data-language="en">

ပိန်ဆေးနဲ့ အသားဖြူဆေးတွေသုံးတဲ့ အမျိုးသမီးများအတွက် အန္တရာယ်ကျရောက်ပြီ

ထိုင်း နိုင်ငံမှာ အမျိုး သမီး အလှကုန်တွေ ကို အတုလုပ်ပြီး လူထုကို လိမ်ရောင်းနေတဲ့ မက်ဂျစ်စကင်း”Magic Skin” ကုမ္ပဏီ နဲ့လက်အောက်ခံ အလှပြင် အသုံးအဆောင်အမျိုးမျိုးကို ဆက်တိုက် ဖမ်းဆီးအရေးယူနေရာမှာ ပထမဦးဆုံးအသားဖြူဆေး ထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက် စီးနင်းရာမှာ ဓါတ်မြေသြစာထုတ်တဲ့နေရာမှာသုံးတဲအမှုန့်နဲ့ကော့စတစ်အစွန်းချွတ်ဆေးတွေကိုသုံးပြီးထုတ်လုပ်ထားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ ။Slim Skin အဆီကျ ဝိတ်ကျနို့မှုန့် တံဆိပ် အရောင်းကိုယ်စားလှယ်Muddharn Samrit မုဒန် စမစ် အသက်၂၄ နှစ်အရွယ်အမျိုးသမီးကို ဖမ်းဆီးလိုက်ပါတယ် ။

ဝိတ်ကျဆေး ပိန်ဆေး ကတော့ ကော်ဖီမစ် အမှုန့်နဲ့ လိမ်မော်ရည်အမှုန့်နဲ့ပေါင်းပြီး ထုတ်လုပ်ပြီး လိမ်လည်ရောင်းချတာပါ ။ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ကြော်ငြာ ထုတ်ခဲ့လို့ ထိုင်းနိုင်ငံ နဲ့အိမ်နီးချင်းနိုင်ငံတွေမှာရောင်း အားအကောင်းဆုံးMagic Skin Co., Ltd. မက်ဂျစ်စကင်း အလှကုန်တွေက အမျိုးပေါင်း၂ဝဝကျော်ရှိတယ်လို့သိရပါတယ်အမှန်တကယ်မှာ ထုတ်လုပ်တဲ့ စက်ရုံကတော့ မှတ်ပုံတင်ထားတာမရှိကြောင်း နဲ့ သုံးစွဲသူတွေအကြားမှာ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်နေတာကို တိုင်ကြားခဲ့သူ ပေါင်း ၅၀၀၀ လောက် ရှိခဲ့တယ်လို့ရဲမှူးကြီး Vorachai Songmattha က ဆိုပါတယ် သူကိုယ်တိုင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမူလုပ်ခဲ့တာပါ ။

ဘတ်ငွေသန်း ၁၀၀၀ ကျော် နဲ့လည်ပါတ် နေတဲ့ မက်ဂျစ်စကင်း အလှကုန်လုပ်ငန်း ပိုင်ရှင် ဝနဖါ ရဲ့နေအိမ်မှာ ဘတ် ငွေ ၁၉ သန်း ရွှေထည် အမျိုးပေါင်း ၅၃မျိုးနဲ့ အဖိုးတန်ကား တွေပါ သိမ်းဆည်းလိုက်ကြောင်းသိရပါတယ်။ ဘန်ကောက်မြို ပထုံဌာနီက သုံးဧကကျယ်တဲ့ ဝန်းထဲမှာ တည်ဆောက်ထားတဲ့အလှကုန် စက်ရုံဟာ တကယ်တော့ တရားဝင် မှတ်ပုံတင်ထားတာမရှိ ဘဲ တကယ်မှတ်ပုံတင်ထားတာက နကော်စီဌာမရ ပြည်နယ်မှာဖြစ်ပြီး ဘန်ကောက်ကတော့ ကိုယ်ပွားအတုစက်ရုံလုပ်ထားတာလို့သိရပါတယ်။ ထိုင်းကျန်မာရေးဌာနကတော့ Magic Skin အလှကုန်တွေဟာ သုံးစွဲသူတွေအတွက် အန္တရာယ် ရှိတယ်ဆိုတာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အနုပညာရှင် တွေကတော ဒီအလှကုန်တွေကို တကယ်သုံးစွဲ မကြည့်ပဲ တကယ် အသားဖြူကြောင်း အဆီကျကြောင်း ကိုယ်ရေစစ်လှပချောမောပိန်ပါး ဝိတ်ကျစေဖို့ဒီဆေးတွေ အသုံးပြုခဲ့ကြောင်း နဲ့လူထုကို အန္တရယ်ဖြစ်စေတဲ့ အလှကုန်တွေကို ငွေကြေးယူပြိး ကြော်ငြာပေးခဲ့တဲ့အတွက် အနုပညာရှင် ၅ဝကျော်လည်း စစ်ဆေးမူ ခံနေရပါတယ် ။သူတို့ကတော့ ငွေယူပြီး ကြောငြာထုတ်ပေးခဲ့တာဖြစ်ပြီး တကယ်ကျန်းမာရေးဌာန့ ခွင့်ပြုချက်အတုမှန်း မသိခဲ့ကြဘူးလို့ ပြောကြပါတယ်။စက်ရုံအတွင်းမှာ သုံးနေတဲ့ ဓါတုဆေးဝါးတွေဟာ ကျန်းမာရေးဌာနက စစ်ဆေးပြီး ဖြစ်ကြောင်း ပြောဆိုပေမဲတကယ်တမ်းမှာ Food and Drug Administration (FDA) ခွင်ပြုချက်မပါပဲ လုပ်ဆောင်နေတာကိုလည်းတွေ ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

သောက်ဆေး တထုတ်ကို မူရင်းစက်ရုံက ၂၉ဘတ်နဲ့ပေးပြီး အရောင်းကိုယ်စားလှယ်တွေက၂၉၉ဘတ်နဲ့ရောင်းချခဲ့ကြတာပါ ။ထိုင်းမြန်မာ နယ်စပ်မဲဆောက် ဈေးမှာတော့ ပိန်ဆေး အဆီကျဆေး မျက်နှာဖြူဆေး လက်ဖြူဆေး သောက်ဆေး လိမ်းဆေးစသဖြင့် ကိုယ်ခန္တာ နေရာပေါင်းစုံအတွက်ဆေး အမျိုးမျိုးကို ရောင်းချနေတာတွေ့ရသလို ့ရွေပြောင်းအလုပ်သမား မိန်းကလေးတွေကြားထဲ မှာလည်း အဲဒီဆေးတွေကိုသုံးစွဲနေတာ တွေ့ရပါတယ် ။အဲဒီ အတွက် ဒီဆေးတွေကိုသုံးတဲ့အခါမှာအသားရေတွေ ထိခိုက်ပျက်ဆီးနေတာတွေလည်းရှိသလို တချို ဆိုရင် မူးဝြေပီးအန်တာ နှလုံးတွေ အခုန်မြန်ပြီး ကတုန်ကရင်ဖြစ်တာ တွေ နဲ့လည်းကြုံနေရတာမို ့နောက်ထပ် ဆိုးဝါးတဲ့ အန္တရယ်လည်း ဖြစ်နိုင်ပါတယ် ။အလှအပကို ကြိုက်တဲ့ မိန်းခလေးတွေအတွက် ဓါတုပစ္စည်းနဲ့လုပ်တဲ့ ဆေးမှန်သမျှဟာ အန္တရယ်ရှိပါတယ် ။ဒီအတွက် ဒီဆေးတွေသုံးစွဲနေတာတွေနဲ ပတ်သက်လို့သတိပြုကြဖို့ မြန်မာအမျိုးသမီးများကို တိုက်တွန်းလိုက်ရပါတယ် ။သွေးလိမ်းတဲ့ မြန်မာသနပ်ခါးတုံးဟာ အန္တရယ် အကင်းဆုံးဖြစ်တာမို့ လိမ်းကြမယ်ဆိုရင် သဘာဝအတိုင်းပဲ မျက်နှာတွေအသားတွေ လှပစေပါတယ် ။

Credit SAW