data-language="en">

ဖခင်ဖြစ်သူ၏ မဆင်မခြင်မှုကြောင့် (၂)နှစ် သမီးလေးကွယ်လွန်

၂၀၂၀ ဇူ ၂၉ ၀၈၃၀ အခ်ိန္႔က စဥ့္ကူးၿမိဳ့နယ္ ေထာက္ႀကံ့ပင္ေက်းရြာေန မဥမၼာေဌးသည္ မႏၲေလးေဆး႐ုံႀကီးတြင္ လူနာေစာင့္အျဖစ္လိုက္ပါေဆာင္ရြက္ရာမွ ေနအိမ္သို့ျပန္ေရာက္ရွိစဥ္ သမီးအငယ္ဆုံးျဖစ္သူ မမိုး(၂)ႏွစ္မွာ ဒဏ္ရာမ်ားျဖင့္ ေနအိမ္ေပၚတြင္ ေသဆုံးေနသည္ကို ေတြ႕ရွိရသျဖင့္

သားျဖစ္သူ ေအာင္ခန္႔(၁၃)ႏွစ္ အားေမျမန္းရာ ၂၀၂၀ ဇူ ၂၈ ၂၂၃၀ အခ်ိန္ခန္႔ ညီမျဖစ္သူ မမိုးမွာ ငိုေနသျဖင့္ ဖခင္ျဖစ္သူ ဇင္သူေအာင္(ခ)ရွမ္းေလးမွ မမိုးအား ပါးရိုက္ခဲ့ရာ ဆက္လက္၍ငိုေနသျဖင့္ လက္ျဖင့္ကိုင္ကာ ေနအိမ္ၾကမ္းျပင္ေပၚသို့ ကိုက္ေပါက္ခဲ့ရာ မမိုးမွာ သတိလစ္ေမ့ေျမာသြားသျဖင့္ ဖခင္ ဇင္သူေအာင္မွ မမိုးအားေပြ႕ခ်ီကာ ေက်းရြာေဆးေပးခန္းသို့ သြားေရာက္ျပသၿပီး ခဏအၾကာတြင္ ျပန္လည္ေရာက္ရွိလာေၾကာင္း

ဖခင္ ဇင္သူေအာင္မွ ညီမျဖစ္သူမမိုးအား ေနအိမ္ေပၚတြင္ထားခဲ့၍ ေနအိမ္တံခါးမ်ားပိတ္ထားရန္ မည္သူ႔ကိုမွ ဖြင့္မေပးရန္ ေျပာဆိုၿပီး ေနအိမ္မွ ထြက္သြားခဲ့ေၾကာင္း သားျဖစ္သူ ေအာင္ခန္႔မွ ေျပာျပသိရွိခဲ့ရေၾကာင္းသမီးျဖစ္သူမမိုးေသဆုံးမွုအား မိခင္ေဒၚဥမၼာေဌးမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္

ေခတၱမနရမွူး ဒုရဲမွူးစိန္ဝင္း |နမစ(လပလ)မွ နမစမွူး ရဲအုပ္စရန္နိုင္စိုး|ႏြယ္႐ုံရဲကင္းမွူး ရဲအုပ္ေနဝင္းဦးတို့အဖြဲ႕မွ အခင္းျဖစ္ေနရာသို့ သြားေရာက္စစ္ေဆးေဆာင္ရြက္ကာ ဇင္သူေအာင္(ခ)ရွမ္းေလးအား ၂၀၂၀ ဇူ ၂၉ ၁၂၁၅အခ်ိန္ နမစ(လပလ)မွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရေရးဖြင့္ၿပီး နမစ(လပလ)မွူး ရဲအုပ္စရန္နိုင္စိုးမွ လက္ခံစစ္ေဆးကာ အမွူမွတရားခံ ဇင္သူေအာင္ (ခ)ရွမ္းေလးအား ဖမ္းဆီးရမိေရးအတြက္ နမစ(လပလ)မွ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား|မမစ(စဥ့္ကူး)မွ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား ပူးေပါက္း၍စုံစမ္းဆက္သြယ္ေဆာင္ရြက္ခဲ့ၾကရာ တရားခံ ဇင္သူေအာင္(ခ)ရွမ္းေလးအား နာရီပိုင္းအတြင္း ကသာခရိုင္ ထီးခ်ိဳင့္ၿမိဳ့နယ္မွ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္||

သတင္း – စဥ့္ကူး SH MEDIA

၂၀၂၀ ဇူ ၂၉ ၀၈၃၀ အချိန့်က စဉ့်ကူးမြို့နယ် ထောက်ကြံ့ပင်ကျေးရွာနေ မဥမ္မာဌေးသည် မန္တလေးဆေးရုံကြီးတွင် လူနာစောင့်အဖြစ်လိုက်ပါဆောင်ရွက်ရာမှ နေအိမ်သို့ပြန်ရောက်ရှိစဉ် သမီးအငယ်ဆုံးဖြစ်သူ မမိုး(၂)နှစ်မှာ ဒဏ်ရာများဖြင့် နေအိမ်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့်

သားဖြစ်သူ အောင်ခန့်(၁၃)နှစ် အားမေမြန်းရာ ၂၀၂၀ ဇူ ၂၈ ၂၂၃၀ အချိန်ခန့် ညီမဖြစ်သူ မမိုးမှာ ငိုနေသဖြင့် ဖခင်ဖြစ်သူ ဇင်သူအောင်(ခ)ရှမ်းလေးမှ မမိုးအား ပါးရိုက်ခဲ့ရာ ဆက်လက်၍ငိုနေသဖြင့် လက်ဖြင့်ကိုင်ကာ နေအိမ်ကြမ်းပြင်ပေါ်သို့ ကိုက်ပေါက်ခဲ့ရာ မမိုးမှာ သတိလစ်မေ့မြောသွားသဖြင့် ဖခင် ဇင်သူအောင်မှ မမိုးအားပွေ့ချီကာ ကျေးရွာဆေးပေးခန်းသို့ သွားရောက်ပြသပြီး ခဏအကြာတွင် ပြန်လည်ရောက်ရှိလာကြောင်း

ဖခင် ဇင်သူအောင်မှ ညီမဖြစ်သူမမိုးအား နေအိမ်ပေါ်တွင်ထားခဲ့၍ နေအိမ်တံခါးများပိတ်ထားရန် မည်သူ့ကိုမှ ဖွင့်မပေးရန် ပြောဆိုပြီး နေအိမ်မှ ထွက်သွားခဲ့ကြောင်း သားဖြစ်သူ အောင်ခန့်မှ ပြောပြသိရှိခဲ့ရကြောင်းသမီးဖြစ်သူမမိုးသေဆုံးမှုအား မိခင်ဒေါ်ဥမ္မာဌေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်

ခေတ္တမနရမှူး ဒုရဲမှူးစိန်ဝင်း |နမစ(လပလ)မှ နမစမှူး ရဲအုပ်စရန်နိုင်စိုး|နွယ်ရုံရဲကင်းမှူး ရဲအုပ်နေဝင်းဦးတို့အဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးဆောင်ရွက်ကာ ဇင်သူအောင်(ခ)ရှမ်းလေးအား ၂၀၂၀ ဇူ ၂၉ ၁၂၁၅အချိန် နမစ(လပလ)မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရရေးဖွင့်ပြီး နမစ(လပလ)မှူး ရဲအုပ်စရန်နိုင်စိုးမှ လက်ခံစစ်ဆေးကာ အမှူမှတရားခံ ဇင်သူအောင် (ခ)ရှမ်းလေးအား ဖမ်းဆီးရမိရေးအတွက် နမစ(လပလ)မှ နယ်ထိန်းတပ်ဖွဲ့ဝင်များ|မမစ(စဉ့်ကူး)မှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါက်း၍စုံစမ်းဆက်သွယ်ဆောင်ရွက်ခဲ့ကြရာ တရားခံ ဇင်သူအောင်(ခ)ရှမ်းလေးအား နာရီပိုင်းအတွင်း ကသာခရိုင် ထီးချိုင့်မြို့နယ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်||

သတင်း – စဉ့်ကူး SH MEDIA