data-language="en">

ဂျပန်နိုင်ငံမှာ နေထိုင်စဉ် ငယ်စဉ်က လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံခဲ့ရတယ်ဆိုတဲ့ “မယ်ရီ”

တစ်မူး ထူးခြားတဲ့ အသံလေးနဲ ပရိသတ်တွေရင်ထဲရောက်ရှိခဲ့တဲ့ နိုင်ငံကျော် အဆိုတော် မယ်ရီကတော့ ပုရိသတို့ရဲ့ အသည်းစွဲအချစ်တော် အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ” ဝဲ ” ၊ ” Mask ” ၊ ” 3 am ” စတဲ့ သီချင်းများစွာ ဟာလည်း ပရိသတ်တေါရဲ့ တစ်ခဲနက် အားပေးမှုကိုရရှိခဲ့ပါတယ်။ မကြာသေး မီကမှ မယ်ရီဟာ ယောက်ျားတစ်စုရဲ့ ယုတ်ညံ့စွာ personal attack လုပ်ပြီး တိုက်ခိုက်လာမှုကို ပြန်လည်တုံ့ပြန့်ခဲ့ပါသေးတယ်။

ယနေ့မှာတော့ အဆိုတော်မယ်ရီဟာ လတ်တလော မှာ ယာက်ျားတစ်စုရဲ့ ယုတ်ညံ့စွာ personal attack လုပ်ပြီး တိုက်ခိုက်လာမှု နဲ့ ပတ်သက်ပြီး မီဒီယာတွေနဲ့အတူ ပရိသတ်တွေကို ဒီကိစ္စနဲကပတ်သတ်ပြီး စိတ်မပူဖို့နဲ့ တရားစွဲဆိုဖို့မရှိတဲ့ အကြောင်းပြေထားပါတယ်။ မယ်ရီ ကတော့ တရာစွဲဆိုဖို့ အစီအစဉ်မရှိဘဲ အခုလို့ ဖေ့စ်ဘွတ်ခ် မှာ ပို့စ်တင်လိုက်ရတဲ့ အကြောင်းကတော့ ကိုယ့်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် လူတစ်ယောက်အမသက်ဆုံးရှုံးနိုင်တယ်ဆိုတာတွေး စေချင်တာကြောင့်ဖြစ်ပါတယ်တဲ့။


မယ်ရီကတော့ သူကိုယ်တိုင်လည်း ငယ်စဉ်က ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ကလေးတွေထဲတစ်ယောက်ဖြစ်ပြီး အသက်(၁၃)နှစ်အရွယ်မှာတော့ ဂျပန်နိုင်ငံမှာနေထိုင်စဉ် ကျောင်ကအပြန် ရထား အပေါ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရတဲ့အကြောင်းလည်း ပြောပြထားပါတယ်။ ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် မယ်ရီရဲ့ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ယာက်ျားတစ်စု ရဲ့ ယုတ်ညံ့စွာ personal attack လုပ်ပြီး တိုက်ခိုက်လာမှုနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: CeleGabar