data-language="en">

တောင်ကိုရီးယားအာဏာရှင်သမ္မတကို စားပွဲဝိုင်းမှာပစ်သတ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး

တောင်ကိုရီးယားအာဏာရှင်သမ္မတကို စားပွဲဝိုင်းမှာပစ်သတ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး

ဒီပုံထဲမွာပါတဲ့လူက “ကင္မ္ေဂ်းဂ်ဴ” လို႔ေခၚပါတယ္

“ဒဲဟန္းမင္ဂု” လို႔ေခၚတဲ့ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ေထာက္လွမ္းေရးအႀကီးအကဲျဖစ္ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ရွိပါတယ္ ။သူဟာ ေတာင္ကိုရီးယားႏိုင္ငံကို ၁၆ႏွစ္ၾကာအုပ္စိုးထားခဲ့တဲ့ အာဏာရွင္သမၼတ “ပတ္ေခ်ာင္ဟီး” ကိုအခုျမင္ရတဲ့စားပြဲဝိုင္းမွာပစ္သတ္ခဲ့ပါတယ္

ဒီပုံဟာ သူအဖမ္းခံရၿပီးေနာက္ လုပ္ႀကံမႈကို ျပန္လည္သ႐ုပ္ျပေနပုံပဲျဖစ္ပါတယ္ ။သူ႔ရဲ႕လုပ္ႀကံမႈႀကီးကေတာ့ ေတာင္ကိုရီးယားႏိုင္ငံႀကီးကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ တင္ေပးလိုက္ႏိုင္တဲ့လုပ္ႀကံမႈပဲျဖစ္ပါတယ္

“ပတ္ေခ်ာင္ဟီး” ဟာ ဗိုလ္ခ်ဳပ္ႀကီးကေန သမၼတျဖစ္လာတာျဖစ္ၿပီး တိုင္းျပည္ကိုႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္ခဲ့ပါတယ္
လြန္ခဲ့ေသာသုံးႏွစ္ခန္႔က လာဘ္စားမႈနဲ႔ ရာထူးကျဖဳတ္ခ်အေရးယူခံခဲ့ရတဲ့ သမၼတ “ပတ္ကြမ္ဟီး” ဟာ “ပတ္ေခ်ာင္ဟီး” ရဲ႕သမီးျဖစ္ပါတယ္

သားအဖႏွစ္ေယာက္စလုံးဟာ သမၼတကိုယ္စီျဖစ္ခဲ့ၾကေပမဲ့ ဇာတ္သိမ္းကေတာ့ မေကာင္းခဲ့ၾကပါဘူး။ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဒီမိုကေရစီခရီးလမ္းဟာလည္း ခက္ခဲၾကမ္းတမ္းခဲ့ပါတယ္ ။အေရးေတာ္ပုံေတြ ေတာ္လွန္ေရးေတြ မ်ားစြာဆင္ႏႊဲအၿပီးမွာေတာ့ ယေန႔ေခတ္ အာရွထိပ္သီးႏိုင္ငံႀကီးအျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးမႈက အားေကာင္းလွသလို အေမရိကန္ရဲ႕စီးပြားေရးမိတ္ဖက္ျဖစ္ခဲ့ျခင္းရဲ႕ရလဒ္အျဖစ္ အာရွရဲ႕ အခ်မ္းသာဆုံးထိပ္သီးႏိုင္ငံအျဖစ္ ျမန္ျမန္ဆန္ဆန္ေျပာင္းလဲလာခဲ့ပါတယ္

“ကင္မ္ေဂ်းဂ်ဴ” ရဲ႕ ေသနတ္တစ္ခ်က္ဟာ ဒီျပဳျပင္ေျပာင္းလဲမႈေတြအတြက္ အဓိကက်တဲ့ေနရာကပါခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္ ။ဒီလုပ္ႀကံမႈအတြက္ “ကင္မ္” ဟာ ေသဒဏ္ေပးခံခဲ့ရပါတယ္

စြမ္းထက္မိုး

Credit to D Nae Khit Media

ဒီပုံထဲမှာပါတဲ့လူက “ကင်မ်ဂျေးဂျူ” လို့ခေါ်ပါတယ်

“ဒဲဟန်းမင်ဂု” လို့ခေါ်တဲ့တောင်ကိုရီးယားနိုင်ငံရဲ့ ထောက်လှမ်းရေးအကြီးအကဲဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိပါတယ် ။သူဟာ တောင်ကိုရီးယားနိုင်ငံကို ၁၆နှစ်ကြာအုပ်စိုးထားခဲ့တဲ့ အာဏာရှင်သမ္မတ “ပတ်ချောင်ဟီး” ကိုအခုမြင်ရတဲ့စားပွဲဝိုင်းမှာပစ်သတ်ခဲ့ပါတယ်

ဒီပုံဟာ သူအဖမ်းခံရပြီးနောက် လုပ်ကြံမှုကို ပြန်လည်သရုပ်ပြနေပုံပဲဖြစ်ပါတယ် ။သူ့ရဲ့လုပ်ကြံမှုကြီးကတော့ တောင်ကိုရီးယားနိုင်ငံကြီးကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးလိုက်နိုင်တဲ့လုပ်ကြံမှုပဲဖြစ်ပါတယ်

“ပတ်ချောင်ဟီး” ဟာ ဗိုလ်ချုပ်ကြီးကနေ သမ္မတဖြစ်လာတာဖြစ်ပြီး တိုင်းပြည်ကိုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပါတယ်
လွန်ခဲ့သောသုံးနှစ်ခန့်က လာဘ်စားမှုနဲ့ ရာထူးကဖြုတ်ချအရေးယူခံခဲ့ရတဲ့ သမ္မတ “ပတ်ကွမ်ဟီး” ဟာ “ပတ်ချောင်ဟီး” ရဲ့သမီးဖြစ်ပါတယ်

သားအဖနှစ်ယောက်စလုံးဟာ သမ္မတကိုယ်စီဖြစ်ခဲ့ကြပေမဲ့ ဇာတ်သိမ်းကတော့ မကောင်းခဲ့ကြပါဘူး။တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်းဟာလည်း ခက်ခဲကြမ်းတမ်းခဲ့ပါတယ် ။အရေးတော်ပုံတွေ တော်လှန်ရေးတွေ များစွာဆင်နွှဲအပြီးမှာတော့ ယနေ့ခေတ် အာရှထိပ်သီးနိုင်ငံကြီးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ

တောင်ကိုရီးယားနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက အားကောင်းလှသလို အမေရိကန်ရဲ့စီးပွားရေးမိတ်ဖက်ဖြစ်ခဲ့ခြင်းရဲ့ရလဒ်အဖြစ် အာရှရဲ့ အချမ်းသာဆုံးထိပ်သီးနိုင်ငံအဖြစ် မြန်မြန်ဆန်ဆန်ပြောင်းလဲလာခဲ့ပါတယ်

“ကင်မ်ဂျေးဂျူ” ရဲ့ သေနတ်တစ်ချက်ဟာ ဒီပြုပြင်ပြောင်းလဲမှုတွေအတွက် အဓိကကျတဲ့နေရာကပါခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။ဒီလုပ်ကြံမှုအတွက် “ကင်မ်” ဟာ သေဒဏ်ပေးခံခဲ့ရပါတယ်

စွမ်းထက်မိုး

Credit to D Nae Khit Media

Be the first to comment

Leave a Reply

Your email address will not be published.


*