data-language="en">

(၁၄)နှစ်သမီးတူမဖြစ်သူကိုသားမယားအကြိမ်ကြိမ်ပြုကျင့်သူ

(၁၄)နှစ်သမီးတူမဖြစ်သူကိုသားမယားအကြိမ်ကြိမ်ပြုကျင့်သူကိုအရေးယူ

အမှုဖြစ်မှာ၃၀.၆.၂၀၂ဝရက်နေ့နံနက်၁ဝနာရီ၂၅မိနစ်အချိန်ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့မရဲစခန်းတွင်ဒုရဲမှုးလှိုင်ဝင်းစခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်ဒေါ်…..(၅၀)နှစ်၊ကျဘမ်းလုပ်၊….ရွာ၊……အုပ်စု၊သာပေါင်းမြို့နယ်နေသူက၎င်းသည်လွန်ခဲ့သော၉)နှစ်ခန့်က(၂၀၁၁)ခုနှစ်ခန့်ကမောင်ဖြစ်သူဦး….၏ဇနီးဖြစ်သူကွယ်လွန်သွားသောကြောင့်၎င်းတို့၏ကွယ်လွန်သွားသဖြင့်၎င်း၏သမီးဖြစ်သူမ… . (၅)နှစ်အရွယ်ကိုယခုအချိန်ထိသမီးအရင်းကဲ့သို့ ပြုစုစောင့်ရှောက်လာခဲ့ကြောင်း၊၂၃.၂.၂၀၂ဝရက်နေ့တွင် ရက်နေ့တွင်မောင်ဖြစ်သူ…..သည်ငပုတောမြို့နယ်သို့သွားရောက်အလုပ်လုပ်ကိုင်ရာမှဒေါ်…….နှင့်နောက်အိမ်ထောင်ထူထောင်ကာ…….ရွာသို့ပြန်လည်ရောက်ရှိနေထိုင်ခဲ့ကြောင်း၊မောင်ဖြစ်သူဦး……..ကသူ၏သမီးမ…….ကိုကျွန်တော့်နေအိမ်တွင်ပြန်ခေါ်ထားချင်တယ်ပြောသဖြင့်မ……ကို ထည့်ပေးလိုက်ကြောင်း၊မောင်ဖြစ်သူ……၏နေအိမ်တွင်နောက်အိမ်ထောင်ဖြစ်သူဒေါ်…….၊ဒေါ်…..၏မိခင်ဒေါ်သန်းသန်း၊ ဒေါ်……၏မောင်ဖြစ်သူ သန်းနိုင်လေး(ခ)သန်းနိုင်၊ ဦး…..၏သား(၃)ယောက်တို့နှင့်အတူ နေထိုင်ခဲ့ကြောင်း

၁၅.၆.၂၀၂ဝရက်နေ့ခန့်ကဦး….နှင့်ဒေါ်တို့သည်တစ်ခြားကျေးရွာသို့အလုပ်သွားရောက်လုပ်ကိုင်ခဲ့ရာသန်းနိုင်လေး(ခ)သန်းနိုင်က၎င်းလည်းအလုပ်သွားရောက်လုပ်ကိုင်ရာတွင်မ….ကိုအဖော်အဖြစ်ခေါ်သွားလေ့ရှိကြောင်းအိမ်နီးချင်းကပြောသဖြင့်စိတ်မချသောကြောင့်၂၇.၆.၂၀၂ဝရက်နေ့ကနေအိမ်သို့ပြန်ခေါ်ထားခဲ့ပြီးမ…..ကိုအိမ်နီးနားချင်းများဖြစ်ကြသောဒေါ်…..၊ဒေါ်……နှင့်ဒေါ်……တို့ရှေ့မှောက်တွင်ချော့မော့၍မေးမြန်းရာ၂၀.၆.၂၀၂ဝရက်ည၁၁နာရီ၃ဝမိနစ်အချိန်ဦး…..၏နေအိမ်အရှေ့ခြင်ထောင်ထဲတွင်တစ်ီးထဲအိပ်ပျော်နေစဉ်သန်းနိုင်လေး(ခ)သန်းနိုင်သည်ခြင်ထောင်ထဲဝင်လာပြီးဘယ်သူ့မှပြန်မပြောနဲ့ပြောရင်သတ်ပြစ်ယ်ဟုပြောဆိုကာသားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း

၂၁/၂၂ရက်နေ့များတွင်လည်းတစ်ကြိမ်စီပြုကျင့်ခဲ့ကြောင်းပြောပြသိရှိရသဖြင့်တရားလိုကတူမဖြစ်သူမ…..(၁၄)နှစ်ကိုအလိုမတူပဲသားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်သူ)သန်းနိုင်လေး(ခ)သန်းနိုင်(၃၀)နှစ်၊ကျဘမ်းလုပ်၊…..ကျေးရွာ၊သာပေါင်းမြို့နယ်နေသူကိုဥပဒေအရအရေးယူပေးရန်တိုင်တန်းခဲ့ရာသာပေါင်းမြို့မရဲစခန်း(ပ) ၂၈၈/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ဖြင့်အမှုရေးဖွင့်ဆောင်ရွက်ပြီးအမှုစစ်အဖြစ်ဒုရဲမှူးလှိုင်ဝင်းမှလက်ခံစစ်ဆေးကာပြစ်မှုကျူးလွန်သူကိုဖမ်းဆီးပြီးစစ်ဆေးနေကြောင်းသိရသည်။

စိုးဝင်း(သာပေါင်း)S .H

ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

ဝေယံသဃ်န်းကျွန်း

S.H Online သတင်းထောက်ချုပ်






စိုးဝင်း(သာပေါင်း)S .H


ဝေယံသဃ်န်းကျွန်း


Be the first to comment

Leave a Reply

Your email address will not be published.


*