data-language="en">

သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်တို့အမှု အမိန့်ချမှတ်လိုက်ပြီ

သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်

သရုပ်ဆောင်သီဟတင် စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ လိမ်လည်တိုင်တန်းခဲ့သလို လျော်ကြေး တောင်းခံခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထား သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ကြောင်း သိရသည်။

အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပုဒ်မ ၂၁၁ (နစ်နာစေရန်ရည်ရွယ် ၍ ပြစ်မှုကျူးလွန်သည်ဟု မမှန် မကန်စွပ်စွဲခြင်း) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၈၉ (ခြောက်လှန့် တောင်းယူမှုကို ကျူးလွန်ရန်တစ် ဦးတစ်ယောက်သောသူအား ပြစ် မှုတစ်ခုဖြင့်စွပ်စွဲမည်ဟု ကြောက် အောင်ပြုခြင်း) ဖြင့်ထောင်ဒဏ် ငါးနှစ်ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ် ပြီး ပြစ်ဒဏ်များကို သီးခြားစီကျခံ ရန် အမိန့်ချခဲ့ခြင်းဖြစ်သောကြောင့် စုစုပေါင်းထောင်ဒဏ် ခုနစ်နှစ်ကျခံရမည်ဖြစ်သည်။

ထို့အပြင် ယင်းအမှုတွင်ပါ ဝင်သည့် ပွဲစားအမျိုးသမီးကို လည်း ပုဒ်မ ၃၈၉ဖြင့် ထောင်ဒဏ် ငါးနှစ်ကျခံရန်အမိန့်ချခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်အ တွင်းက သရုပ်ဆောင်သီဟတင် စိုး၏ အိမ်၌ အိမ်အကူအလုပ်လုပ် ကိုင်သည့်ခင်မာမြင့်က ၎င်းကိုသီ ဟတင်စိုးက အဓမ္မပြုကျင့်သည် ဟုဆိုကာ သုဝဏ္ဏမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး အိမ်အကူနှင့်ပွဲစားက လိမ်လည်တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ပြီးလေး ရက်အကြာတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအမှုကို ၂၀၁၈ ဩဂုတ် အတွင်း စတင်စစ်ဆေးခဲ့ခြင်းဖြစ် ပြီး ခင်မာမြင့်သည် ယင်းအချိန်က တည်းက အချုပ်ကျခံကာ တရား ရင်ဆိုင်ခဲ့ခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်ကျခံရမည့်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိမည် ဖြစ် သည်။

7DayNewsJournal

သီဟတင္စိုးအေပၚ လိမ္လည္တိုင္တန္းခဲ့သည့္ အိမ္အကူခင္မာျမင့္ကို ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္

သ႐ုပ္ေဆာင္သီဟတင္ စိုးက အဓမၼျပဳက်င့္သည္ဟုဆိုကာ လိမ္လည္တိုင္တန္းခဲ့သလို ေလ်ာ္ေၾကး ေတာင္းခံခဲ့မႈေၾကာင့္ ပုဒ္မႏွစ္ခုျဖင့္ တရားစြဲဆိုထား သည့္ အိမ္အကူခင္မာျမင့္ကို ေထာင္ဒဏ္ ခုနစ္ႏွစ္က်ခံရန္ သဃၤန္းကၽြန္းၿမိဳ႕နယ္တရား႐ုံးက ယမန္ေန႔တြင္ အမိန႔္ခ်ခဲ့ေၾကာင္း သိရသည္။

အိမ္အကူခင္မာျမင့္ကို သဃၤန္းကၽြန္းၿမိဳ႕နယ္တရား႐ုံးက ပုဒ္မ ၂၁၁ (နစ္နာေစရန္ရည္ရြယ္ ၍ ျပစ္မႈက်ဴးလြန္သည္ဟု မမွန္ မကန္စြပ္စြဲျခင္း) ျဖင့္ေထာင္ဒဏ္ ၂ ႏွစ္၊ ပုဒ္မ ၃၈၉ (ေျခာက္လွန႔္ ေတာင္းယူမႈကို က်ဴးလြန္ရန္တစ္ ဦးတစ္ေယာက္ေသာသူအား ျပစ္ မႈတစ္ခုျဖင့္စြပ္စြဲမည္ဟု ေၾကာက္ ေအာင္ျပဳျခင္း) ျဖင့္ေထာင္ဒဏ္ ငါးႏွစ္က်ခံရန္ အမိန႔္ခ်ခဲ့ျခင္းျဖစ္ ၿပီး ျပစ္ဒဏ္မ်ားကို သီးျခားစီက်ခံ ရန္ အမိန႔္ခ်ခဲ့ျခင္းျဖစ္ေသာေၾကာင့္ စုစုေပါင္းေထာင္ဒဏ္ ခုနစ္ႏွစ္က်ခံရမည္ျဖစ္သည္။

ထို႔အျပင္ ယင္းအမႈတြင္ပါ ဝင္သည့္ ပြဲစားအမ်ိဳးသမီးကို လည္း ပုဒ္မ ၃၈၉ျဖင့္ ေထာင္ဒဏ္ ငါးႏွစ္က်ခံရန္အမိန႔္ခ်ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ဇူလိုင္အ တြင္းက သ႐ုပ္ေဆာင္သီဟတင္ စိုး၏ အိမ္၌ အိမ္အကူအလုပ္လုပ္ ကိုင္သည့္ခင္မာျမင့္က ၎ကိုသီ ဟတင္စိုးက အဓမၼျပဳက်င့္သည္ ဟုဆိုကာ သုဝဏၰၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တိုင္တန္းခဲ့ျခင္းျဖစ္ၿပီး အိမ္အကူႏွင့္ပြဲစားက လိမ္လည္တိုင္တန္းျခင္းျဖစ္ေၾကာင္း ရန္ကုန္ တိုင္းရဲတပ္ဖြဲ႕က အမႈဖြင့္ၿပီးေလး ရက္အၾကာတြင္ ေဖာ္ထုတ္နိုင္ခဲ့သည္။ ယင္းအမႈကို ၂၀၁၈ ဩဂုတ္ အတြင္း စတင္စစ္ေဆးခဲ့ျခင္းျဖစ္ ၿပီး ခင္မာျမင့္သည္ ယင္းအခ်ိန္က တည္းက အခ်ဳပ္က်ခံကာ တရား ရင္ဆိုင္ခဲ့ျခင္းျဖစ္ေသာေၾကာင့္ ျပစ္ဒဏ္က်ခံရမည့္ရက္မ်ားကို ထုတ္ႏုတ္ခံစားခြင့္ရွိမည္ ျဖစ္ သည္။

7DayNewsJournal

Be the first to comment

Leave a Reply

Your email address will not be published.


*