data-language="en">

နှာဘူးကောင်ကြီးလို့ခေါ်ပြီး မျက်နှာကိုဘောလုံးနဲ့အပေါက်ခံရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ဒါရိုက်တာ ဦးဇော်ထွန်း

ရုပ်ရှင်ထဲမှာ လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့လို့ မုဒိမ်းကောင်ကြီး၊နှာဘူးကောင်ကြီးလို့ ခေါ်ပြီး မျက်နှာကိုဘောလုံးနဲ့အပေါက်ခံရတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ဦးဇော်ထွန်း

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် နဲ့ ဒါရိုက်တာ ဇော်ထွန်းကတော့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးပါ ရုပ်ရှင်ထဲမှာ လူကြမ်း သရုပ်ဆောင်ခဲ့ပေမယ့် အပြင်မှာ ဦးဇော်ထွန်းဟာ လူကြမ်းတစ်ဦးမဟုတ်ခဲ့ပါဘူး။

ဦးဇော်ထွန်းဟာ လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့ရာမှာ မုဒိမ်းကောင် ဇာတ်ရုပ် များကို အဓိကထားသရုပ်ဆောင်ခဲ့ရလို့ ပရိသတ်တွေရဲ့ မုန်းတီးမှုကိုတောက်လျှောက်ခံယူခဲရတယ်လို့ ဆိုလာခဲ့တာပါ။

ဦးဇော်ထွန်းက ” “လူကြမ်း သရုပ်ဆောင် ကနေ ဒါရိုက်တာ လုပ်ခဲ့တာ နှစ် (၂၀) ကျော်ပါပြီ။ အရင်က လူကြမ်း သရုပ်ဆောင် မှာတောင် လူယုတ်မာလို အခန်းတွေပဲ သရုပ်ဆောင်ခဲ့ရလို့ မျက်နှာ ကို ဘောလုံး နဲ့ ပေါက်ခံရတဲ့ အထိ လူမုန်း ခံခဲ့ရတယ်။ အများကြီး မအောင်မြင်ခဲ့ပေမယ့် အောင်မြင်သလောက်ကို ကျေနပ်ပါတယ်”လို့ဆိုလာခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ မုဒိမ်းကျင့်တဲ့အခန်းသရုပ်ဆောင်ခဲ့လို့ အမေဖြစ်သူက ကြည့်မိရာက အသက်ကြီးမှ ဒီလိုအခန်းတွေမရိုက်ဖို့ အပြောခံခဲ့ရတယ်လို့ လည်းဆိုပါတယ်။

ဒါရိုက်တာအဖြစ်ကူးပြောင်းလုပ်ကိုင်ဖြစ်ပုံကိုလည်း ” ကျနော့ကို စပြီး ဒါရိုက်တာအဖြစ်လုပ်ပါလားလို့ပြောတာကတော့ ကိုနေထက်လင်းပေါ့။သူ့ကြောင့် ကျွန်တော် ဒါရိုက်တာဖြစ်လာခဲ့တာပါ။ဒီနေရာကနေပဲ သူ့ကိုကျေးဇူးတင်ပါတယ်” လို့ပြောလာခဲ့တာ ဖြစ်ပါတယ်။ ကိုဇော်ထွန်းဟာ ကျရာနေရာက အမြဲသရုပ်ဆောင်လေ့ရှိတာကြောင့် လူမုန်းခံခဲ့ရသလို မုဒိမ်းကောင်ကြီး၊နှာဘူးကြီးလို့ပါ အပြောခံခဲ့ရပေမယ့် သူ့အနေနဲ့ ဒါဟာသရုပ်ဆောင်ပီပြင်လို့ လူတွေကအသိအမှတ်ပြုတယ်လို့ပဲ ခံယူပါတယ်လို့ ဆိုလာခဲ့တာပါ။

ဒါကတော့ လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့လို့ လူမုန်းခံခဲ့ရတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ဦးဇော်ထွန်းအကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ….ဦးဇော်ထွန်းအပေါ်အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်။

Credit to Shwe Yaung Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*