data-language="en">

“အခုတောင်းမစားရတော့ပါဘူး။ အလှူရှင်များနဲ့ မျှဝေပေးကြသူများကို အသက်နဲ့ ရင်းပြီး ကျေးဇူးတင်ပါတယ်”

ယောက်ျားက မယားငယ်ယူပြီး၊ ယောက္ခမနဲ့ အုပ်ချုပ်ရေးမှူးက မောင်းထုတ်ခံရလို့ တောင်းစားနေရတဲ့ ဒုက္ခသည်သားအမိ အလှူငွေများရရှိ

မေ (၂၂) AlinnMyay(အလင်းမြေ)

ပြီးခဲ့တဲ့ ရက်ပိုင်းက ခင်ပွန်းဖြစ်သူက နောက်အိမ်ထောင်ပြုသွားပြီး ယောက္ခမနဲ့ အုပ်ချုပ်ရေးမှူးက မောင်းထုတ်ခံရတယ်ဟုဆိုကာ ကလေးနှစ်ယောက်နဲ့ နေစရာ စားစရာမရှိ၊ နေပူမရှောင်၊ ရောဂါမကြောက် လမ်းတစ်ကာမှာ လှည့်လည်တောင်းရမ်းစားသောက် ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့ မဇင်မာ ဆိုသူ အမျိုးသမီးတစ်ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက် အပိုင်း-၉ မှာ ဒါ်မိုးမိုးဆိုသူ အမျိုးသမီးတစ်ဦးမှ ကူညီခေါ်ဆောင်ပြီး အသိတစ်ဦးပိုင်ဆိုင်ပြီး လူမနေတဲ့ တဲငယ်တစ်ခုမှာ နေခိုင်းထားတယ်လို့လည်း သိရပါတယ်။ ထိုမှတစ်ဆင့် မန္တလေးမြို့ ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာမှ တွေ့ရှိခဲ့ပြီး ၄င်း သားအမိသုံးယောက်အတွက် အလှူရှင်များ ပေါ်ပေါက်လာစေရန် AlinnMyay(အလင်းမြေ) မီဒီယာသို့ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ပါတယ်။

ထို့ကြောင့် ၂၀၂၀ ခုနှစ် မေလ (၁၇) ရက်နေ့က “AlinnMyay” လူမှုကွန်ယက်စာမျက်နှာမှာ အများပြည်သူ အလှူရှင်တွေသိအောင် ဖော်ပြပေးခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အလှူရှင် အချို့ ပေါ်ပေါက်လာပြီး ကလေးနှစ်ယောက်နဲ့ ဒုက္ခရောက်နေတဲ့ မဇင်မာ အတွက် မန္တလေးမြို့ ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာထံကို အွန်လိုင်းပေါ်ကနေတစ်ဆင့် အလှူငွေများ ကူညီ ပေးအပ် လှူဒါန်းမှုများ ရရှိခဲ့တဲ့ အကြောင်းကို တင်ပြပေးလိုက်ပါတယ်။

ကာယကံရှင်ဖြစ်တဲ့ မဇင်မာမှ အလှူငွေများလှူပေးကြတဲ့ ကျေးဇူးရှင်များကို အသက်နဲ့ရင်းပြီး ကျေးဇူးတင်ကြောင်းအခုလိုပြောပါတယ်။

အဆိုပါ သားအမိသုံးယောက်အား စာနာပေးလှူ ကူညီပေးလိုသည့် စေတနာရှင် သူတော်ကောင်းတို့ အနေဖြင့် လှူဒါန်းလိုပါက ဖုန်း – 09777462227 ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ ထံသို့ ဆက်သွယ်၍ ကိုယ်တိုင်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပေးလှူနိုင်ပါကြောင်း လေးစွာ အသိပေးလိုက်ပါတယ်။

ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ ဖုန်း – 09777462227


#AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

“အခုေတာင္းမစားရေတာ့ပါဘူး။ အလႉရွင္မ်ားနဲ႔ မၽွေဝေပးၾကသူမ်ားကို အသက္နဲ႔ ရင္းၿပီး ေက်းဇူးတင္ပါတယ္”

ေယာက္်ားက မယားငယ္ယူၿပီး၊ ေယာကၡမနဲ႔ အုပ္ခ်ဳပ္ေရးမႉးက ေမာင္းထုတ္ခံရလို႔ ေတာင္းစားေနရတဲ့ ဒုကၡသည္သားအမိ အလႉေငြမ်ားရရွိ

ေမ (၂၂) AlinnMyay(အလင္းေျမ)

ၿပီးခဲ့တဲ့ ရက္ပိုင္းက ခင္ပြန္းျဖစ္သူက ေနာက္အိမ္ေထာင္ျပဳသြားၿပီး ေယာကၡမနဲ႔ အုပ္ခ်ဳပ္ေရးမႉးက ေမာင္းထုတ္ခံရတယ္ဟုဆိုကာ ကေလးႏွစ္ေယာက္နဲ႔ ေနစရာ စားစရာမရွိ၊ ေနပူမေရွာင္၊ ေရာဂါမေၾကာက္ လမ္းတစ္ကာမွာ လွည့္လည္ေတာင္းရမ္းစားေသာက္ ကေလးႏွစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ေနရတဲ့ မဇင္မာ ဆိုသူ အမ်ိဳးသမီးတစ္ဦးကို မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဋ) ရပ္ကြက္ အပိုင္း-၉ မွာ ဒၚမိုးမိုးဆိုသူ အမ်ိဳးသမီးတစ္ဦးမွ ကူညီေခၚေဆာင္ၿပီး အသိတစ္ဦးပိုင္ဆိုင္ၿပီး လူမေနတဲ့ တဲငယ္တစ္ခုမွာ ေနခိုင္းထားတယ္လို႔လည္း သိရပါတယ္။ ထိုမွတစ္ဆင့္ မႏၲေလးၿမိဳ႕ ေဝဇယႏၲာလူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္စြာမွ ေတြ႕ရွိခဲ့ၿပီး ၄င္း သားအမိသုံးေယာက္အတြက္ အလႉရွင္မ်ား ေပၚေပါက္လာေစရန္ AlinnMyay(အလင္းေျမ) မီဒီယာသို႔ ဆက္သြယ္အကူအညီေတာင္းခံလာခဲ့ပါတယ္။

ထို႔ေၾကာင့္ ၂၀၂၀ ခုႏွစ္ ေမလ (၁၇) ရက္ေန႔က “AlinnMyay” လူမႈကြန္ယက္စာမ်က္ႏွာမွာ အမ်ားျပည္သူ အလႉရွင္ေတြသိေအာင္ ေဖာ္ျပေပးခဲ့ပါတယ္။ ယခုလက္ရွိမွာေတာ့ လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ အလႉရွင္ အခ်ိဳ႕ ေပၚေပါက္လာၿပီး ကေလးႏွစ္ေယာက္နဲ႔ ဒုကၡေရာက္ေနတဲ့ မဇင္မာ အတြက္ မႏၲေလးၿမိဳ႕ ေဝဇယႏၲာလူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္စြာထံကို အြန္လိုင္းေပၚကေနတစ္ဆင့္ အလႉေငြမ်ား ကူညီ ေပးအပ္ လႉဒါန္းမႈမ်ား ရရွိခဲ့တဲ့ အေၾကာင္းကို တင္ျပေပးလိုက္ပါတယ္။

ကာယကံရွင္ျဖစ္တဲ့ မဇင္မာမွ အလႉေငြမ်ားလႉေပးၾကတဲ့ ေက်းဇူးရွင္မ်ားကို အသက္နဲ႔ရင္းၿပီး ေက်းဇူးတင္ေၾကာင္းအခုလိုေျပာပါတယ္။

အဆိုပါ သားအမိသုံးေယာက္အား စာနာေပးလႉ ကူညီေပးလိုသည့္ ေစတနာရွင္ သူေတာ္ေကာင္းတို႔ အေနျဖင့္ လႉဒါန္းလိုပါက ဖုန္း – 09777462227 ေဝဇယႏၲာလူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္စြာ ထံသို႔ ဆက္သြယ္၍ ကိုယ္တိုင္ျဖစ္ေစ၊ အျခားနည္းျဖင့္ ျဖစ္ေစ ေပးလႉနိုင္ပါေၾကာင္း ေလးစြာ အသိေပးလိုက္ပါတယ္။

ေဝဇယႏၲာလူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္စြာ ဖုန္း – 09777462227

#AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit to AlinnMyay

Be the first to comment

Leave a Reply

Your email address will not be published.


*