data-language="en">

မကြာ‌သေးခင်က ခုန်ချသွားတဲ့ကောင်လေးရဲ့မိဘတွေအိမ်ကို ‌သွားပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ ဆီနွန်

Catwalk မော်ဒယ် Sinon Loresca ဟာသိပ်မကြာသေးခင် ကရင်ပြည်နယ် ဇွကပင်တောင်ပေါ်မှခုန်ချပြီး Suicide လုပ်သွားတဲ့ တက္ကသိုလ်ကျောင်းသားလေးရဲ့ မိဘတွေအိမ်ကို သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တယ်လို့ သိရပတယ်။

ဆီနွန်ဟာ သူ့ရဲ့ လူမှုကွန်ယက်မှာလဲ အားပေးနှစ်သိမ့်ခဲ့တဲ့ အကြောင်းကို ဒီလို ရေးထားပါသေးတယ်။

” ဒီနေ့ ကျတော် မကြာ‌သေးခင်က Suicide လုပ်သွားတဲ့ကောင်လေးရဲ့ မိဘတွေအိမ်ကို ‌သွားခဲ့ပါတယ်ကျတော် သူတို့တွေကို နှစ် သိမ့်ပေးခဲ့တယ် .သူတို့တွေဘယ်လောက်များပူဆွေးသောကရောက်နေမလဲဗျာ😔အဲ့ဒါကြောင့် သူတို့အခုလို မမျှော်လင့်တဲ့အရာဖြစ်သွားတဲ့အချိန်! ပူဆွေးသောကရောက်နေတဲ့အချိန်မှာသွားရောက်ခဲ့တာပါ ”

 

ဒီနေ့တော့ဒီလောက်ပါဘဲ 🙏🏽🖤 လို့ ရေးသားခဲ့ပါသေးတယ်။

 

ဆီနွံဟာ လက်ရှိ ကရင်ပြည်နယ်တွင် ရောက်ရှိနေပြီးကရင်ပြည်နယ်၏ ထင်ရှားကျော်ကြားသော နေရာများအားလိုက်လံ လည်ပတ်နေပြီး ရောက်တဲ့နေရာတိုင်းမှာတတ်နိုင်သလောက် တကိုယ်တော် ပရဟိတ လှူ ဒါန်းမှုလေးတွေကိုလဲ လုပ်ဆောင်နေလျှက်ရှိပါတယ်။

Source – ZinMoe