data-language="en">

အရွယ်မရောက်သေးသော သမီးကို ဖခင်အရင်းက သားမယား အကြိမ်ကြိမ်ပြုကျင့်

လှည်းကူး၊ ဩဂုတ် ၂/၂၀၂၀

အသက် ၁၂နှစ်အရွယ် သမီးငယ်အား ဖခင်မှ သားမယား အကြိမ်ကြိမ်ပြုကျင့်သဖြင့် ဩဂုတ် ၁ရက်နေ့တွင် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှည်းကူမြို့နယ်၊ ဖေါင်ကြီး အနောက်ကျေးရွာအုပ်စုနေ အဒေါ်ဖြစ်သူနေနေအိမ်သို တူမဖြစ်သူမှာ လွန်ခဲ့သော ၁ဝရက်ခန့် ည ၁၁နာရီအချိန် ရောရှိလာ၍ “ဒီအချိန်ကြီးမှ ဘာဖြစ်လို့လာတာလဲ”ဟု မေးရာ တူမဖြစ်သူမှ အဖေရိုက်လို့ထွက်ပြေးလာကြောင်း ပြောသဖြင့် အိမ်တွင်ညအိပ်‌ခိုင်ခဲ့ပြီး နံနက်ပိုင်း၌ နင်အဖေဘာလို့ရိုက်တာလဲ မေးမြန်းစဉ် အဖေက ကျွန်မအားသားမယားပြုချင်တယ် အတူအိပ်အိပ်မယ် ပြော၍ ၎င်းမှ သားမယားပြုကျင့်မခံနိုင်ကြောင်းနှင့် အတူမအိပ်နိုင်ကြောင်းပြောရာ ဖခင်မှ ၎င်းအား နောက်ကျော တစ်ချက်၊ ကျောကုန်း တစ်ချက် ရိုက်၍ ထပ်အရိုက်ခံရမှာစိုး၍ အတူအိပ်ခဲ့ရာ ဖခင်မှ သားမယားပြုကျင့် ခဲ့ကြောင်း ပြောပြသိရသည် ဆိုသည်။

အဒေါ်ဖြစ်သူမှ နင်အဖေ အဲလိုပြုကျင့်တာ ဘယ်နှစ်ခါ ရှိပြီးလဲ မေးရာ တူမဖြစ်သူမှ “တောထဲ ဝါးခုတ်သွားစဉ်က တစ်ကြိမ်၊ နေအိမ်တွင် သုံးကြိမ်ရှိပြီ”ဖြစ်ကြောင်း ပြောပြတယ်။ နေအိမ်တွင် ၄ ရက်ကြာနေထိုင်စေပြီး တရားလို၏ အကိုဖြစ်သူ တူမလေး၏ ဖခင်အိမ်သို့ ပြန်ပို့၍ ကလေးမအား မရိုက်ဖို့ မှာထားပြီး ပြန်ပို့ခဲ့ကြောင်း ဆိုသည်။

ဇူလိုင် ၃၁ရက်နေ့တွင် တရားလိုနေအိမ်၌ ရှိနေစဉ် ညီမဖြစ်သူရောက်လာပြီး “မမရေ ညတုန်းက တူမလေးကို အကိုကြီးက ခြင်ထောင်ထဲဝင်ပြီး သားမယားပြုကျင့်နေတယ်” ဟုပြောရာ တရားလိုမှ နင်ဘယ်သိတာလဲ မေးစဉ် မနေ့ညက တူမလေးတို့ အိမ်ဘက်ကညည်းသံကြားပြီး ခဏအကြာ တူမဖြစ်သူ အပေါ့ဆင်းသွားသည်ကိုမြင်တွေ့ရကြောင်း ပြောပြသိရသဖြင့် အရွယ်မရောက်သေးသည့် တူမဖြစ်သူအား အလိုမတူဘဲ သားမယားအကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် အကိုဖြစ်သူ နိုင်ဦး(အိမ်ထောင်ကွဲ)အား ဥပဒေအရအရေးယူ ပေးပါရန်တိုင်ကြားခဲ့ကြောင်း မှုခင်းမှတ်တမ်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ဦး (၄၃နှစ်)အား ဖေါင်ကြီး နယ်မြေရဲစခန်းမှ (ပ)၁၆၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

အောင်ထက်(မင်္ဂလာဒုံ)

Top Phoenix Media Group

အရြယ္မေရာက္ေသးေသာ သမီးကို ဖခင္အရင္းက သားမယား အႀကိမ္ႀကိမ္ျပဳက်င့္

လွည္းကူး၊ ဩဂုတ္ ၂/၂၀၂၀

အသက္ ၁၂ႏွစ္အရြယ္ သမီးငယ္အား ဖခင္မွ သားမယား အႀကိမ္ႀကိမ္ျပဳက်င့္သျဖင့္ ဩဂုတ္ ၁ရက္ေန႔တြင္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

ရန္ကုန္ ေျမာက္ပိုင္းခရိုင္၊ လွည္းကူၿမိဳ႕နယ္၊ ေဖါင္ႀကီး အေနာက္ေက်းရြာအုပ္စုေန အေဒၚျဖစ္သူေနေနအိမ္သို တူမျဖစ္သူမွာ လြန္ခဲ့ေသာ ၁၀ရက္ခန႔္ ည ၁၁နာရီအခ်ိန္ ေရာရွိလာ၍ “ဒီအခ်ိန္ႀကီးမွ ဘာျဖစ္လို့လာတာလဲ”ဟု ေမးရာ တူမျဖစ္သူမွ အေဖရိုက္လို့ထြက္ေျပးလာေၾကာင္း ေျပာသျဖင့္ အိမ္တြင္ညအိပ္‌ခိုင္ခဲ့ၿပီး နံနက္ပိုင္း၌ နင္အေဖဘာလို့ရိုက္တာလဲ ေမးျမန္းစဥ္ အေဖက ကၽြန္မအားသားမယားျပဳခ်င္တယ္ အတူအိပ္အိပ္မယ္ ေျပာ၍ ၎မွ သားမယားျပဳက်င့္မခံနိုင္ေၾကာင္းႏွင့္ အတူမအိပ္နိုင္ေၾကာင္းေျပာရာ ဖခင္မွ ၎အား ေနာက္ေက်ာ တစ္ခ်က္၊ ေက်ာကုန္း တစ္ခ်က္ ရိုက္၍ ထပ္အရိုက္ခံရမွာစိုး၍ အတူအိပ္ခဲ့ရာ ဖခင္မွ သားမယားျပဳက်င့္ ခဲ့ေၾကာင္း ေျပာျပသိရသည္ ဆိုသည္။

အေဒၚျဖစ္သူမွ နင္အေဖ အဲလိုျပဳက်င့္တာ ဘယ္ႏွစ္ခါ ရွိၿပီးလဲ ေမးရာ တူမျဖစ္သူမွ “ေတာထဲ ဝါးခုတ္သြားစဥ္က တစ္ႀကိမ္၊ ေနအိမ္တြင္ သုံးႀကိမ္ရွိၿပီ”ျဖစ္ေၾကာင္း ေျပာျပတယ္။ ေနအိမ္တြင္ ၄ ရက္ၾကာေနထိုင္ေစၿပီး တရားလို၏ အကိုျဖစ္သူ တူမေလး၏ ဖခင္အိမ္သို႔ ျပန္ပို႔၍ ကေလးမအား မရိုက္ဖို့ မွာထားၿပီး ျပန္ပို႔ခဲ့ေၾကာင္း ဆိုသည္။

ဇူလိုင္ ၃၁ရက္ေန႔တြင္ တရားလိုေနအိမ္၌ ရွိေနစဥ္ ညီမျဖစ္သူေရာက္လာၿပီး “မမေရ ညတုန္းက တူမေလးကို အကိုႀကီးက ျခင္ေထာင္ထဲဝင္ၿပီး သားမယားျပဳက်င့္ေနတယ္” ဟုေျပာရာ တရားလိုမွ နင္ဘယ္သိတာလဲ ေမးစဥ္ မေန႔ညက တူမေလးတို့ အိမ္ဘက္ကညည္းသံၾကားၿပီး ခဏအၾကာ တူမျဖစ္သူ အေပါ့ဆင္းသြားသည္ကိုျမင္ေတြ႕ရေၾကာင္း ေျပာျပသိရသျဖင့္ အရြယ္မေရာက္ေသးသည့္ တူမျဖစ္သူအား အလိုမတူဘဲ သားမယားအႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့သည့္ အကိုျဖစ္သူ နိုင္ဦး(အိမ္ေထာင္ကြဲ)အား ဥပေဒအရအေရးယူ ေပးပါရန္တိုင္ၾကားခဲ့ေၾကာင္း မွုခင္းမွတ္တမ္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ နိုင္ဦး (၄၃ႏွစ္)အား ေဖါင္ႀကီး နယ္ေျမရဲစခန္းမွ (ပ)၁၆၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ ဖမ္းဆီးအေရးယူေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိသည္။

ေအာင္ထက္(မဂၤလာဒုံ)

Top Phoenix Media Group

Be the first to comment

Leave a Reply

Your email address will not be published.


*