data-language="en">

မိုးကြိုးပစ်ခံရတဲ့ လူမှုကွန်ယက် ဘုရင်

ဇွန်လ ၂၉.၂၀၂ဝအမုန်းတရား တွေနဲ ့ သတင်းမှာ းတွေကို စောင့်ကြည့် ထိမ်းချုပ်ရာမှာတွန် ့ဆုတ်နေပြီး အာဏာရ အစိုးရတွေရဲ ့ ၀ါဒဖြန်ချီရေး ကိုတွင်တွင်ကျယ် လုပ်ဆောင်နေတဲ့ Facebook ကို နာမည်ကြီး ကုမ္ပဏီ ကြီးတွေက ကြော်ငြာတွေ ထည့်တာတွေရပ်ပစ်ပြီး အစုရှယ်ယာ မလုပ်တော့ပဲပြီးခဲ့သောကြာနေ ့ကစတင်ပြီး သပိတ်မှောက်ခဲ့တာကြောင့်Facebook ရဲ ့ အကျိုးအမြတ် ဒေါ်လာ သန်း ၅၆၀၀ ဆုံးရူံးသွားခဲ့ကြောင်း သိရပါတယ်။

အခုလို Facebook ကို ကမ္ဘာ့ နာမည်ကြီးကုမ္ပဏီကြီးတွေက စတင် ဆန် ့ကျင်ခဲ့လို ့ လူမှုကွန်ယက် ရဲ ့ နာမည်ကျော် နေမအိပ်ညမအိပ် စွဲလန်းရတဲ့ Facebook ဘီလူကြီး ပျောက်ကွယ်တော့မယ့်အခြေစိုက်လာမှာကို စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်နေကြပြီဖြစ်ပါတယ်။

၂၀၀၄ ဖေဖေဓဝါရီ ၄ ရက်နေ ့မှာ February 4, 2004 Harvard University တက္ကသိုလ် ကျောင်းသား Mark Zuckerbergနဲ ့ အဖွဲ ့က လူမှုကွန်ယက် ဆက်သွယ်ရေး Facebook ကို စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်း မှာ အောင်မြင်ခဲ့ပြီး လူကြိုက်များလာလို ့ တမ္ဘာလုံးက မသုံးမဖြစ်မေနေနိုင်အောင် စွဲလမ်းသွားခဲ့တဲ့ လူမှုကွန်ယက်အဖြစ် ယနေ ့တိုင်ရပ်တည်နေခဲ့တာပါ ။

၂၀၂၀ ခုနှစ်အထိ တကမ္ဘာလုံး Facebook သုံးစွဲသူ သန်းပေါင်း ၂၆ဝဝကျော်နဲ ့ ထိတ်ဆုံးကပြေးနေတဲ့ Facebook ကုမ္ပဏီဟာ မသမာသူတွေ -အာဏာရှိသူတွေ- ငွေကြေးရှိသူတွေ လက်ရှိ အစိုးရတွေ ရဲ ့လက်ကိုင်ဒုတ် ဖြစ်လာတယ်လို့ ပညာရှင်တွေကထောက်ပြနေကြပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ စီးပွားရေးလုပ်ငန်းရှင် ဒေါ်နယ်ထရန် ့ အနိုင်ရအောင် နည်းမျိုးနဲ ့ Facebook ကနေ လော်ဘီ (ကြော်ငြာ) လုပ်ပေးခဲ့သလို အုပ်စုအဖွဲ ့ ပါတီတွေ-အာဏာရ အစိုးရတွေက အတိုက်အခံတွေကို နှိပ်ကွတ်တဲ့နေရာမှာ လက်စောင်းထက်တဲ့ လက်နက် အဖြစ် Facebook အကောင့်ပိတ်ပစ်တာ ပေါ်လစီနဲ့ညှိတယ်ဆိုပြီး အမျိုးမျိုး စိတ်အနှောက်ယှက်ပေးတာ သတင်းအချက်လက်တွေ ဖေါက်ယူတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ် ။ဒါကတော့ သူတို့ခန့်ထားတဲ့ဝန်ထမ်းတွေနဲ့ပဲဆိုင်မယ်ထင်ပါတယ်။

အွန်လိုင်း ဟတ်ကာ သူခိုးတွေ -လူလိမ်တွေ -လောင်းကစား သမား မုဒိမ်းသမားတွေအတွက်ကတော့ Facebook မှာ အမဲရှာတဲ့ စျေးကွက်ကြီးဖြစ်လာပြီး Facebook အသုံးပြုပြီး စီးပွားရေးအဆင်ပြေနေကြတာတွေလည်းရှိနေပါတယ်

ဂုဏ်တုဂုဏ်ပြိုင် လုပ်နေသူတွေ ဆယ်လီဆယ့်တလီဖြစ်ချင်နေသူတွေအတွက်လည်း Facebook မှာ “”ဟင့်နော်””..လို ့ သိိဖို့ တို ့စတဲ့ တကြောင်းတည်း ရေးလိုက်တာနဲ ့ like ,share – Follow တသောင်းယူမလား တသိန်း-ယူမလား နောက်လိုက်တွေ သန်းချီ ဝယ်လိုသူတွေအတွက်လည်း ငွေယူ ပြီး အောက်လမ်းနည်း နဲ ့ လုပ်ပေးနေတဲ့ like, Share အတုပွားပေးတဲ့ ဂိုဏ်းတွေလည်း အာရှမှာအများအပြား ပေါ်လာနေတာတွေ ့ရပါတယ်။

အာရှမှာတော့ မြန်မာလူမျိုးတွေတွေဟာ တချိန်လုံး Facebookသုံးနိုင်ကြတာတွေ့နိုင်ပါတယ် မြန်မာ့ လူဦးရေ ငါးဆယ့် လေးသန်းလေးသိန်းကျော် ရှိရာမှာ (54,406,591 ) Sunday, June 28, 2020 အထိFACEBOOKသုံးတဲ့သူ 54,409,800 ) ထိရှိနေပါတယ်တဲ့ ။

( FACEBOOK DATA – JANUARY 31, 2020) အရ ။

ကိုးကား-နိုင်ငံတကာသတင်းများ

SAW







အွန်လိုင်း ဟတ်ကာ သူခိုးတွေ -လူလိမ်တွေ -လောင်းကစား သမား မုဒိမ်းသမားတွေအတွက်ကတော့ Facebook မှာ အမဲရှာတဲ့ ဈေးကွက်ကြီးဖြစ်လာပြီး Facebook အသုံးပြုပြီး စီးပွားရေးအဆင်ပြေနေကြတာတွေလည်းရှိနေပါတယ်

ဂုဏ်တုဂုဏ်ပြိုင် လုပ်နေသူတွေ ဆယ်လီဆယ့်တလီဖြစ်ချင်နေသူတွေအတွက်လည်း Facebook မှာ “”ဟင့်နော်””..လို့  သိဖို့ တို့ စတဲ့ တကြောင်းတည်း ရေးလိုက်တာနဲ့  like ,share – Follow တသောင်းယူမလား တသိန်း-ယူမလား နောက်လိုက်တွေ သန်းချီ ၀ယ်လိုသူတွေအတွက်လည်း ငွေယူ ပြီး အောက်လမ်းနည်း နဲ့  လုပ်ပေးနေတဲ့ like, Share အတုပွားပေးတဲ့ ဂိုဏ်းတွေလည်း အာရှမှာအများအပြား ပေါ်လာနေတာတွေ့ ရပါတယ်။




SAW

Be the first to comment

Leave a Reply

Your email address will not be published.


*