data-language="en">

အပ်မှို အောက်ခြေအရင်းပိုင်လေးမှ ဒီလိုပြန်ပြီး ပြန်စိုက်လို့ရပါတယ်

စားပြီးသား အပ်မှို အရင်းပိုင်းလေးမှ အပ်မှိုပြန်စိုက

ပင်အပ်မှို

ပင်အပ်မှို အရင်းပိုင်းကိုဖြတ်ပြီး လွှင့်မပစ်ပဲ ဘယ်လိုပြန်စိုက်မလည်းဆိုတာကို ပုံနှင့်တစ်ကွ ရေးသားဖော်ပြပေးထားတာမို့ လွယ်ကူစွာလုပ်ဆောင် နိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ့

အောက်ခြေအရင်းပိုင်းကိုမြင်ရပါလိမ့်မယ်

တစ်ချို့ ရောင်းတဲ့နေရာတွေမှာ အာ့လိုအရင်းပိုင်းမပါကြတာတွေလည်း ရှိတတ်တာကိုတွေ့ ရပါတယ် အဲ့လိုဆိုစိုက်မရပါဘူး အောက်ခြေအရင်းပိုင်းကိုဖြတ်ပါ

အပေါ်ပိုင်းနဲ့အောက်ခြေပိုင်း သီးသန့်ဖြစ်သွားပါပြီ အပေါ်ပိုင်းလေးတွေကို သင်အလိုရှိရာချက်ပြီးသုံးဆောင်နိုင်ပါတယ်

ဒါလေးက အောက်ခြေအရင်းပိုင်းပါ ဇလုံတစ်လုံးထဲ အုန်းဆံမှုန့်ထည့်ပါမြေဆွေးအနည်းငယ်ထည့်ပြီးသမပါ ရေအနည်းငယ်ထည့်ပါ ရေများလို့ိမရပါ မြေအစိုဓာတ်ရရုံမို့ အနည်းငယ်သာ ထည့်ပေးပါ

ရေအနည်းငယ်ထည့်ပြီး အားလုံးသမသွားအောင် မွှေပေးပါ ပျိုးမည့်အိုးတစ်လုံးယူပါ ။စပ်ထားတဲ့မြေထည့်ပါ ပင်အပ်မှို အရင်းပိုင်းဖြတ်ထားတာယူပါ ။ပျိုးအိုးထဲက စပ်မြေထဲထိုးစိုက်ပေးပါ အပေါ်ယံကို စပ်ထားသောမြေထပ်ထည့်ပေးပါ။

မြေသားသိပ်သွားအောင် စပ်မြေတွေကို လက်ဖြင့်ခပ်ဖွဖွ ဖိသိပ်ပေးပါ ။ပျိုးအိုး အပေါ်နှုတ်ခမ်းဝကို ပလပ်စစ်အပါးစဖြင့် ဖုံးအုပ်ပါ သရေပင်ဖြင့်စည်းပေးပါ

ပလပ်စတစ်အနားစတွေကို ညီညာသွားစေရန် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပါ ။အနားစကို ညှပ်ပြီးသွားရင် အေးမြပြီးအလင်း ရောင်ကောင်းစွာရသောနေရာမှာထားပေးပါ။

15 ရက်အကြာမှာ အပင်သစ်လေးတွေပွားထွက် လာကြပါပြီ ဖုံးအုပ်ထားတဲ့ ပလပ်စတစ်အပါးစကိုဖွင့်ကြည့် စဉ် မြင်ရပုံ ပလပ်စတစ်အပါးစကို ပြန်အုပ်ပါ။

သရေပင်ဖြင့် ပြန်ပတ်ချည်ပါ 20ရက်အကြာ မှာ ခုလိုတိုးထွက်လာကြတာကို မြင်ရမှာပါ

20 ရက်အကြာ မြင်ကွင်း

25 ရက်အကြာ မြင်ရပုံံ ကဲ! ထပ်မံခူးဆွတ်စားသုံးလို့ရပါပြီ စားပြီးရင် တော့ တစ်ဖန် ထပ်ပျိုးပေတော့ဗျာ အစားတစ်လိုင်း ကွီး

Justin Aung Htike