data-language="en">

မျိုးဆက်ပွား ကျန်းမာရေး ကျောင်းမှာ သင်ကြားမယ့်ကိစ္စ အမြင်မတူညီမှုရှိနေ

၂၀၂၀- ၂၀၂၁ စာသင်နှစ်အတွက် အခြေခံပညာသင်ရိုးတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးအသစ်ထည့်သွင်းဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးသစ် ထည့်သွင်းသင်ကြားဖို့ သင့်၊ မသင့် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

Grade 4၊ 7 နဲ့ 10 တို့အတွက် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်ရိုးသစ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အဲဒီအထဲက Grade 10 အတွက် သင်ရိုး ပုဒ်စာတချို့ ဖေ့ဘွခ်တ်လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့လာပြီး သင်သင့်တယ် မသင်သင့်ဘူးဆိုတာ အငြင်းပွားမှုတွေဖြစ်နေကြပါတယ်။

မျိုးဆက်ပွား ကျန်းးမာရေးနဲ့ပတ်သက်ပြီး သင်ကြားရာမှာ မလိုလားအပ်တာတွေ မဖြစ်လာစေဖို့နဲ့ ကူးစက်ရောဂါပိုးတွေအကြောင်း စတဲ့အကြောင်းအရာတွေကို အဓိကထားသင်ကြား ပေးရမယ်လို့ ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

“ပြောတာတော့ ပြောရမှာပဲ ဒါနဲ့ပတ်သက်ပြီး ဘာကိုဇောင်းပေးရမလဲဆိုတော့ မလိုလားအပ်ဘဲ ကိုယ်ဝန်ဆောင်ရတာမျိုး လိင်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပိုးတွေ ဒါတွေမဖြစ်အောင် ရည်ရွယ်ချက်ထားရမယ် ပြီးတော့ ဒီလိင်ကိစ္စဟာ သဘာဝပဲ ဆိုတာသိရမယ် အလွန်အမင်း စိတ်ဝင်စားတာမျိုးမဟုတ်ရင် ပုံမှန်ဆိုတာ သင်ကိုသင်ရမယ် မသင်လို့မရဘူး အဲဒါမျိုးသွားရမှာပါ”

ပျံ့နှံ့လာတဲ့ ပုဒ်စာတချို့မှာ ထွန်းထွန်းနဲ့ ချိုချို သူငယ်ချင်း နှစ်ဦးထဲရှိနေချိန် စိတ်လှုပ်ရှားနေစဉ် အိမ်ဘေးက အဒေါ်ကြီးရောက်ကြောင်းနဲ့ အဲဒီအဒေါ်ကြီးရောက်မလာရင် ဘာဖြစ်မလဲဆိုတဲ့ စာပိုဒ်နဲ့ လိင်တူဆက်ဆံမှုတစ်ခုအကြောင်း ဖြစ်ပါတယ်။ လိင်တူဆက်ဆံမှုအကြောင်း သင်ကြားတာကို လက်မခံနိုင်တဲ့ မိဘတွေလည်းရှိနေပါတယ်။

မျိုးဆက်ပွားကျန်းမာရေးကို လက်ခံပေမယ့် သင်ကြားမှုမှာ တလွဲအယူဖြစ်သွားမှာကို မိဘတစ်ယောက်အနေနဲ့ စိုးရိမ်မိတယ်လို့ ကလေး နှစ်ယောက် မိခင် ဒေါ်အိအိအောင်က ပြောပါတယ်။


“စိုးရိမ်မိတာပေါ့ အဓိကက ဘာလဲဆိုတော့ ဒဿမတန်းမှာ အမျိုးသားအချင်းချင်း ဟိုမိုနဲ့ ပတ်သက်တာ သင်ရတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဒါကြီးက သိသာသိစေ မမြင်စေနဲ့ဆိုတဲ့အဆင့်မျိုးပဲ ရှိသေးတယ်၊ စာမျက်နှာတွေပေါ်မှာ ဥပဒေအရ ပေါ်ပေါ်တင်တင်လုပ်လို့မရ ဒီစာတွေကိုဖတ်ရတဲ့အခါ ကျောင်းမှာသင်ရတဲ့အခါ ဒါမျိုးတွေက မထူးဆန်းတော့ဘူးဆိုပြီး ကလေးတွေက စဉ်းစားသွားနိုင်တယ်”

သင်ကြားမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ သင်တန်းသေချာတက်ဖို့လိုသလို သင်ရိုးကလည်း ကလေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ စိတ်ပညာရှင်တွေ၊ မြန်မာစာကထိကတွေက ညှိနှိုင်းပြီးမှ ရေးဆွဲသင့်တယ်လို့လည်း ဒေါ်အိအိအောင်က အကြံပြုထားပါတယ်။

ညီမျှခြင်းမြန်မာက ဦးအောင်မျိုးမင်းကတော့ စာထဲကအတိုင်း ဘာသာရပ်တစ်ခုအနေနဲ့ပဲ သင်ကြားမယ်ဆိုရင် အသုံးမဝင်နိုင်ဘူးလို့ ထောက်ပြပါတယ်။

“ဒါကိုသင်တဲ့အခါ စာကြီးပဲ စာတွေ့ပုံစံမျိုး မဟုတ်ဘဲနဲ့ သူတို့မြင်နိုင်တွေ့နိုင်တဲ့ ဥပမာ ရုပ်ပုံလေးတွေနဲ့ အချင်းချင်းဝိုင်းဖွဲ့ပြီးတော့ သက်တောင့်သက်သာနဲ့ ဝိုင်းဖွဲ့ပြီး သင်တာမျိုး ထိုင်းမှာ သင်ကြားတာတွေ့ရတယ်၊ ကလေးတွေက စူုးစမ်းတယ်၊ စပ်စုတယ်၊ မေးခွန်းတွေမေးတယ်၊ ဆရာနဲ့ ကျောင်းသားကြားမှာ ပွင့်လင်းမှုုဖြစ်ပြီး သူတို့သိချင်တာကိုမေးလာတယ် အဲဒါကောင်းတယ်။ အဲဒါမျိုးမဟုတ်ဘဲ စာအနေနဲ့ ဘာသာရပ် တစ်ခုအနေနဲ့ သင်မယ်ဆိုရင်တော့ သိပ်ပြီး အသုံးမဝင်တာ တွေ့ရတယ်”

ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ဟာ ၁၉၉၈ ထဲက စတင်ပြီး သင်ရိုးတစ်ခုအနေနဲ့ သင်ကြားခဲ့တဲ့ ဘာသာရပ်ဖြစ်ပြီး ဘဝအတွက်လိုအပ်တဲ့လူမှုရေးအခြေခံတွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Grade 1 ကနေ 11 အထိထည့်သွင်း သင်ကြားပေးသွားမှာလို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

“ဘဝတွက်တာ ကျွမ်းကျင်စရာက အခု Grade 10 မှာမှမဟုတ်ဘူး အခုသင်ရိုးအသစ်မှာ Grade 1 ကနေ 11 ထိသင်ဖို့ စီစဉ်ထားတယ်။ sex education လို့ပြောရင် လူတွေက မကောင်းတဲ့ဖက်ကို တွေးကြတယ်၊ လိင်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပဲ မရှက်မကြောက် ဒါတွေဟာ ကလေးတွေကို သင်ဖို့ အဆင်မပြေဘူး ဒါကိုသင်လိုက်လို့ မဟုတ်တာတွေကို အတုယူသွားလိမ့်မယ်လို့ ဒီလို အတွေးတွေးတဲ့သူတွေလည်း ရှိလိမ့်မယ်။ ဒါက တစ်ခုတည်းကို သွားတာမဟုတ်ပါဘူး၊ ကူးစက်ရောဂါပိုးတွေ အကုန်ပါတယ် ဒီရောဂါတွေ ဘယ်လိုကူးစက်တယ် မကူးစက်အောင် ဘယ်လိုရှောင်ရှားရမယ်ဆိုတာတွေပါပါတယ်”

၁၉၉၈ ခုနှစ်ထဲက ရေးဆွဲထားတဲ့သင်ရိုးမှာ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ သင်ရိုး၊ အသက်အရွယ်အလိုက် ပေးရမယ့် အချက်အလက်တွေကို သင်ရိုးသစ် ပြောင်းလဲရေးဆွဲတယ်လို့ ပြောပါတယ်။

သင်ရိုးသစ်ရေးဆွဲရာမှာ ပြည်တွင်း၊ ပြည်ပ သက်ဆိုင်ရာ ပညာရှင်တွေ အပါအဝင်၊ တက္ကသိုလ်တွေက သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင် ပါမောက္ခတွေနဲ့ အခြေခံပညာဦးစီးဌာနက လက်တွေ့သင်ကြားရမယ့် ဆရာ၊ ဆရာမတွေ ပါဝင်ရေးဆွဲတာဖြစ်ပြီး တစ်နှစ်ကျော်အချိန်ယူ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ Grade 4၊ 7 နဲ့ 10 တို့အတွက် သင်ရိုးသစ်ရေးဆွဲတာဖြစ်ပြီး လာမယ့်နှစ်မှာ Grade 5၊ 8၊ 11 ကို သင်ရိုးသစ်ပြောင်းလဲမှာဖြစ်ပါတယ်။

RFA Burmese

၂၀၂၀- ၂၀၂၁ စာသင္ႏွစ္အတြက္ အေျခခံပညာသင္႐ိုးေတြထဲမွာ မ်ိဳးဆက္ပြား က်န္းမာေရး သင္႐ိုးအသစ္ထည့္သြင္းဖို႔ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေနပါတယ္။ မ်ိဳးဆက္ပြား က်န္းမာေရး သင္႐ိုးသစ္ ထည့္သြင္းသင္ၾကားဖို႔ သင့္၊ မသင့္ အျငင္းပြားမႈေတြ ျဖစ္ေနပါတယ္။

Grade 4၊ 7 နဲ႔ 10 တို႔အတြက္ ဘဝတြက္တာကြၽမ္းက်င္စရာ ဘာသာရပ္မွာ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္တဲ့ သင္႐ိုးသစ္ထည့္သြင္းထားတာ ျဖစ္ပါတယ္။

အဲဒီအထဲက Grade 10 အတြက္ သင္႐ိုး ပုဒ္စာတခ်ိဳ႕ ေဖ့ဘြခ္တ္လူမႈကြန္ရက္ စာမ်က္ႏွာေပၚ ပ်ံ႕ႏွံ႔လာၿပီး သင္သင့္တယ္ မသင္သင့္ဘူးဆိုတာ အျငင္းပြားမႈေတြျဖစ္ေနၾကပါတယ္။

မ်ိဳးဆက္ပြား က်န္းးမာေရးနဲ႔ပတ္သက္ၿပီး သင္ၾကားရာမွာ မလိုလားအပ္တာေတြ မျဖစ္လာေစဖို႔နဲ႔ ကူးစက္ေရာဂါပိုးေတြအေၾကာင္း စတဲ့အေၾကာင္းအရာေတြကို အဓိကထားသင္ၾကား ေပးရမယ္လို႔ ေဒါက္တာ ဝင္းကိုကိုသိန္းက ေျပာပါတယ္။

“ေျပာတာေတာ့ ေျပာရမွာပဲ ဒါနဲ႔ပတ္သက္ၿပီး ဘာကိုေဇာင္းေပးရမလဲဆိုေတာ့ မလိုလားအပ္ဘဲ ကိုယ္ဝန္ေဆာင္ရတာမ်ိဳး လိင္ေၾကာင့္ျဖစ္တဲ့ ကူးစက္ေရာဂါပိုးေတြ ဒါေတြမျဖစ္ေအာင္ ရည္႐ြယ္ခ်က္ထားရမယ္ ၿပီးေတာ့ ဒီလိင္ကိစၥဟာ သဘာဝပဲ ဆိုတာသိရမယ္ အလြန္အမင္း စိတ္ဝင္စားတာမ်ိဳးမဟုတ္ရင္ ပုံမွန္ဆိုတာ သင္ကိုသင္ရမယ္ မသင္လို႔မရဘူး အဲဒါမ်ိဳးသြားရမွာပါ”

ပ်ံ႕ႏွံ႔လာတဲ့ ပုဒ္စာတခ်ိဳ႕မွာ ထြန္းထြန္းနဲ႔ ခ်ိဳခ်ိဳ သူငယ္ခ်င္း ႏွစ္ဦးထဲရွိေနခ်ိန္ စိတ္လႈပ္ရွားေနစဥ္ အိမ္ေဘးက အေဒၚႀကီးေရာက္ေၾကာင္းနဲ႔ အဲဒီအေဒၚႀကီးေရာက္မလာရင္ ဘာျဖစ္မလဲဆိုတဲ့ စာပိုဒ္နဲ႔ လိင္တူဆက္ဆံမႈတစ္ခုအေၾကာင္း ျဖစ္ပါတယ္။ လိင္တူဆက္ဆံမႈအေၾကာင္း သင္ၾကားတာကို လက္မခံႏိုင္တဲ့ မိဘေတြလည္းရွိေနပါတယ္။

မ်ိဳးဆက္ပြားက်န္းမာေရးကို လက္ခံေပမယ့္ သင္ၾကားမႈမွာ တလြဲအယူျဖစ္သြားမွာကို မိဘတစ္ေယာက္အေနနဲ႔ စိုးရိမ္မိတယ္လို႔ ကေလး ႏွစ္ေယာက္ မိခင္ ေဒၚအိအိေအာင္က ေျပာပါတယ္။

“စိုးရိမ္မိတာေပါ့ အဓိကက ဘာလဲဆိုေတာ့ ဒႆမတန္းမွာ အမ်ိဳးသားအခ်င္းခ်င္း ဟိုမိုနဲ႔ ပတ္သက္တာ သင္ရတယ္၊ ျမန္မာ့ယဥ္ေက်းမႈ ဓေလ့ထုံးစံအရ ဒါႀကီးက သိသာသိေစ မျမင္ေစနဲ႔ဆိုတဲ့အဆင့္မ်ိဳးပဲ ရွိေသးတယ္၊ စာမ်က္ႏွာေတြေပၚမွာ ဥပေဒအရ ေပၚေပၚတင္တင္လုပ္လို႔မရ ဒီစာေတြကိုဖတ္ရတဲ့အခါ ေက်ာင္းမွာသင္ရတဲ့အခါ ဒါမ်ိဳးေတြက မထူးဆန္းေတာ့ဘူးဆိုၿပီး ကေလးေတြက စဥ္းစားသြားႏိုင္တယ္”

သင္ၾကားမယ့္ ဆရာ၊ ဆရာမေတြအေနနဲ႔ သင္တန္းေသခ်ာတက္ဖို႔လိုသလို သင္႐ိုးကလည္း ကေလးနဲ႔ ပတ္သက္တဲ့ ကြၽမ္းက်င္သူေတြ စိတ္ပညာရွင္ေတြ၊ ျမန္မာစာကထိကေတြက ညႇိႏႈိင္းၿပီးမွ ေရးဆြဲသင့္တယ္လို႔လည္း ေဒၚအိအိေအာင္က အႀကံျပဳထားပါတယ္။

ညီမွ်ျခင္းျမန္မာက ဦးေအာင္မ်ိဳးမင္းကေတာ့ စာထဲကအတိုင္း ဘာသာရပ္တစ္ခုအေနနဲ႔ပဲ သင္ၾကားမယ္ဆိုရင္ အသုံးမဝင္ႏိုင္ဘူးလို႔ ေထာက္ျပပါတယ္။

“ဒါကိုသင္တဲ့အခါ စာႀကီးပဲ စာေတြ႕ပုံစံမ်ိဳး မဟုတ္ဘဲနဲ႔ သူတို႔ျမင္ႏိုင္ေတြ႕ႏိုင္တဲ့ ဥပမာ ႐ုပ္ပုံေလးေတြနဲ႔ အခ်င္းခ်င္းဝိုင္းဖြဲ႕ၿပီးေတာ့ သက္ေတာင့္သက္သာနဲ႔ ဝိုင္းဖြဲ႕ၿပီး သင္တာမ်ိဳး ထိုင္းမွာ သင္ၾကားတာေတြ႕ရတယ္၊ ကေလးေတြက စူုးစမ္းတယ္၊ စပ္စုတယ္၊ ေမးခြန္းေတြေမးတယ္၊ ဆရာနဲ႔ ေက်ာင္းသားၾကားမွာ ပြင့္လင္းမႈုျဖစ္ၿပီး သူတို႔သိခ်င္တာကိုေမးလာတယ္ အဲဒါေကာင္းတယ္။ အဲဒါမ်ိဳးမဟုတ္ဘဲ စာအေနနဲ႔ ဘာသာရပ္ တစ္ခုအေနနဲ႔ သင္မယ္ဆိုရင္ေတာ့ သိပ္ၿပီး အသုံးမဝင္တာ ေတြ႕ရတယ္”

ဘဝတြက္တာကြၽမ္းက်င္စရာ ဘာသာရပ္ဟာ ၁၉၉၈ ထဲက စတင္ၿပီး သင္႐ိုးတစ္ခုအေနနဲ႔ သင္ၾကားခဲ့တဲ့ ဘာသာရပ္ျဖစ္ၿပီး ဘဝအတြက္လိုအပ္တဲ့လူမႈေရးအေျခခံေတြကို သင္ၾကားေပးတာ ျဖစ္ပါတယ္။

မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို Grade 1 ကေန 11 အထိထည့္သြင္း သင္ၾကားေပးသြားမွာလို႔ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

“ဘဝတြက္တာ ကြၽမ္းက်င္စရာက အခု Grade 10 မွာမွမဟုတ္ဘူး အခုသင္႐ိုးအသစ္မွာ Grade 1 ကေန 11 ထိသင္ဖို႔ စီစဥ္ထားတယ္။ sex education လို႔ေျပာရင္ လူေတြက မေကာင္းတဲ့ဖက္ကို ေတြးၾကတယ္၊ လိင္နဲ႔ပတ္သက္တဲ့ကိစၥေတြကိုပဲ မရွက္မေၾကာက္ ဒါေတြဟာ ကေလးေတြကို သင္ဖို႔ အဆင္မေျပဘူး ဒါကိုသင္လိုက္လို႔ မဟုတ္တာေတြကို အတုယူသြားလိမ့္မယ္လို႔ ဒီလို အေတြးေတြးတဲ့သူေတြလည္း ရွိလိမ့္မယ္။ ဒါက တစ္ခုတည္းကို သြားတာမဟုတ္ပါဘူး၊ ကူးစက္ေရာဂါပိုးေတြ အကုန္ပါတယ္ ဒီေရာဂါေတြ ဘယ္လိုကူးစက္တယ္ မကူးစက္ေအာင္ ဘယ္လိုေရွာင္ရွားရမယ္ဆိုတာေတြပါပါတယ္”

၁၉၉၈ ခုႏွစ္ထဲက ေရးဆြဲထားတဲ့သင္႐ိုးမွာ ေခတ္စနစ္နဲ႔ ကိုက္ညီတဲ့ သင္႐ိုး၊ အသက္အ႐ြယ္အလိုက္ ေပးရမယ့္ အခ်က္အလက္ေတြကို သင္႐ိုးသစ္ ေျပာင္းလဲေရးဆြဲတယ္လို႔ ေျပာပါတယ္။

သင္႐ိုးသစ္ေရးဆြဲရာမွာ ျပည္တြင္း၊ ျပည္ပ သက္ဆိုင္ရာ ပညာရွင္ေတြ အပါအဝင္၊ တကၠသိုလ္ေတြက သက္ဆိုင္ရာ ဘာသာရပ္ကြၽမ္းက်င္ ပါေမာကၡေတြနဲ႔ အေျခခံပညာဦးစီးဌာနက လက္ေတြ႕သင္ၾကားရမယ့္ ဆရာ၊ ဆရာမေတြ ပါဝင္ေရးဆြဲတာျဖစ္ၿပီး တစ္ႏွစ္ေက်ာ္အခ်ိန္ယူ ေရးဆြဲခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီႏွစ္မွာ Grade 4၊ 7 နဲ႔ 10 တို႔အတြက္ သင္႐ိုးသစ္ေရးဆြဲတာျဖစ္ၿပီး လာမယ့္ႏွစ္မွာ Grade 5၊ 8၊ 11 ကို သင္႐ိုးသစ္ေျပာင္းလဲမွာျဖစ္ပါတယ္။

RFA Burmese

Be the first to comment

Leave a Reply

Your email address will not be published.


*