data-language="en">

အနံ့ထွက်လာလို့ရှာကြည့်တော့အလောင်းကိုတွေ့တာပါ။ အလောင်းက အရိုးစုဖြစ်နေပြီ

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ချိန်ခါလီရွာသားအလောင်း အိမ်သာတွင်းထဲပြန်တွေ့

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ ရွာသားတစ်ဦးကို တပ်မတော်သားသုံးဦးက သေနတ်နဲ့ပစ်သတ်လို့သေဆုံးသွားခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းကို ၁၉ ရက်ကြာပြီးနောက် ဒီနေ့မနက်က အိမ်သာတွင်းထဲမှာ ပြန်တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဇူလိုင် ၃၁ ရက် ဒီမနက် ၈ နာရီအချိန်မှာ အပုပ်အနံ့ရလာတာကြောင့် လိုက်ရှာကြည့်ရာမှာ ပျောက်ဆုံးနေတဲ့ ဦးထွန်းမောင်စိန် (၆၀) နှစ်ရဲ့ရုပ်အလောင်းကိုအိမ်သာတွင်းထဲမှာ ပုပ်ဆွေးနေတာကို မိသားစုဝင်တွေကတွေ့မြင်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူရဲ့မိသားစုသားတစ်ဦးက “ ပျောက်ဆုံးနေတဲ့အလောင်းကိုရှာတာကြာနေပြီ လုံးဝမတွေ့ဘူး။ ဒီနေ့မှာ အလောင်းကို မိသားစုဝင်တွေကတွေ့တာပါ။ စတွေ့တာက အိမ်သာထဲမှာပါ။ အိမ်သာတွင်းကို နွားတက်နင်းမိလို့ အပေါက်ပေါက်သွားတယ်။ အဲဒီအပေါက်ကအနံ့ထွက်လာတယ်။ အနံ့ထွက်လာလို့ရှာကြည့်တော့အလောင်းကိုတွေ့တာပါ။ အလောင်းက အရိုးစုဖြစ်နေပြီ”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၃ ရက်က ချိန်ခါလီကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၂ နာရီအချိန်လောက်မှာ တပ်မတော်သား ၃ ဦးက အိမ်အတွင်းကိုဝင်ကာ ဦးထွန်းမောင်စိန် (၆၀)နှစ်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။

သေဆုံးသူရဲ့ဇနီးဒေါ်ဦးတင်ညွန့်က ”ခင်ဗျားအသက်ဘယ်ရှိပြီးလဲလို့မေးတယ် စစ်သားက၊ အသက် ၆၀ ရှိပြီလို့ ဖြေလိုက်တဲ့အချိန်မှာ ဒိုင်းဆိုပြီးသေနတ်နဲ့ပစ်သတ် လိုက်တယ်။ ကျမရှေ့က ယောကျာ်းကိုပစ်သတ်လိုက်တာ။ ကျမဘယ်လို လုပ်ခံစားနိုင်မလဲ။ အဲ့ဒီအချိန်မှာ ကျမယောကျာ်းက သေသွားပြီ။ ဘယ်လိုလုပ်ကြတော့မလဲ။ ရွာမှာလဲလူတွေ တစ်ယောက်မှမရှိတော့ဘူး။ ယောကျာ်းကို ပစ်သတ်လိုက်ပြီးတဲ့အချိန်မှာ အပြင်ကို ဆွဲထုတ်သွားတယ်။ အိတ်ကြီးတစ်လုံးမှာ ဖိပြီးတော့ သေနေတဲ့ ကျမယောကျာ်းကိုထည့်လိုက် တယ်။ ကျမလည်းကြောက်ပြီးတော့ ဘာမှမပြောရဲတော့ဘူး။ ပြန်သွားတဲ့အချိန်စစ်သားတွေက အဘွား ခင်ဗျားကို ညနေလာသတ်မယ်လို့ပြောသွားတယ်။” လို့ ပြောပါတယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေကတော့ ” ဒီလို ဥပဒေမဲ့ သတ်ဖြတ်တာကတော့ မကောင်းဘူး။ အပြစ်ရှိရင်တောင် ဥပဒေဘောင်ထဲက ဆောင်ရွက်သင့်ပါတယ်။ အခုက သေသွားတာတောင်မိသားစုတွေကအလောင်းကိုရှာမတွေ့ဘူး။ သူတို့ဘယ်မှာ ပစ်ထားခဲ့တယ်ဆိုတာကိုပေါ့။ ခန္ဓာကိုယ်တွေ ဆွေးမြည့်ပြီးခါမှ သွားတွေ့တယ်။ နောက်ဆုံးသင်္ဂြိုဟ်ခွင့်တောင်မရရှာလိုက်ဘူး။” လို့ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ တပ်မတော်စစ်ကြောင်းက ဝင်ပစ်စရာအကြောင်းမရှိသလို အဲ့ဒီချိန်ခါလီကျေးရွာမှာ အရပ်သားတွေက သေဆုံးတယ် ဆိုတာကလည်းမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

DVB TV News

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ခ်ိန္ခါလီေက်း႐ြာမွာ ႐ြာသားတစ္ဦးကို တပ္မေတာ္သားသုံးဦးက ေသနတ္နဲ႔ပစ္သတ္လို႔ေသဆုံးသြားခဲ့ၿပီး ေပ်ာက္ဆုံးေနတဲ့ ႐ုပ္အေလာင္းကို ၁၉ ရက္ၾကာၿပီးေနာက္ ဒီေန႔မနက္က အိမ္သာတြင္းထဲမွာ ျပန္ေတြ႕ရွိခဲ့တယ္လို႔ မိသားစုဝင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

ဇူလိုင္ ၃၁ ရက္ ဒီမနက္ ၈ နာရီအခ်ိန္မွာ အပုပ္အနံ႔ရလာတာေၾကာင့္ လိုက္ရွာၾကည့္ရာမွာ ေပ်ာက္ဆုံးေနတဲ့ ဦးထြန္းေမာင္စိန္ (၆၀) ႏွစ္ရဲ႕႐ုပ္အေလာင္းကိုအိမ္သာတြင္းထဲမွာ ပုပ္ေဆြးေနတာကို မိသားစုဝင္ေတြကေတြ႕ျမင္ခဲ့တာလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ေသဆုံးသူရဲ႕မိသားစုသားတစ္ဦးက “ ေပ်ာက္ဆုံးေနတဲ့အေလာင္းကိုရွာတာၾကာေနၿပီ လုံးဝမေတြ႕ဘူး။ ဒီေန႔မွာ အေလာင္းကို မိသားစုဝင္ေတြကေတြ႕တာပါ။ စေတြ႕တာက အိမ္သာထဲမွာပါ။ အိမ္သာတြင္းကို ႏြားတက္နင္းမိလို႔ အေပါက္ေပါက္သြားတယ္။ အဲဒီအေပါက္ကအနံ႔ထြက္လာတယ္။ အနံ႔ထြက္လာလို႔ရွာၾကည့္ေတာ့အေလာင္းကိုေတြ႕တာပါ။ အေလာင္းက အ႐ိုးစုျဖစ္ေနၿပီ”လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ဇူလိုင္ ၁၃ ရက္က ခ်ိန္ခါလီေက်း႐ြာအနီးမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ၁၂ နာရီအခ်ိန္ေလာက္မွာ တပ္မေတာ္သား ၃ ဦးက အိမ္အတြင္းကိုဝင္ကာ ဦးထြန္းေမာင္စိန္ (၆၀)ႏွစ္ကို ေသနတ္နဲ႔ပစ္သတ္ခဲ့တာလို႔ မိသားစုဝင္ေတြက ေျပာထားပါတယ္။

ေသဆုံးသူရဲ႕ဇနီးေဒၚဦးတင္ၫြန႔္က ”ခင္ဗ်ားအသက္ဘယ္ရွိၿပီးလဲလို႔ေမးတယ္ စစ္သားက၊ အသက္ ၆၀ ရွိၿပီလို႔ ေျဖလိုက္တဲ့အခ်ိန္မွာ ဒိုင္းဆိုၿပီးေသနတ္နဲ႔ပစ္သတ္ လိုက္တယ္။ က်မေရွ႕က ေယာက်ာ္းကိုပစ္သတ္လိုက္တာ။ က်မဘယ္လို လုပ္ခံစားႏိုင္မလဲ။ အဲ့ဒီအခ်ိန္မွာ က်မေယာက်ာ္းက ေသသြားၿပီ။ ဘယ္လိုလုပ္ၾကေတာ့မလဲ။ ႐ြာမွာလဲလူေတြ တစ္ေယာက္မွမရွိေတာ့ဘူး။ ေယာက်ာ္းကို ပစ္သတ္လိုက္ၿပီးတဲ့အခ်ိန္မွာ အျပင္ကို ဆြဲထုတ္သြားတယ္။ အိတ္ႀကီးတစ္လုံးမွာ ဖိၿပီးေတာ့ ေသေနတဲ့ က်မေယာက်ာ္းကိုထည့္လိုက္ တယ္။ က်မလည္းေၾကာက္ၿပီးေတာ့ ဘာမွမေျပာရဲေတာ့ဘူး။ ျပန္သြားတဲ့အခ်ိန္စစ္သားေတြက အဘြား ခင္ဗ်ားကို ညေနလာသတ္မယ္လို႔ေျပာသြားတယ္။” လို႔ ေျပာပါတယ္

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚခင္ေစာေဝကေတာ့ ” ဒီလို ဥပေဒမဲ့ သတ္ျဖတ္တာကေတာ့ မေကာင္းဘူး။ အျပစ္ရွိရင္ေတာင္ ဥပေဒေဘာင္ထဲက ေဆာင္႐ြက္သင့္ပါတယ္။ အခုက ေသသြားတာေတာင္မိသားစုေတြကအေလာင္းကိုရွာမေတြ႕ဘူး။ သူတို႔ဘယ္မွာ ပစ္ထားခဲ့တယ္ဆိုတာကိုေပါ့။ ခႏၶာကိုယ္ေတြ ေဆြးျမည့္ၿပီးခါမွ သြားေတြ႕တယ္။ ေနာက္ဆုံးသၿဂႋဳဟ္ခြင့္ေတာင္မရရွာလိုက္ဘူး။” လို႔ေျပာပါတယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဘက္ကေတာ့ တပ္မေတာ္စစ္ေၾကာင္းက ဝင္ပစ္စရာအေၾကာင္းမရွိသလို အဲ့ဒီခ်ိန္ခါလီေက်း႐ြာမွာ အရပ္သားေတြက ေသဆုံးတယ္ ဆိုတာကလည္းမရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

DVB TV News

Be the first to comment

Leave a Reply

Your email address will not be published.


*