data-language="en">

ပုသိမ်-မုံရွာလမ်းမပေါ်တွင် ရဲအုပ်တဦး ဒဏ်ရာဖြင့် သေဆုံး

သြဂုတ်(၂) AlinnMyay(အလင်းမြေ)

ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေရဲစခန်းမှ စခန်းမှုး ရဲအုပ်တဦး ပုသိမ်-မုံရွာလမ်းပေါ်တွင် သေဆုံးနေသည့်ဖြစ်စဉ်တခု သြဂတ်လ ၁ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ပေါင်းတည်နယ်မြေရဲစခန်းမှုးအဖြစ်တာဝန်ထမ်းဆောင်နေသူ ရဲအုပ်ကျော်ကျော်လင်းဆိုသူဖြစ်ပြီး ယာဘက်နားထင်သွေးယိုစီးဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။

မကွေးတိုင်း၊ကံမမြို့နယ်၊အလယ်ချောင်းကျေးရွာအနီး၊မိုင်တိုင် အမှတ် ၁၄၇/၆နှင့် ၁၄၇/ရအကြားတွင် Suzuki ၊SWIFT အမျိုးအစားကားတစ်စီးသည် သြဂတ်လ ၁ရက်နံနက်ပိုင်းတည်းက ရပ်တန့်ထားသည်ကို ဒေသခံများတွေ့ရှိခဲ့ပြီး ညနေပိုင်းအထိ ထိုနေမှ မထွက်ခွာပဲရပ်တန့်ထားသဖြင့် အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှုးမှ ညနေ ၅နာရီခန့်တွင် နယ်မြေခံစခန်းသို့ အကြောင်းကြားခဲ့သည်။နယ်မြေခံရဲစခန်းမှ ကားမှန်ကိုခွဲပြီး ကြည့်ရာမှ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်။သေဆုံးသူအနီး၌ ခြောက်လုံးပူးတလက်နျင့်အတူ ကျဉ်ဆံလေးတောင့်၊ကျဉ်ခွံနှစ်ခုတွေ့ရသည်ဟု ဒေသခံများမှ ဆိုသည်။

“နောက်တော့ ဆေးရုံပို့လိုက်တော့ ဒဏ်ရာကို ဆေးရုံရောက်မှ တွေ့တာ၊အဲဒီကျမှ ကျနော်လည်း ဆေးရုံရောက်မှ သေနတ်ဒဏ်ရာတွေပတယ်လို့ သတင်းပို့ရတယ်”ဟု အလယ်ကျောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်ငြိမ်းမှပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အလယ်ချောင်းနယ်မြေရစြခန်းမှ နယ်ထိန်းတဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

ပုသိမ္-မုံရြာလမ္းမေပၚတြင္ ရဲအုပ္တဦး ဒဏ္ရာျဖင့္ ေသဆုံး

ၾသဂုတ္(၂) AlinnMyay(အလင္းေျမ)

ျပည္ၿမိဳ႕နယ္၊ေပါင္းတလည္နယ္ေျမရဲစခန္းမွ စခန္းမႈး ရဲအုပ္တဦး ပုသိမ္-မုံရြာလမ္းေပၚတြင္ ေသဆုံးေနသည့္ျဖစ္စဥ္တခု ၾသဂတ္လ ၁ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူမွာ ေပါင္းတည္နယ္ေျမရဲစခန္းမႈးအျဖစ္တာဝန္ထမ္းေဆာင္ေနသူ ရဲအုပ္ေက်ာ္ေက်ာ္လင္းဆိုသူျဖစ္ၿပီး ယာဘက္နားထင္ေသြးယိုစီးဒဏ္ရာျဖင့္ ေသဆုံးေနျခင္းျဖစ္သည္။

မေကြးတိုင္း၊ကံမၿမိဳ႕နယ္၊အလယ္ေခ်ာင္းေက်းရြာအနီး၊မိုင္တိုင္ အမွတ္ ၁၄၇/၆ႏွင့္ ၁၄၇/ရအၾကားတြင္ Suzuki ၊SWIFT အမ်ိဳးအစားကားတစ္စီးသည္ ၾသဂတ္လ ၁ရက္နံနက္ပိုင္းတည္းက ရပ္တန႔္ထားသည္ကို ေဒသခံမ်ားေတြ႕ရွိခဲ့ၿပီး ညေနပိုင္းအထိ ထိုေနမွ မထြက္ခြာပဲရပ္တန႔္ထားသျဖင့္ အလယ္ေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမႈးမွ ညေန ၅နာရီခန႔္တြင္ နယ္ေျမခံစခန္းသို႔ အေၾကာင္းၾကားခဲ့သည္။နယ္ေျမခံရဲစခန္းမွ ကားမွန္ကိုခြဲၿပီး ၾကည့္ရာမွ ေသဆုံးေနသည္ကို ေတြ႕ရျခင္းျဖစ္သည္။ေသဆုံးသူအနီး၌ ေျခာက္လုံးပူးတလက္န်င့္အတူ က်ဥ္ဆံေလးေတာင့္၊က်ဥ္ခြံႏွစ္ခုေတြ႕ရသည္ဟု ေဒသခံမ်ားမွ ဆိုသည္။

“ေနာက္ေတာ့ ေဆး႐ုံပို႔လိုက္ေတာ့ ဒဏ္ရာကို ေဆး႐ုံေရာက္မွ ေတြ႕တာ၊အဲဒီက်မွ က်ေနာ္လည္း ေဆး႐ုံေရာက္မွ ေသနတ္ဒဏ္ရာေတြပတယ္လို႔ သတင္းပို႔ရတယ္”ဟု အလယ္ေက်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမႈး ဦးတင္ၿငိမ္းမွေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အလယ္ေခ်ာင္းနယ္ေျမရျစခန္းမွ နယ္ထိန္းတဦးအား ဆက္သြယ္ေမးျမန္းခဲ့ရာ ေျဖဆိုခြင့္မရွိေၾကာင္း ျပန္လည္ေျပာၾကားခဲ့ပါသည္။

ေဝဖုန္းစံ(ျပည္) #AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit to AlinnMyay

Be the first to comment

Leave a Reply

Your email address will not be published.


*