data-language="en">

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် တရားစွဲခံရတဲ့ အမှု (၄)မှု အကျဉ်းချုပ်

ပထမ အမှု

လမ်းဦးစီးကို ငွေ နှစ် ဘီလီယံ နီးပါး တစ်လုံး တစ်ခဲတည်း ချပေးခဲ့တယ်၊ အဲဒီနောက် ဒေါက်တာလဲ့လဲ့မော် ခင်ပွန်း နာမည်နဲ့ ဝယ်ထားတဲ့ မြေကွက်ကို လမ်းဦးစီးကို အုတ်ခြံစည်ရုံးကာပေးဖို့ စေခိုင်းခဲ့တယ်ဆိုတဲ့ အမှုပါ။

အဲဒီ မြေကွက်ဟာ ထားဝယ်မြို့က အဓိက လမ်းမကြီး တစ်ခု ဖြစ်တဲ့ ဆေးရုံ လမ်းမှာ ရှိတဲ့ မြေကွက်ပါ။

အဲဒီ အမှုကို ရာဇဝတ်မှု အမှတ် ၁/၂၀၁၉ နဲ့ တရားစွဲခဲ့ပါတယ်။ တရားလိုနဲ့ တရားခံပြ သက်သေ စုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ဒေါက်တာလဲ့လဲ့မော်ကတော့ ခြံစည်းရိုးခတ်တာကို ပြင်ပ အင်ဂျင်နီယာနဲ့သာ လုပ်ကိုင်ခဲ့တယ်လို့ ပြန်ရှင်းထားပါတယ်။

ဒါပေမဲ့ အုတ်ခြံစည်းရိုးနဲ့ ရေမြောင်းအတွက် ကုန်ကျစရိတ် သိန်း ၁၄၀ ကျော်ကို အဂတိလိုက်စားမှု ကော်မရှင်က စုံစမ်းစစ်ဆေးတဲ့ အချိန်ရောက်မှ ပေးချေခဲ့တယ်လို့ ပြင်ပ အင်ဂျင်နီယာ ဒေါ်မိမိစံက တရားရုံးမှာ ထွက်ဆိုထားပါတယ်။

ဒုတိယ အမှု

လူထုအကြား နာမည်ကျော်တဲ့ လေယာဉ်ကွင်းခြုံရှင်းတဲ့ အမှုပါ။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလ ျှံရန်ပုံငွေ ကျပ်သိန်း လေးထောင်ကို အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းခဲ့တဲ့ အမှု ဖြစ်ပါတယ်။

လေယာဉ်ကွင်းထဲ ခြုံရှင်းဖို့၊ ခြံစည်းရိုး ခတ်ဖို့နဲ့ လေဆိပ် အဆောက်အအုံ ပြင်ဖို့ လုပ်ငန်းသုံးရပ် အတွက် တိုင်းအစိုးရက ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာ လဲ့လဲ့မော်က ဆိုပါတယ်။

ဒါပေမဲ့ တကယ့် မြေပြင်မှာတော့ ခြုံရှင်းတာ တစ်ခုတည်း လုပ်ခဲ့ပါတယ်။

အဲဒါကို တိုင်းအစိုးရ တစ်ဖွဲ့လုံး မသိဘူးလို့ ဒေါက်တာ လဲ့လဲ့မော်က ဆိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနက တင်ပြတာ မရှိတဲ့ အတွက် တိုင်းအစိုးရက မသိဘူးလို့ သူမကဆိုပါတယ်။ ဒါကြောင့် အဲဒီ အမှုမှာ အဂတိလိုက်စားမှု မရှိဘူး၊ အပြစ်မရှိဘူးလို့ ဒေါက်တာလဲ့လဲ့မော်က ဆိုထားပါတယ်။

ဒီအမှုမှာတော့တရားလိုနဲ့တရားခံပြသက်သေစုစုပေါင်း ၂ဝဦးကို စစ်ဆေးထားပါတယ်။ လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်လည်း တရားခံပြ သက်သေအဖြစ် အစစ်ခံထားပါတယ်။

တတိယ အမှု

GGS ကုမ္ပဏီက ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုး ပေးရမဲ့ အကြွေးနဲ့ ပတ်သက်တဲ့ အမှု ဖြစ်ပါတယ်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ တိုင်းအစိုးရအဖွဲ့နဲ့ GGS ကုမ္ပဏီတို့ ချုပ်ဆိုထားခဲ့ပါတယ်။

အဲဒီ စာချုပ်ကို ကွက်လပ်စာချုပ်လို့ လူသိများပါတယ်။ စာချုပ်ချုပ်တဲ့ အချိန်မှာ ကွပ်လပ်တွေ ဖြစ်နေတာ၊ နောက်ပြီး GGS ကို လ ျှပ်စစ်ထုတ်လုပ်ရောင်းချရေး အတွက် ရွေးချယ်ဖို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးနဲ့ မဆုံးဖြတ်မီ သုံးလလောက်ကတည်းက စာချုပ်ချုပ်ဆိုတာတွေ တရားရုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။

ဆိုလိုတာက တိုင်းအစိုးရအဖွဲ့ အစည်းအဝေး နဲ့ မဆုံးဖြတ်မီကတည်းက စာချုပ်က ချုပ်နှင့်နေပြီး ဖြစ်နေတာပါ။

အဲဒီအမှုမှာ တရားလိုနဲ့ တရားခံပြသက်သေ စုစုပေါင်း ၂၇ ဦးကို စစ်ဆေးထားပါတယ်။

စတုတ္ထ အမှု

အမှုကတော့ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နဲ့မြေကို GGS ကုမ္ပဏီကို ရောင်းတယ်၊ နောက်ပြီး အဲဒီ ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းတွေ ချပေးတယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။

သရက်ချောင်းမြို့နယ် မှာရှိတဲ့ အဲဒီ အိမ်နဲ့ မြေကို ကျပ် သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီက ဝယ်ခဲ့ပါတယ်။ နောက်ပြီး သရက်ချောင်း ငါးလေလံစျေး၊ ပုလောမြို့နယ် ခန်းမ၊ နေပြည်တော်မှာ ရှိတဲ့ တိုင်းအစိုးရ ဧည့်ရိပ်သာတွေ ဆောက်ဖို့ လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အဲဒီအမှုမှာတော့ တရားလိုနဲ့ တရားခံပြသက်သေ စုစုပေါင်း ၂၆ ဦးကို စစ်ဆေးထားပါတယ်။

GGS နဲ့ ပတ်သက်တဲ့ တတိယအမှုနဲ့ စတုတ္ထအမှုတွေမှာ GGS ကုမ္ပဏီက တာဝန်ရှိသူတွေဖြစ်တဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဦးအောင်မြတ်နဲ့ မန်နေဂျာ ဦးသူရအုံတို့ကိုလည်း တရားစွဲထားပါတယ်။

ဦးသိန်းထွေးကတော့ တနင်္သာရီတိုင်းထဲက ကိစ္စတွေကို ဆောင်ရွက်ဖို့ ဦးအောင်မြတ်ကို တာဝန်ပေးထားတယ်လို့ ထွက်ဆိုထားပါတယ်။ သူ ဒေါက်တာလဲ့လဲ့မော် အိမ်မြေ အရောင်းအဝယ် ကိစ္စ မှာလည်း မပါခဲ့ဘူးလို့ ဆိုထားပါတယ်။ ထားဝယ်ကိုတောင် လ ျှပ်စစ် ထုတ်လုပ်ရောင်းချရေး စာချုပ် ချုပ်တုန်းက တစ်ခေါက်ပဲ ရောက်ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။

တနင်္သာရီတိုင်းထဲကကိစ္စတွေကို ဆောင်ရွက်ဖို့ ဦးအောင်မြတ်ကို တာဝန်ပေးထားတယ်လို့ ဦးသိန်းထွေးက ဆိုပါတယ်။

ဒေါက်တာ လဲ့လဲ့မော် ပထမ အမှု သုံးခု အတွက်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အား ပထမ အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်သည်။

ပထမ အမှု လမ်းဦးစီးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယ အမှု လေယာဉ်ကွင်း ခြုံရှင်းသည့် အမှု နှင့် တတိယ အမှု GGS သဘာဝဓာတ်ငွေ့ အကြွေး ကိစ္စ တို့ ဖြစ်သည်။

တတိယ အမှုတွင် ပါဝင်သော GGS ကုမ္ပဏီမှ တာဝန်ရှိသူ နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

စတုတ္ထ အမှုကို ဆက်လက် အမိန့်ချမည်ဖြစ်သည်။အသေးစိတ်ကို ထပ်မံ တင်ပြသွားပါမည်။

ကိုးကား – Dawei Watch

တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာလဲ့လဲ့ေမာ္ တရားစြဲခံရတဲ့ အမႈ (၄)မႈ အက်ဥ္းခ်ဳပ္

ပထမ အမႈ

လမ္းဦးစီးကုိ ေငြ ႏွစ္ ဘီလီယံ နီးပါး တစ္လုံး တစ္ခဲတည္း ခ်ေပးခဲ့တယ္၊ အဲဒီေနာက္ ေဒါက္တာလဲ့လဲ့ေမာ္ ခင္ပြန္း နာမည္နဲ႔ ၀ယ္ထားတဲ့ ေျမကြက္ကုိ လမ္းဦးစီးကုိ အုတ္ၿခံစည္ရုံးကာေပးဖုိ႔ ေစခုိင္းခဲ့တယ္ဆုိတဲ့ အမႈပါ။

အဲဒီ ေျမကြက္ဟာ ထား၀ယ္ၿမိဳ႕က အဓိက လမ္းမၾကီး တစ္ခု ျဖစ္တဲ့ ေဆးရုံ လမ္းမွာ ရွိတဲ့ ေျမကြက္ပါ။

အဲဒီ အမႈကုိ ရာဇ၀တ္မႈ အမွတ္ ၁/၂၀၁၉ နဲ႔ တရားစြဲခဲ့ပါတယ္။ တရားလိုနဲ႔ တရားခံျပ သက္ေသ စုစုေပါင္း ၂၂ ေယာက္ကုိ စစ္ေဆးခ့ဲပါတယ္။ေဒါက္တာလဲ့လဲ့ေမာ္ကေတာ့ ၿခံစည္းရုိးခတ္တာကုိ ျပင္ပ အင္ဂ်င္နီယာနဲ႔သာ လုပ္ကိုင္ခဲ့တယ္လို႔ ျပန္ရွင္းထားပါတယ္။

ဒါေပမဲ့ အုတ္ၿခံစည္းရုိးနဲ႔ ေရေျမာင္းအတြက္ ကုန္က်စရိတ္ သိန္း ၁၄၀ ေက်ာ္ကုိ အဂတိလိုက္စားမႈ ေကာ္မရွင္က စုံစမ္းစစ္ေဆးတဲ့ အခ်ိန္ေရာက္မွ ေပးေခ်ခဲ့တယ္လို႔ ျပင္ပ အင္ဂ်င္နီယာ ေဒၚမိမိစံက တရားရုံးမွာ ထြက္ဆုိထားပါတယ္။

ဒုတိယ အမႈ

လူထုအၾကား နာမည္ေက်ာ္တဲ့ ေလယာဥ္ကြင္းၿခဳံရွင္းတဲ့ အမႈပါ။

၂၀၁၆-၁၇ ဘ႑ာႏွစ္ အေထြေထြ ပုိလ ွ်ံရန္ပုံေငြ က်ပ္သိန္း ေလးေထာင္ကုိ အသုံးျပဳၿပီး ထား၀ယ္ေလယာဥ္ကြင္း ၿခဳံရွင္းခဲ့တဲ့ အမႈ ျဖစ္ပါတယ္။

ေလယာဥ္ကြင္းထဲ ၿခဳံရွင္းဖုိ႔၊ ၿခံစည္းရုိး ခတ္ဖုိ႔နဲ႔ ေလဆိပ္ အေဆာက္အအုံ ျပင္ဖုိ႔ လုပ္ငန္းသုံးရပ္ အတြက္ တုိင္းအစုိးရက ေဆြးေႏြးဆုံးျဖတ္ခဲ့တယ္လို႔ ေဒါက္တာ လဲ့လဲ့ေမာ္က ဆုိပါတယ္။

ဒါေပမဲ့ တကယ့္ ေျမျပင္မွာေတာ့ ၿခဳံရွင္းတာ တစ္ခုတည္း လုပ္ခဲ့ပါတယ္။

အဲဒါကုိ တုိင္းအစုိးရ တစ္ဖြဲ႕လုံး မသိဘူးလို႔ ေဒါက္တာ လဲ့လဲ့ေမာ္က ဆုိပါတယ္။ သက္ဆုိင္ရာ တာ၀န္ရွိတဲ့ ဌာနက တင္ျပတာ မရွိတဲ့ အတြက္ တုိင္းအစုိးရက မသိဘူးလို႔ သူမကဆုိပါတယ္။ ဒါေၾကာင့္ အဲဒီ အမႈမွာ အဂတိလိုက္စားမႈ မရွိဘူး၊ အျပစ္မရွိဘူးလို႔ ေဒါက္တာလဲ့လဲ့ေမာ္က ဆုိထားပါတယ္။

ဒီအမႈမွာေတာ့တရားလိုနဲ႔တရားခံျပသက္ေသစုစုေပါင္း ၂၀ဦးကို စစ္ေဆးထားပါတယ္။ လက္ရွိ၀န္ႀကီးခ်ဳပ္ဦးျမင့္ေမာင္လည္း တရားခံျပ သက္ေသအျဖစ္ အစစ္ခံထားပါတယ္။

တတိယ အမႈ

GGS ကုမၸဏီက ေပးရမယ့္ သဘာ၀ဓာတ္ေငြ႕ဖိုး ေပးရမဲ့ အေၾကြးနဲ႔ ပတ္သက္တဲ့ အမႈ ျဖစ္ပါတယ္။

ထား၀ယ္ခရိုင္အတြင္း လွ်ပ္စစ္ထုတ္လုပ္ေရာင္းခ်ျခင္းဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလမွာ တိုင္းအစိုးရအဖြဲ႕နဲ႔ GGS ကုမၸဏီတို႔ ခ်ဳပ္ဆိုထားခဲ့ပါတယ္။

အဲဒီ စာခ်ဳပ္ကုိ ကြက္လပ္စာခ်ဳပ္လို႔ လူသိမ်ားပါတယ္။ စာခ်ဳပ္ခ်ဳပ္တဲ့ အခ်ိန္မွာ ကြပ္လပ္ေတြ ျဖစ္ေနတာ၊ ေနာက္ၿပီး GGS ကုိ လ ွ်ပ္စစ္ထုတ္လုပ္ေရာင္းခ်ေရး အတြက္ ေရြးခ်ယ္ဖုိ႔ တုိင္းအစုိးရအဖြဲ႕ အစည္းအေ၀းနဲ႔ မဆုံးျဖတ္မီ သုံးလေလာက္ကတည္းက စာခ်ဳပ္ခ်ဳပ္ဆုိတာေတြ တရားရုံးမွာ သက္ဆုိင္ရာ တာ၀န္ရွိသူက ထြက္ဆုိခဲ့ပါတယ္။

ဆုိလိုတာက တုိင္းအစုိးရအဖြဲ႕ အစည္းအေ၀း နဲ႔ မဆုံးျဖတ္မီကတည္းက စာခ်ဳပ္က ခ်ဳပ္ႏွင့္ေနၿပီး ျဖစ္ေနတာပါ။

အဲဒီအမႈမွာ တရားလိုနဲ႔ တရားခံျပသက္ေသ စုစုေပါင္း ၂၇ ဦးကို စစ္ေဆးထားပါတယ္။

စတုတၳ အမႈ

အမႈကေတာ့ ေဒါက္တာလဲ့လဲ့ေမာ္ မိသားစုပုိင္ အိမ္နဲ႔ေျမကုိ GGS ကုမၸဏီကုိ ေရာင္းတယ္၊ ေနာက္ၿပီး အဲဒီ ကုမၸဏီကုိ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ခ်ေပးတယ္ဆုိၿပီး စြပ္စြဲခံထားရတာပါ။

သရက္ေခ်ာင္းၿမိဳ႕နယ္ မွာရွိတဲ့ အဲဒီ အိမ္နဲ႔ ေျမကုိ က်ပ္ သိန္း ၂၀၀၀ နဲ႔ GGS ကုမၸဏီက ၀ယ္ခဲ့ပါတယ္။ ေနာက္ၿပီး သရက္ေခ်ာင္း ငါးေလလံေစ်း၊ ပုေလာၿမိဳ႕နယ္ ခန္းမ၊ ေနျပည္ေတာ္မွာ ရွိတဲ့ တုိင္းအစုိးရ ဧည့္ရိပ္သာေတြ ေဆာက္ဖုိ႔ လုပ္ပုိင္ခြင့္ေပးခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။

အဲဒီအမႈမွာေတာ့ တရားလိုနဲ႔ တရားခံျပသက္ေသ စုစုေပါင္း ၂၆ ဦးကို စစ္ေဆးထားပါတယ္။

GGS နဲ႔ ပတ္သက္တဲ့ တတိယအမႈနဲ႔ စတုတၳအမႈေတြမွာ GGS ကုမၸဏီက တာ၀န္ရွိသူေတြျဖစ္တဲ့ မန္ေနဂ်င္း ဒါရုိက္တာ ဦးသိန္းေထြး၊ ဦးေအာင္ျမတ္နဲ႔ မန္ေနဂ်ာ ဦးသူရအုံတုိ႔ကုိလည္း တရားစြဲထားပါတယ္။

ဦးသိန္းေထြးကေတာ့ တနသၤာရီတုိင္းထဲက ကိစၥေတြကို ေဆာင္ရြက္ဖုိ႔ ဦးေအာင္ျမတ္ကုိ တာ၀န္ေပးထားတယ္လို႔ ထြက္ဆုိထားပါတယ္။ သူ ေဒါက္တာလဲ့လဲ့ေမာ္ အိမ္ေျမ အေရာင္းအ၀ယ္ ကိစၥ မွာလည္း မပါခဲ့ဘူးလို႔ ဆုိထားပါတယ္။ ထား၀ယ္ကုိေတာင္ လ ွ်ပ္စစ္ ထုတ္လုပ္ေရာင္းခ်ေရး စာခ်ဳပ္ ခ်ဳပ္တုန္းက တစ္ေခါက္ပဲ ေရာက္ဖူးတယ္လို႔ ေျပာဆုိခဲ့ပါတယ္။

တနသၤာရီတိုင္းထဲကကိစၥေတြကို ေဆာင္ရြက္ဖို႔ ဦးေအာင္ျမတ္ကို တာ၀န္ေပးထားတယ္လို႔ ဦးသိန္းေထြးက ဆိုပါတယ္။

ေဒါက္တာ လဲ့လဲ့ေမာ္ ပထမ အမႈ သုံးခု အတြက္ေထာင္ဒဏ္ ၁၀ နွစ္စီ ခ်မွတ္ခံရ

အဂတိလိုက္စားမႈျဖင့္ တရားစြဲဆုိျခင္း ခံထားရေသာ တနသၤာရီတုိင္းေဒသႀကီး ၀န္ၾကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ အား ပထမ အမႈ သုံးခု အတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံရန္ တနသၤာရီတုိင္းေဒသႀကီး တရားရုံးက အမိန္႔ ခ်မွတ္လိုက္သည္။

ပထမ အမႈ လမ္းဦးစီးသုိ႔ ဘ႑ာေငြ တစ္လုံးတစ္ခဲတည္းခ်ေပးမႈႏွင့္ ၿခံစည္းရုိးကာရံမႈ၊ ဒုတိယ အမႈ ေလယာဥ္ကြင္း ၿခဳံရွင္းသည့္ အမႈ ႏွင့္ တတိယ အမႈ GGS သဘာ၀ဓာတ္ေငြ႕ အေၾကြး ကိစၥ တုိ႔ ျဖစ္သည္။

တတိယ အမႈတြင္ ပါ၀င္ေသာ GGS ကုမၸဏီမွ တာ၀န္ရွိသူ ႏွစ္ဦးကုိလည္း ေထာင္ဒဏ္ ၁၀ နွစ္စီ ခ်မွတ္လုိက္သည္။

စတုတၳ အမႈကုိ ဆက္လက္ အမိန္႔ခ်မည္ျဖစ္သည္။အေသးစိတ္ကုိ ထပ္မံ တင္ျပသြားပါမည္။

ကိုးကား – Dawei Watch

Be the first to comment

Leave a Reply

Your email address will not be published.


*