data-language="en">

လှိုင်သာယာစက်မှူ့ဇုန်မှ တရုတ်နည်းပညာရှင်တစ်ဦး အသတ်ခံနေရတဲ့ CCTV ထွက်ပေါ်

“ရွှေလင်ဗန်းစက်မှုဇုန်မှ တရုတ်နည်းပညာရှင်တစ်ဦး အသတ်ခံရ”CCTV ထွက်ပေါ်

မေလ(၁၁)ရက် ညနေ(၃:၃၀)တွင် လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးထွန်းညိုလမ်းမဘေး ရပ်ထားသော ကားတစ်စီးပေါ်တွင် လူတစ်ဦးဓါးဒဏ်ရာများဖြင့် လဲနေကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားခဲ့ရာ ကားပေါ်၌ တရုတ်နိုင်ငံသားတစ်ဦး ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Myanmar Golden Forest နည်းပညာရှင်တရုတ်နိုင်ငံသား မစ္စတာ ရန်ဘန်ချောင် အသက်(၃၆)နှစ်ဖြစ်ပြီး ဝဲဘက်ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ဘေးထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းမှအမှုကို (ပ) ၁၁၂၆/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ပြောပြချက်အရ သေဆုံးသူသည် ကားဖြင့်အပြင်သို့ သွားရောက်စဉ် ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးထွန်းညိုလမ်းအရောက် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်းလာသော ဆိုင်ကယ်နှစ်စီးဖြင့် လမ်းလုမောင်းနှင်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်စီးနင်းသူများမှ ပါလာသည့်ဓါးများဖြင့် ဝိုင်းဝန်း ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#HealthCare #Crime


လွိဳင္သာယာစက္မွဴ႕ဇုန္မွ တ႐ုတ္နည္းပညာရွင္တစ္ဦး အသတ္ခံရ

“ေရႊလင္ဗန္းစက္မွုဇုန္မွ တ႐ုတ္နည္းပညာရွင္တစ္ဦး အသတ္ခံရ”CCTV ထြက္ေပၚ

ေမလ(၁၁)ရက္ ညေန(၃:၃၀)တြင္ လွိုင္သာယာၿမိဳ့နယ္၊ အလယ္ေက်းရြာ၊ ေရႊလင္ဗန္းစက္မွုဇုန္၊ ဦးထြန္းညိဳလမ္းမေဘး ရပ္ထားေသာ ကားတစ္စီးေပၚတြင္ လူတစ္ဦးဓါးဒဏ္ရာမ်ားျဖင့္ လဲေနေၾကာင္းသတင္းအရ ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူးႏွင့္အဖြဲ႕ အခင္းျဖစ္ေနရာသို့သြားခဲ့ရာ ကားေပၚ၌ တ႐ုတ္နိုင္ငံသားတစ္ဦး ဓါးဒဏ္ရာမ်ားျဖင့္ေသဆုံးေနေၾကာင္း ေတြ႕ရွိခဲ့သည္။

ရဲတပ္ဖြဲ႕မွ စစ္ေဆးခဲ့ရာ ေသဆုံးသူမွာ ေရႊလင္ဗန္းစက္မွုဇုန္ရွိ Myanmar Golden Forest နည္းပညာရွင္တ႐ုတ္နိုင္ငံသား မစၥတာ ရန္ဘန္ေခ်ာင္ အသက္(၃၆)ႏွစ္ျဖစ္ၿပီး ဝဲဘက္ရင္ညႊန႔္တြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ယာဘက္ေဘးထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာ တစ္ခ်က္တို့ျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့သည္။

ေသာင္ႀကီးနယ္ေျမရဲစခန္းမွအမွုကို (ပ) ၁၁၂၆/ ၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ (၃၀၂) ျဖင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

မ်က္ျမင္သက္ေသမ်ား၏ေျပာျပခ်က္အရ ေသဆုံးသူသည္ ကားျဖင့္အျပင္သို့ သြားေရာက္စဥ္ ေရႊလင္ဗန္းစက္မွုဇုန္၊ ဦးထြန္းညိဳလမ္းအေရာက္ အမ်ိဳးသားသုံးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး စီးနင္းလာေသာ ဆိုင္ကယ္ႏွစ္စီးျဖင့္ လမ္းလုေမာင္းႏွင္ရာမွ ခိုက္ရန္ျဖစ္ပြားၿပီး ဆိုင္ကယ္စီးနင္းသူမ်ားမွ ပါလာသည့္ဓါးမ်ားျဖင့္ ဝိုင္းဝန္း ထိုးခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

#HealthCare #Crime