ သူတို့ ႏွစ္ဦး တရား႐ုံးကိုေရာက္လာတယ္…။

သူမ နိုင္ငံက ဥပေဒေတြကိုလည္း သူမ မုန္းခဲ့ၿပီ…။ သူမ ေယာက္်ား ကဝင္ေငြေကာင္းတယ္ေလ…။ တစ္လကို သိန္း ၅၀ ဝင္ေငြရွိတယ္။

ကေလးႏွစ္ေယာက္ကိုျပဳစုေနလို့ အလုပ္ထြက္မလုပ္နိုင္တဲ့ သူမ….။ တရားဝင္ ဝင္ေငြကမရွိ….။

အလုပ္လက္မဲ့ဆိုၿပီး တရားသူႀကီးက သူမကို ကေလးေတြ ေစာင့္ရွာက္ခြင့္မေပးခဲ့….။

သူမဟာ ရ ရာအလုပ္ဝင္လုပ္ၿပီးကေလးေတြကိုေကၽြးေမြးမယ္လို့ အႀကိမ္ႀကိမ္ေတာင္းပန္ရွာတယ္…။

ဒါေပမဲ့ အခ်ည္းႏွီးပါပဲ…။

ဒီလိုနဲ႔ အမွုၿပီးသြားတယ္။ေယာက္်ားဟာ ကေလးေတြ ေခၚသြားတယ္…။သူမ ဘဝပ်က္သြားတယ္…။

ကေလးေတြက ေယာက္်ားကေခၚသြားတာခ်စ္လြန္းလို့ေတာ့မဟုတ္ဘူး…။ သူမကို ကေလးစရိတ္ေထာက္ပံရမွာစိုးလို့ ေလ..။

ေလာကႀကီးက သူမကို ရက္စက္ေပၿပီ…။

အခုေတာ့….သူမဘဝ …သူမ နံေဘးမွာ တေယာက္မွမရွိေတာ့ဘူး…။

သမီးေလးက သူမဆံပင္ေတြကို လက္နဲ႔ သပ္ၿပီး ေနာက္ဆုံးေျပာခဲ့တယ္။

“အေမ မငိုနဲ႔ေနာ္…”

သားေလးက“ဟုတ္တယ္ အေမ ငိုရင္ ခရစ္စမတ္ဘိုးဘိုးႀကီးက အေမ့ကို လက္ေဆာင္ေပးမွာမဟုတ္ဘူး…”

ခရစ္စမတ္ဘိုးဘိုးႀကီးလက္ေဆာင္လိုခ်င္လို့ မငိုပဲအားတင္းထားတဲ့သမီးနဲ႔သားေလးကေတာ့ မ်က္ရည္ေတြနဲ႔…။

ဟုတ္ပါတယ္…သူမ အနားမွာ ဘယ္သူမွမရွိေတာ့ပါဘူး…။

တရားသူႀကီးက သူမနဲ႔ကေလးေတြကို ၂ ပတ္တစ္ခါပဲ ေတြ႕ခြင့္ေပးပါတယ္..။

ေယာက္်ားဟာ သူမကို ထပ္ၿပီး ေကာက္က်စ္ ယုတ္မာျပန္တယ္။

သူမနဲ႔ကေလးေတြကို ေပးေတြ႕ရတာ အလုပ္ရွုပ္လို့ သူမဖုန္းဆို မကိုင္ေတာ့ပါဘူး။

အိမ္ကိုလည္းေျပာင္းပစ္လိုက္တယ္။

ေယာက္်ား ဘယ္မွာေနလဲဆိုတာလည္း သူမ မသိေတာ့ဘူး…။

သူမဟာ ကေလးေတြကိုလြမ္းတဲ့စိတ္နဲ႔ ႐ူးမတတ္ခံစားေနရတယ္။

၂၀၁၃ ခုႏွစ္ ၈ လပိုင္း

ေမာင္ႏွစ္မႏွစ္ေယာက္ခံစားခ်က္လည္း မိခင္နဲ႔ မျခားနားပါပဲ….

တစ္ကိုယ္ေကာင္းဆန္တဲ့ ေယာက္်ားေၾကာင့္ဘဝေတြ ပ်က္ၿပီ…။

ရွင္း ဝမ္ ေယာင္း ဆို( Shin Won Yong )ဆိုတဲ့ သားေလးက အသက္ ၅ ႏွစ္အရြယ္ပဲရွိေသးတယ္…။သမီးေလးကေတာ့ အသက္ ၈ ႏွစ္အရြယ္…။

ေမာင္ႏွမ ႏွစ္ေယာက္ဟာ အဲဒီေန႔ကစၿပီး မိေထြးနဲ႔ေနလိုက္ရတာေပါ့…။

ေမာင္ႏွမႏွစ္ေယာက္လုံးကို အေဖနဲ႔ မိေထြးဟာစၿပီးႏွိပ္စက္ေတာ့တယ္…။

သူတို့ ေန႔တိုင္းအရိုက္ခံရတယ္ေလ..။

၂၀၁၄ ခုႏွစ္ ၃ လပိုင္း

သူတို့ဟာ ေမာင္ႏွမႏွစ္ေယာက္ကို ကေလးေစာင့္ေရွာက္ေရးဌာနကိုပို့ၿပီး စာသင္ခိုင္းတယ္။

အဲဒီမွာ ကေလးမ်ားျပဳစုေစာင့္ေရွာက္ေရးက ကေလးေတြကို စာျပေပးရတဲ့ ဆရာမနဲ႔ ေမာင္ႏွမႏွစ္ေယာက္ စေတြ႕ၾကတာေပါ့…။

ပထမေန႔မွာပဲ ဆရာမက ထမင္းေကၽြးေတာ့ ကေလးေတြဟာ ထမင္းခဏ ခဏ ထပ္ေတာင္းေနတာၾကည့္ၿပီး ဆရာမက အံၾသေနခဲ့တယ္..။

ေနာက္ေန႔ေတြမွာ …ဆရာမကေခ်ာ့ေမးေတာ့ ကေလးႏွစ္ေယာက္က ဒီလိုေျပာၾကတယ္….။

“ဆရာမဆီလာရတာ သမီးတို့ အေပ်ာ္ဆုံးပါပဲ…။”

“သမီးတို့ အျမဲ ဗိုက္ဆာတယ္.. မိေထြးက ထမင္း မေကၽြးဘူး ဆရာမ..။”

“သမီးထမင္းမခ်က္တတ္ဘူး။ ေမာင္ေလးက ပိုဆိုးေပါ့..။”

“သမီးတို့ ဗိုက္ဆာတယ္ေျပာရင္ ဝရန္တာကို ထုတ္ၿပီး တခ်ိန္လုံးရပ္ခိုင္းတယ္..။”

ဒါေတြၾကားရတဲ့ဆရာမဟာ ရင္ေတြပူလာတယ္….။ အခုတစ္ေလာ ကေလးႏွိပ္စက္ သတ္ပစ္တာေတြ ႐ုပ္ျမင္သံၾကား သတင္းေတြထဲမၾကာခဏၾကားေနရတယ္ေလ။

“ဒီေမာင္ႏွမကို ေတာ့ ငါကယ္မွ..”လို့ ဆရာမ ဆုံးျဖတ္လိုက္တယ္။

“ကေလးေတြ အမ်ားႀကီးထဲက ရွင္း ဝမ္ ေယာင္း ဆိုတဲ့ကေလးနဲ႔ သူ႔အစ္မကို စေတြ႕ကတည္းက ကၽြန္မ အလြန္သနားမိတယ္…”

ဆရာမဟာ သနားစိတ္နဲ႔ သူတို့ကို အျခားကေလးေတြထက္ကို ပိုၿပီးခ်စ္မိသြားတယ္။

ဆရာမဟာ ရွင္းတို့ေမာင္ႏွမကို ကူညီခ်င္လို့ သူတို့ ကိုယ္ေရးကိုယ္တာမွတ္တမ္းကိုသက္ဆိုင္ရာက ေတာင္းၾကည့္ခဲ့တယ္။

ကေလးတို့ရဲ့ အေဖနဲ႔အေမဟာ တရားဝင္ကြာရွင္းခဲ့ၾကတဲ့အေၾကာင္း..။ ရွင္းအေဖဟာ ကင္မ္ဆိုတဲ့ ေနာက္မိန္းမနဲ႔ လက္ထပ္ထားျခင္းမရွိေပမဲ့ ရွင္းတို့ေမာင္ႏွမ ၂ ေယာက္နဲ႔ အတူတူေနထိုင္တဲ့အေၾကာင္း….။

“ကေလးရိုက္တဲ့ မိေထြးနဲ႔ ကေလးတို့အေဖ ျမန္ျမန္ ကြဲပါေစ..”

ဆရာမ ဆုေတာင္းလိုက္တယ္။ဆုေတာင္း႐ုံကလြဲၿပီး…။

၂၀၁၄ ခုႏွစ္ ၇ လပိုင္း

ဆရာမ ဆုေတာင္းမျပည့္…။

ရွင္းအေဖနဲ႔ မိေထြးကင္မ္ဟာ တရားဝင္လက္ထပ္လိုက္ၾကတယ္…။

ဆရာမကဒီလိုေျပာတယ္။

“ေမာင္ႏွမ ႏွစ္ေယာက္စလုံး ေဆာင္းရာသီမွာ အကႌ်ပါးပါးေလးေတြနဲ႔ တုန္ရင္ေနၿပီး ေက်ာင္းကိုလာတယ္..။”

“အကႌ်ေတြကလဲ ညစ္ပတ္ နံေစာ္ေနတာပဲ…။”

ရွင္းေမာင္ႏွမ အျမဲေျပာတဲ့စကား…

“ဗိုက္ဆာတယ္ ဆရာမ….”

“အျခားကေလးေတြနဲ႔ ရန္ျဖစ္ရင္ ေကာင္ေလးရွင္းဟာ ငိုပဲငိုတယ္.. ဘာမွ ျပန္မေျပာရဲ… ။ သတၱိမရွိ…။”

တေန႔ ကေလးေလး ၂ ေယာက္ဟာ ထီးမပါ မိုးေရထဲ အိမ္ျပန္သြားတယ္..။

ဆရာမ သည္းမခံနိုင္ေတာ့ဘူး။သူ႔မိဘေတြကို ဖုန္းေခၚလိုက္တယ္..။မိေထြးကဖုန္းကိုင္တယ္..။

“ကေလးေတြက အျမဲပဲ ဗိုက္ဆာေနတယ္ရွင့္.. ထမင္း ဂ႐ုစိုက္ေကၽြးေစခ်င္တယ္။ ဒီေန႔လဲ ထီးမရွိလို့ မိုးေရထဲ လမ္းေလၽွာက္ျပန္သြားတယ္..။ ကေလးေတြကို ဂ႐ုမစိုက္တာ အေတာ္ တရားလြန္ေနၿပီ…”

ဆရာမ စိတ္ဆိုးဆိုးနဲ႔ေျပာလိုက္တယ္…။

“ကၽြန္မလည္း ထီးအျမဲဝယ္ေပးေနတာပဲ.. ေပ်ာက္တာ ဘယ္လို တတ္နိုင္မလဲ…?”

မိေထြးက ရွင္းအေဖကို ဘာေတြ တိုင္တန္းလိုက္လဲမသိ… ။ ရွင္းအေဖဟာ ေဒါသတႀကီးနဲ႔ ဆရာမဆီ ဖုန္းဆက္လာတယ္။

” ခင္ဗ်ားတို့တေတြ စကားေျပာဆင္ျခင္ၾက.. ဒီကေလးကို သူ႔အေမ အရင္းကေတာင္ ထမင္းမေကၽြးတာ ကၽြန္ေတာ့္ မိန္းမအသစ္စက္စက္က ဘာလို့ ေကၽြးရမလဲဗ်… ”

“ေနာက္တစ္ခါ ကၽြန္ေတာ့္မိန္းမကို တစ္ခုခုထပ္ေျပာရင္ ခင္ဗ်ားတို့ မလြယ္ဘူးမွတ္…”

“ဟင္..?!?”

ဆရာမ ငိုခ်လိုက္ရမလိုျဖစ္သြားတယ္…။

“အေဖမွဟုတ္ရဲ့လား…? ႐ူးမ်ားေနသလား..?”

ေနာက္ေန႔က်ေတာ့ သူတို့ကေလး ၂ ေယာက္ကို ဆရာမဆီ မပို့ေတာ့ဘူး…။

ဆရာမဟာ ကေလး က်န္းမာေရးကို စစ္ေဆးဖို့လိုအပ္တယ္လို့ အေၾကာင္းျပၿပီး ကေလးေတြကို ေတြ႕ဖို့ႀကိဳးစားျပန္တယ္။

ဆရာမနဲ႔ အျခားဝန္ထမ္းေတြ သြားတဲ့အခါတိုင္း မိေထြးကတံခါးမဖြင့္ေပးဘူး။

စိုးရိမ္စိတ္နဲ႔ ဆရာမဟာ ေနာက္ဆုံး ရဲစခန္းကို တိုင္လိုက္ေတာ့တယ္။

“က်ဳပ္ကေလးကို က်ဳပ္တို့ ေကၽြးေမြးနိုင္တယ္.. ခင္ဗ်ားတို့မလိုဘူူး…ရဲေတြလဲမလိုဘူး”

အဲဒီေန႔က စၿပီး ဆရာမေတြ ရွင္းတို့ ေမာင္ႏွမကို လုံးဝ ေတြ႕ဆုံခြင့္မရေတာ့ဘူး။

၂၀၁၅ ခုႏွစ္ ၄ လပိုင္း

အဖြားျဖစ္သူ (ရွင္း ဖခင္ရဲ့မိခင္) ဟာ သမီးအႀကီးေလးကိုသနားလြန္းလို ေခၚထုတ္သြားေတာ့တယ္..။ သမီး မိန္းကေလးဆိုေတာ့ စိုးရိမ္တာလည္းပါတာေပါ့…။

ေမာင္ႏွမႏွစ္ေယာက္လုံးကို တာဝန္ယူဖို့က်ေတာ့ အဖြားခင္မ်ာ မတတ္နိုင္…။

သားေလး ရွင္း တစ္ေယာက္ထဲ အဲဒီအိမ္မွာ မ်က္ႏွာငယ္ငယ္ က်န္ရစ္ခဲ့ရတယ္…။

ဆရာမေတြဟာ ရွင္းအတြက္ အခုမွ ပိုၿပီး စိုးရိမ္ေသာကေရာက္ရေတာ့တယ္။

ဥပေဒအရ မိဘခြင့္ျပဳခ်က္မရရင္ ကေလးကို အတင္းေစာင့္ေရွာက္လို့မရပါဘူး။ ဖခင္နဲ႔မိေထြးဟာ ကေလးကို ကေလးေစာင့္ေရွာက္ေရးအဖြဲ႕အစည္းက ထုတ္ပစ္လိုက္ၿပီေလ…။

ဆရာမဟာ ရွင္းအိမ္နားကို မေယာင္မလည္သြားၿပီး ေတြ႕ရေလမလား ၾကည့္ရတာအေမာ…။

ရက္ေတြသာၾကာလာတယ္…အရိပ္အေယာင္ေတာင္မေတြ႕ရ…။

ဆရာမအသစ္တစ္ေယာက္ကို မိေထြးဆီဖုန္းထပ္ဆက္ခိုင္းတယ္..။

“ကၽြန္မ ရွင္းအတြက္ စာအုပ္လက္ေဆာင္ေပးခ်င္လို့ပါ…”

မိေထြးေျပာတဲ့စကားက …

“ေက်းဇူး…တိုက္ခန္း အေစာင့္ကိုေပးထားခဲ့ပါ..”

ဆရာမက ဖုန္းထပ္ဆက္ေတာ့ မိေထြးဆီက ဖုန္းမက္ေဆ့ခ်္ပို့လာတယ္။

” ကေလးကို ဂ႐ုစိုက္တာ ေက်းဇူးတင္ေပမယ့္ အပိုေတြ သ႐ုပ္ေဆာင္ျပေနတာ မလြန္လြန္းဘူးလားရွင့္…? ကေလး ေမြးစားခ်င္ရင္ တရားဝင္လာေတာင္းေပါ့ရွင္..”…တဲ့…။

ရွင္းရဲ့မိခင္ကလည္း ဒီလို ရွင္း တစ္ေယာက္ထဲ မိေထြးအိမ္မွာက်န္ရစ္တယ္ဆိုတာ သတင္းၾကားလို့ အဖြားကတဆင့္ စာပို့ရွာတယ္…။

“သားေလးကို ျပန္ေပးၾကပါရွင္…ေတာင္းပန္ပါတယ္….”

ဒါေပမဲ့ ဖခင္နဲ႔ မိေထြးက စာမျပန္….။

၂၀၁၆ ခုႏွစ္ ၁ လပိုင္း ၇ ရက္ေန႔

ရွင္း အသက္ ၇ ႏွစ္…မူလတန္းေက်ာင္းသားေလးျဖစ္လာေတာ့မယ္…။

ဖခင္က ရွင္း ကို ေက်ာင္းလာမအပ္….။ ဆရာမေတြဟာ ဖခင္ကို ဖုန္းဆက္ ေမးျမန္းၾကတယ္….။

“ဪ… ကၽြန္ေတာ္တို့ တပတ္အၾကာ အိမ္ေျပာင္းမလို့ ဗ်…”

၂၀၁၆ ခုႏွစ္ ၃ လပိုင္း ၁ ရက္ေန႔

ဆရာမေတြဟာ ေစာင့္ၾကည့္ေနၾကတာေပါ့…။ ႏွစ္လအၾကာ ကေလးငယ္ရွင္းကို ဘယ္ေက်ာင္းကိုမွ လာမအပ္တဲ့အခါ ပညာေရး အဖြဲ႕အစည္းကေန မသၤကာျဖစ္ၿပီး ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားလိုက္ၾကတယ္…။

အဲဒီေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္လာၾကၿပီး မိေထြးနဲ႔ဖခင္ျဖစ္သူကို စစ္ေဆးၾကတာေပါ့…။

အဲဒီေတာ့ မိေထြးက ဒီလိုေျပာတယ္…

” အမွန္ေတာ့….၂ လပိုင္း ၁၁ ရက္ေန႔ထင္တယ္ ..ကၽြန္မ ေယာက္်ားနဲ႔ စကားမ်ားတယ္…။ ကၽြန္မ သူ႔ကေလးကို လမ္းေပၚမွာတေယာက္ထဲထားပစ္ခဲ့ၿပီး ျပန္လာခဲ့ပါတယ္..ဘယ္ေရာက္သြားမွန္းမသိေတာ့ဘူး ”

“ဗ်ာ..? ကေလးေပ်ာက္တာ အရက္ ၂၀ ေလာက္ရွိေနၿပီ ျပန္မရွာၾကဘူးလား..ရက္စက္ပါေပ့..”

ရဲေထာက္လွမ္းေရးေတြက CCTVကို စစ္ေဆးၾကတယ္။ မိေထြးနဲ႔ ကေလးငယ္ရွင္း အျပင္ထြက္တာ မေတြ႕ရ… CCTV မရွိတဲ့လမ္းေတြပဲ ေရြးသြားၾကတာလား… မသကၤာစရာ…။

သူတို့ တစ္ခုခုေတာ့ လိမ္ေနၿပီ….။

ဖခင္ကေတာ့ ဒီလိုေျပာတယ္…။

“ကေလးအိမ္မွာ မရွိဘူးဆိုတာ က်ဳပ္ သတိေတာင္မထားမိဘူး.. အလုပ္မ်ားလို့ဗ်ာ..”…တဲ့..။

ရဲတပ္ဖြဲ႕က လူေပ်ာက္ေၾကာ္ျငာထုတ္ေတာ့တယ္…။ ကေလးငယ္ရွင္းကို အပူတျပင္းရွာေဖြၾကတာေပါ့…။

အိမ္အနီးအနား တဝိုက္က ေခ်ာင္းထဲ… ေတာင္ကုန္းေတြ.. ေနရာအႏွံ့ ပိုက္စိတ္တိုက္ရွာၾကတယ္။

၂၀၁၆ ခုႏွစ္ ၃ လပိုင္း ၁၀ ရက္ေန႔

ေတာင္ကိုရီးယား – ေဖ်ာင္းတက္( South Korea – Pyeong Taek )အလြန္ေအးလွတဲ့ ေဆာင္းရာသီအခ်ိန္…။

အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္ေလးတစ္ေယာက္ ေအးစိမ့္လွေသာ ေျမႀကီး ထဲမွာ အဝတ္မပါ ေသဆုံးေနေလေရာ….။

အဲဒီကေလးေလးဟာ အရပ္ ၁၂၁ စင္တီမီတာ၊ကိုယ္အေလးခ်ိန္ ၁၅ ကီလိုဂရမ္ရွိတဲ့ အရိုးေပၚအေရတင္ ရွင္း ဝမ္ ေယာင္းေလးေပါ့…။

အဲဒီဖက္ နယ္ေျမက ရဲေတြက ဒီကေလးကို ‘ရွင္း’ မွန္းမသိၾကေသးဘူး…။

ကေလးငယ္တစ္ေယာက္ ေတြ႕ရၿပီး ေျမအျမဳပ္ခံရတာ တစ္လရွိၿပီလို့ ပညာရွင္ေတြက ခန႔္မွန္းၾကတယ္။

ရဲေထာက္လွမ္းေရးေတြက အေလာင္းကို ဓာတ္ခြဲခန္း ပို့လိုက္တယ္…။

ကေလးငယ္ေလးရဲ့ကိုယ္ခႏၶာတစ္ခုလုံး အညိဳ အမည္းစြဲေနရွာတယ္…။

ဦးေခါင္းပိုင္းမွာ အေရခြံေတြ ပ်က္စီး စုတ္ျပဲေနတယ္…အဲဒီ အေရခြံအပိုင္းအား စစ္ေဆးလိုက္ေတာ့ အစြန္းခၽြတ္ေဆးအျပင္းစားတစ္မ်ိဳး ေၾကာင့္ အသားအရည္ လာင္ကၽြမ္းေနတာျဖစ္ေၾကာင္း ေတြ႕ရတယ္။

နဖူးမွာလည္း ေပါက္ျပဲ ဒါဏ္ရာ တစ္ခုရထားေသးတယ္…။

ကေလးေလးရဲ့ အစာအိမ္ထဲတြင္ အစာ တစ္စက္မွမရွိ…။ ကေလးငယ္ဟာ အရိုးေပၚ အေရတင္ေနတယ္..။

ကေလးငယ္ရဲ့ နံရိုးတစ္ေခ်ာင္းလည္းက်ိဳးေနရာက အနည္းငယ္ျပန္ဆက္စျပဳေနတယ္။

ေထာက္လွမ္းေရးေတြဟာ “ကေလးအေလာင္း တစ္ေလာင္း ေတာင္ေပၚမွာေတြ႕ရေၾကာင္း… မည္သူမည္ဝါ မသိရေသးေၾကာင္း..” သတင္းေတြမွာ ေၾကျငာလိုက္တယ္။

အဲဒီသတင္းကို TV မွာ ရွင္းအေဖကေတြ႕ေတာ့ အေတာ့္ကို တုန္လွုပ္ေျခာက္ျခားသြားတာေပါ့…။

ရွင္းရဲ့အေဖဟာ သူ႔မိန္းမကိုေျပာလိုက္တယ္…။

“သြားၿပီ… သူတို့ေတြ႕သြားၿပီ…လာမဖမ္းခင္ အျပစ္ဝန္ခံရင္ အျပစ္ေလၽွာ့တယ္ၾကားတယ္အခ်စ္ေရ… ေမာင္ ရဲစခန္းကို ဖုန္း ဆက္မွ….”

မိေထြးဟာ ရွင္းဖခင္ကို အားကိုးတႀကီး ၾကည့္ေနတာေပါ့…။

“ကၽြန္မ အဖမ္းခံရေတာ့မယ္..”

“ေမာင့္အျပစ္လြဲခ်… စိတ္မပူနဲ႔…”

” ကၽြန္ေတာ္ ရွင္း ဝမ္ ေယာင္း ကိုသတ္ၿပီးေျမျမႇုတ္ခဲ့ေၾကာင္း ဝန္ခံပါတယ္…” ဖခင္ဟာ ရဲစခန္းကိုဖုန္းဆက္လိုက္တယ္။

” ရွင္း ဝမ္ ေယာင္း နဲ႔ ခင္ဗ်ား ဘယ္လိုေတာ္စပ္ပါသလဲ ခင္ဗ်ာ..?”

“သူ႔ အေဖပါ…”

၂၀၁၆ ခုႏွစ္ ၁ လပိုင္း နဲ႔ ၂ လပိုင္း CCTVေတြကိုပါ အေသးစိတ္စစ္ေဆးၾကေတာ့ ဖခင္နဲ႔ မိေထြးဟာ အထုတ္ႀကီးတစ္ထုတ္ကို ကားေပၚကိုတင္ၿပီး ကေလးေျမျမဳတ္ထားတဲ့ ေတာင္ကုန္းဖက္ခရီးထြက္သြားသည္ကို စစ္ေဆးေတြ႕ရွိရတယ္…။

ဒါဟာ ေထာက္လွမ္းေရးအတြက္ သက္ေသျဖစ္ခဲ့တယ္..။

ရဲေထာက္လွမ္းေရးေတြ ေမးျမန္း စစ္ေဆးၾကလို့ ဇတ္လမ္းအမွန္သိေတာ့တယ္။ ကေလးငယ္ေလးရွင္း အျဖစ္က တကယ့္ကို ဆိုးလွပါတယ္….။

ရွင္း ဖခင္က အစကတည္းကိုက ကေလးစရိတ္မေပးခ်င္လို့ ကေလးေတြကိုေခၚလာခဲ့တာေလ….။

ရွင္းအစ္မကို အဖြားျဖစ္သူက ထိန္းသိမ္းေစာင့္ေရွာက္လိုက္တဲ့အခါ ရွင္းဟာ တကယ့္ကို ကူကယ္ရာမဲ့ျဖစ္ခဲ့တာေပါ့…။

အားကိုးစရာ ဖခင္ကလည္း မိေထြးမ်က္ႏွာကို အရိပ္တၾကည့္ၾကည့္..။

ဆာေလာင္ေနတဲ့ ကေလးဟာ အျမဲ အရိုက္ခံရတယ္။ ထမင္း တစ္လုပ္စားရတဲ့အခ်ိန္ဟာ ကေလးငယ္ရွင္းဘဝရဲ့ အေပ်ာ္ဆုံးအခ်ိန္ပါပဲ….။

၂၀၁၅ ခုႏွစ္ ၁၁ ပိုင္း ေဆာင္းရာသီကစၿပီး မိေထြးဟာ ရွင္းကို ေရခ်ိဳးခန္းထဲမွာ ထမင္းမေကၽြးပဲ ၂၄ နာရီပိတ္ထားလိုက္တယ္။

ကေလးငယ္ရွင္းကို ဒီလိုမ်က္စိအေရွ႕မွာ မျမင္ရေတာ့ သူမအလြန္ နစ္ေျမာေနတဲ့ ဟန္းဖုန္းဂိမ္းကို လြတ္လြတ္လပ္လပ္ ကစားလို့ရပါလားဆိုၿပီး အဲဒီ အရသာကို သိသြားတယ္။

၂၄ နာရီျပည့္ရင္ ေရခ်ိဳးခန္းတံခါးကိုဖြင့္ ထမင္းနည္းနည္းထည့္ထားတဲ့ ခြက္ကို တိရိစၧာန္အစာေကၽြးသလိုေရခ်ိဳးခန္းအထဲ ပစ္ထည့္ေပးတယ္….။

တစ္ခါတစ္ေလ အျပင္ထြက္ခြင့္ရတယ္။ အမွားတစ္ခုလုပ္တာနဲ႔ “အထဲျပန္ဝင္”..ပဲ…။

ဒီလိုနဲ႔ ေရခ်ိဳးခန္းထဲ ပိတ္ၿပီး ကေလးငယ္ေလးကို ေထာင္ခ်ထားလိုက္တာ ၃ လတိတိ…။

“ခင္ဗ်ားတို့ဘာလို့ကေလးကို ဒီလိုလုပ္ခဲ့တာလဲ…”… ရဲေထာက္လွမ္းေရးေတြက ေမးတယ္…။

သူတို့ အေျဖက …”အိမ္သာခြက္ထဲ ေသးမေပါက္တတ္လို့ အျပစ္ေပးတာပါ…” ..တဲ့

ဒီလိုနဲ႔ရွင္းရဲ့ က်န္းမာေရးဟာ တစ္ေန႔ တစ္ျခား ပိုၿပီးဆိုးလာတယ္…။

သူတို့အိမ္သာတက္တဲ့အခါ ကေလးကို နံရံမွာဖက္ကို မ်က္ႏွာလွည့္ရပ္ေစၿပီး ကေလးငယ္ရွင္းကို မ်က္ႏွာလႊဲခိုင္းထားၾကတယ္…။

ရွင္း မေသဆုံးခင္ ရက္အနည္းငယ္ကေပါ့…ကေလးငယ္ရွင္းဟာ ေရခ်ိဳးခန္းအျပင္မွာ ခဏေနခဲ့ရေသးတယ္။

က်မ္းမာေရးမေကာင္းေတာ့တဲ့ ကေလးဟာ ဆီးသြားရင္း ဆီးမနိုင္… ဆီးေတြဟာအိမ္သာခြက္အျပင္ဖက္ကို အနည္းငယ္ထြက္သြားျပန္ပါေလေရာ…။

မိေထြးက ဒါကို အျပစ္ရွာၿပီ…။ရွင္း ေရခ်ိဳးခန္းထဲထည့္ပိတ္ထားလိုက္ျပန္တယ္။

ေရခ်ိဳးခန္းထဲျပန္ဝင္ရမွာကို ေသမေလာက္ ေၾကာက္လန႔္ေနရွာတဲ့ ကေလးငယ္ရွင္းဟာ အႀကိမ္ႀကိမ္ေတာင္းပန္တယ္…။

ဒီတစ္ခါ ကေလးေလးဟာ အေတာ္ အားနည္းေနၿပီ….။ ေဆာင္းရာသီရဲ့ ခ်မ္းေအးမွုကို ေအးစက္လွတဲ့ေရခ်ိဳးခန္းထဲမွာ ခုခံဖို့ အားမရွိေတာ့…။

ကေလးေလးဟာ ခ်မ္းလြန္းလို့ အျပင္ထြက္ခ်င္လို့ တံခါးအဝမွာ ျပဴတစ္ ျပဴတစ္လုပ္တယ္… ဒါကို အေဖက ေတြ႕ရာနဲ႔ ပစ္ေပါက္ရိုက္ႏွက္ၿပီး အထဲျပန္ဝင္ခိုင္းတယ္…။

အေဖပစ္ေပါက္တဲ့ ပစၥည္းတစ္ခုဟာ ကေလးငယ္ရွင္းရဲ့ဦးေခါင္းကိုထိသြားတယ္။

ကေလးဟာ လဲက်သြားၿပီး အိမ္သာေစာင္းနဲ႔ နဖူးနဲ႔ေဆာင့္မိသြားတယ္။ နဖူးကြဲၿပီး ေသြးေတြက်လာတယ္…။

ဒါကို မေက်နပ္နိုင္တဲ့ မိေထြးက ကေလးငယ္ကို ဒူးတုတ္ခိုင္းလိုက္တယ္…။

မိေထြးဟာ ရွင္းရဲ့ ဦးေခါင္းေပၚသို့ အစြန္းခၽြတ္ေဆးရည္ အျပင္းစားေလာင္းခ်ခဲ့ၿပီး…

“ေဆးထည့္ေပးတာေလ …မွတ္ၿပီလား”…တဲ့..။

ကေလးငယ္ေလးရွင္းရဲ့ ဦးေခါင္း၊ မ်က္ႏွာ အေရခြံေတြ စုတ္ျပဲကုန္တယ္။

ေနာက္ဆုံးအႀကိမ္ ဖခင္ျဖစ္သူ အိမ္သာတက္ ဖို့ ဝင္သြားတဲ့အခါ ကေလးငယ္ေလး ရွင္းဟာ အသက္ငင္ေနရွာတယ္..။

“အေမ…အေမ…”သားေလးရွင္းဟာ တစ္ကိုယ္လုံးတုန္ရင္ၿပီးအသံတိုးတိုးေလးနဲ႔ အေမကို တမ္းတေနရွာတယ္…။

ဖခင္ျဖစ္သူ လန႔္သြားတယ္…။

“မိန္းမေရ.. ေဆး႐ုံပို့မွျဖစ္မယ္…”

“ဘယ္ျဖစ္မလဲရွင့္.. ကၽြန္မတို့ ႏွိပ္စက္ထားတာေတြ ေပၚကုန္မွာေပါ့..”

၂၀၁၆ ခုႏွစ္ ၂ လပိုင္း ၁ ရက္ေန႔

အသက္ငင္ေနေသာ ကေလးငယ္ရွင္းကို ၾကည့္ၿပီး မိေထြးက ဒီလိုေတြးတယ္။

“တကယ္လို့မ်ား ေဆး႐ုံတက္ရရင္ အစြန္းခၽြတ္ေဆးရည္ေတြ ကေလးေခါင္းမွာေတြ႕လို့မျဖစ္ဘူး”

မိေထြးဟာ ကေလးကို ေရေအးထဲမွာ ၂၃ နာရီေလာက္ စိမ္ထားလိုက္ျပန္တယ္။

အလြန္ေအးတဲ့ ေဆာင္းရာသီျဖစ္တာမို့ ကေလးေလးဟာ ေရခဲရိုက္ၿပီးသားျဖစ္သြားေတာ့တယ္…။

ကေလးငယ္ေလး ရွင္း ႏွလုံးခုန္ရပ္ၿပီး ေသဆုံးသြားတယ္။

သူတို့ ကေလး အေလာင္းကို ေစာင္နဲ႔ပတ္ၿပီး အဝတ္ေလၽွာ္စက္ထဲထည့္ထားလိုက္ၾကတယ္။

၂ ရက္ေလာက္ၾကာေတာ့ ရွင္းရဲ့အဖိုးအုပ္ဂူရွိတဲ့ ေတာင္ေပၚမွာ ျမဳပ္လိုက္ၾကတယ္..။

လူသားမဆန္တဲ့ အဲဒီလင္မယားဟာ ကေလးေသဆုံးတဲ့ေန႔မွာ ဝက္ေျခေထာက္ေပါင္းကိုေတာင္ မွာယူစားေသာက္ခဲ့ၾကေသးတာေပါ့…။

ၿပီးေတာ့ အဲဒီေန႔က သူတို့ ဖုန္းဂိမ္းအသစ္ေတြကို ေငြေပးဝယ္ယူၿပီး လြတ္လြတ္လပ္လပ္ အပူအပင္ကင္းမဲ့စြာနဲ႔ ဂိမ္းကစားေနခဲ့ၾကတယ္ေလ…။

ရွင္းရဲ့ ဖခင္ျဖစ္သူဟာ တစ္လမွာ သိန္း ၅၀ လခေကာင္းေကာင္းရေသာ သူတစ္ေယာက္ျဖစ္ေပမဲ့ မိေထြးက အသုံးၾကမ္းတယ္…။

မိေထြးရဲ့ ၇ လအတြင္း ဟန္းဖုန္းဂိမ္းအတြက္ ပဲ သုံးတဲ့ေငြက သိန္း ၆၀၀ ျဖစ္တယ္…။

မိေထြးဟာ ဂိမ္းကလြဲၿပီး ဘာကိုမွ ဂ႐ုမစိုက္တဲ့မိန္းမေပါ့…။

ဒီလို ေငြေတြသုံးခဲ့ေပမဲ့ ကေလးငယ္ ရွင္းကိုေတာ့ ထမင္းတစ္လုပ္ေကၽြးဖို့ ႏွေျမာတြန႔္တိုခဲ့တဲ့ မိေထြး…။

သူတို့လင္မယားႏွစ္ေယာက္ဟာ အဲဒီ ေငြေတြကို ဂိမ္းနဲ႔အရက္ အတြက္ပဲ အမ်ားဆုံးအသုံးျပဳခဲ့ၾကတာကိုေတြ႕ရတယ္…။

၂၀၁၆ ခုႏွစ္ ၂ လပိုင္း ၃ ရက္ေန႔ သူတို့ဖုန္းမက္ေဆ့ခ်္ေတြကို စစ္ၾကည့္လိုက္ေတာ့…

ဖခင္-” အခ်စ္ေလး.. ထမင္းစားၿပီးၿပီလား?”မိေထြး-” ဟုတ္ကဲ့- သားေလးရွင္း နဲ႔အတူ ေခါက္ဆြဲမွာစားလိုက္တယ္..”ဖခင္-” သားေလး ေနေကာင္းတယ္ဟုတ္”မိေထြး- ” ထမင္းေကၽြး သြားတိုက္ေပးၿပီးၿပီ”

သူတို့ ဖုန္းမက္ေဆ့ခ်္ေတြျဖစ္တယ္…။

သူတို့ဟာ ကေလးငယ္ရွင္းကို သတ္လိုက္ၿပီး ျပႆနာတက္မွာစိုးလို့ အသက္ရွင္ေနသလို ဖုန္းမက္ေဆ့ခ်္ေတြပို့ အလီဘိုင္ လုပ္ထားၾကတာေပါ့…။

အိမ္နားက ေဈးဆိုင္ေတြမွာ ေဈးသြားဝယ္ရင္လည္း မိေထြးက ကေလးငယ္ရွင္းထံ ဖုန္းဆက္ခ်င္ေယာင္ေဆာင္တယ္။

အသံက်ယ္က်ယ္နဲ႔

“သား ဘာစားခ်င္လဲ သားေလး .. အေမ ဝယ္ခဲ့မယ္ေလ..”

ကေလးငယ္ေလး ရွင္း ေသဆုံးၿပီး ၄ ရက္အၾကာ..

ဖခင္ျဖစ္သူနဲ႔မိေထြးတို့ဟာ ရွင္းမရွိေတာ့တာေၾကာင့္ ကိုယ္ဝန္ေဆာင္ကေလးယူရန္ ေဆး႐ုံသို့သြားေရာက္ျပသခဲ့တာကို စစ္ေဆးေတြ႕ခဲ့ရတယ္..။

ရွင္းေသသြားတာကို ဝမ္းနည္းဖို့ေနေနသာသာ… ဘဝအသစ္ မိသားစုအသစ္အတြက္ စိတ္အားထက္သန္ေနၾကတာေပါ့…။

တရားခြင္မွာ ဖခင္ေျပာခဲ့တဲ့ စကားကေတာ့….

“ကၽြန္ေတာ္က ကေလးေတြကို ဦးစားေပးရင္ မိေထြးက မုန္းၿပီး ကၽြန္ေတာ္မရွိတုန္း ႏွိပ္စက္မွာစိုးလို့ ကေလးေတြကို တမင္သက္သက္ ရိုက္ႏွက္ျပခဲ့တာပါ..”

သူ႔ဘဝမွာ မိန္းမတေယာက္ဟာ ရင္ေသြးေတြထက္ အေရးႀကီးခဲ့တယ္…။

သားေလး ရွင္းဟာ ဖခင္၊ မိေထြးရဲ့ အႏွိပ္စက္ကို ၂ ႏွစ္ေက်ာ္ခံခဲ့ရတယ္။ ဘယ္လိုဘယ္ပုံ ဘယ္လိုနည္းနဲ႔အႏွိပ္စက္ခံရတယ္ဆိုတာေတာ့ ေသသြားရွာတဲ့ သားေလးရွင္းက အေသးစိတ္မေျပာျပနိုင္ေတာ့ဘူးေပါ့…။

ရသမၽွသက္ေသနဲ႔ ေထာက္လွမ္းေရးေတြဟာ သူတို့လင္မယားကို ေသတဲ့အထိေထာင္ထဲမွာေနေစဖို့ တရားသူႀကီးဆီ တင္ျပၾကေတာ့တယ္…။

၂၀၁၆ ၈ လပိုင္း ၁၁ ရက္ေန႔

တရားသူႀကီးဟာ မိေထြးကို အလုပ္ၾကမ္းနဲ႔ ေထာင္ အႏွစ္ ၂၀ …

ဖခင္ကို အလုပ္ၾကမ္းနဲ႔ ၁၅ ႏွစ္ ေထာင္ခ်လိုက္တယ္။

ျပည္သူေတြက ဒီလိုလူယုတ္မာေတြကို အျပစ္ေပးတာ နည္းလို့ ဆူပူဆႏၵျပၾကတယ္… ရဲေထာက္လွမ္းေရးေတြက အျမင့္ဆုံးခုံ႐ုံးအထိတက္ၿပီး မေသမခ်င္းေထာင္ခ်ဖို့ ေတာင္းဆိုၾကတယ္…။

ဒါေပမဲ့…မိေထြးကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒါဏ္ ၂၇ႏွစ္

ဖခင္ကိုေတာ့ အလုပ္ၾကမ္းနဲ႔ ၁၇ ႏွစ္အထိ ပဲေထာင္ခ်လိုက္နိုင္တယ္။

ဆရာမကေတာ့ စိတ္ထိခိုက္လြန္းလို့ အလုပ္နားလိုက္ရတယ္။

ဆရာမဟာ တစ္ေယာက္တည္းငိုေနေလ့ရွိတယ္…။

“ဒီနိုင္ငံမွာ ဆရာမတစ္ေယာက္အေနနဲ႔ လုပ္နိုင္တာဆိုလို့ ဘာမွမရွိသေလာက္ပါလား…”

သားေလးရွင္းေျပာခဲ့စကားေလးတခြန္း ဆရာမ မေမ့နိုင္ဘူး…။

” ဆရာမ… သားသား ဆရာမကို အကာသလြင္ျပင္ႀကီးေလာက္ခ်စ္တယ္…”…တဲ့လား…။

“သားရယ္… ေကာင္းရာသုဂတိလားပါေစလို့ ဆရာမ ဆုေတာင္းလိုက္ပါတယ္…။”

သမီးေလးက သူ႔ အေမဆီေရးထားတဲ့ စာေလးတစ္ေစာင္ကို ရဲေထာက္လွမ္းေရးေတြက မိေထြးရဲ့ ဗီရိုထဲမွာရွာေတြ႕လို့ အေမကို ေပးအပ္ခဲ့တယ္…။

မိခင္ဟာ အဲဒီစာကို ဖတ္ၿပီး ေမ့ေျမာလဲက်သြားေတာ့တယ္…။

” အေမ”

ေမာင္ေလးက အေမ့ကိုစာေရးပါဆိုလို့ ေရးေနတာပါ…။သမီးတို့ ေမာင္ႏွမ အေမ့ကိုခ်စ္တယ္။အေမေနေကာင္းတယ္မဟုတ္လား..?ေမာင္ေလးက အေမ့ကို သိပ္သတိရေနတယ္။ အေမ့ကို ခဏခဏေမးတယ္…။

သမီးတို့ အေမ့ကို လြမ္းတယ္..။အခု အေမအသစ္က အိမ္ေပၚလာၿပီးသမီးတို့နဲ႔ အတူတူေနတယ္။သမီးတို့ကို စကားတစ္ခြန္းမွ မေျပာရဘူးတဲ့ …။ သမီးတို့ ေမာင္ႏွမ စကားေျပာခြင့္မရွိဘူး။ သမီးတို့ကို အခန္းထဲပိတ္ထားတယ္။

တေန႔ကို ထမင္းလိပ္တစ္လိပ္ပဲေကၽြးတယ္။ဒါေပမယ့္ အေမ စိတ္မပူပါနဲ႔ ..။

သမီးတို့ ေအးေအးေဆးေဆး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါမယ္…။

အေမ မငိုနဲ႔ေနာ္….။

အေမ့ကိုခ်စ္တဲ့

(သမီးတို့ ေမာင္ႏွမ)

ဖခင္တိုင္း ဒီလို တာဝန္မဲ့ ယုတ္မာတာမဟုတ္ေပမဲ့….၊

မိေထြးတိုင္း ဒီလို မိန္းမယုတ္ မဟုတ္ေပမဲ့…..၊

ဒီလိုယုတ္မာတဲ့ ဖခင္နဲ႔ မိေထြးေတြလည္း ေလာကႀကီးမွာ ရွိေနတယ္ဆိုတာ အံၾသထိတ္လန႔္စြာသိလိုက္ရေလတိုင္း ဝမ္းနည္းစြာ မ်က္ရည္က်မိပါတယ္……။

မေရႊမိုး (ကိုရီးယား) June 12th, 2018.

#ေပသီး#