data-language="en">

ရွှေပြည်သာတွင် မုန့်ဟင်းခါး သွားဝယ်သူ လမ်း၌ ဓါးခုတ် ခံရ

ရွှေပြည်သာ၊ ဩဂုတ် ၃/၂၀၂၀

ဘက်ထရီစက်ဘီးဖြင့် မုန့်ဟင်းခါးသွားဝယ်သူ လမ်းတွင် ဓါးခုတ်ခံရမှု ဩဂုတ် ၃ရက် နံနက်ပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ရန်ကုန် ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဒ/၁၇ ရပ်ကွက်နေသူ တရားလိုမှာ ဩဂုတ် ၃ရက် နံနက် ၈နာရီ အချိန်ခန့်က သားဖြစ်သူ နိုင်ဝင်းခန့်အား ဘက်ထရီ စက်ဘီးဖြင့် မုန့်ဟင်းခါးသွားဝယ်ခိုင်းခဲ့ရာ ခဏအကြာတွင် အသိမိတ်‌ဆွေတစ်ဦးရောက်လာ၍ ၎င်း၏သား နိုင်ဝင်းခန့်အား အိမ်ချင်းကပ်လျှက်နေထိုင်သူ ကိုဝေထွန်းမှ ဓါးမဖြင့်လိုက်ခုတ်နေကြောင်း ပြောပြ သိခဲ့ရကြောင်း ဆိုသည်။

မိခင်ဖြစ်သူမှ အခင်ဖြစ်နေရာအား သွားရောကြည့်ရှုစဉ် မှော်ဘီလမ်းမကြီးပေါ် (ဒ/၁၇)ရပ်ကွက်တွင် သားဖြစ်သူ နိုင်ဝင်းခန့် (၁၆နှစ်)မှာ ဝဲနားရွက် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲနားအနောက်ဘက်(၂)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်ဖျံ(၃)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်ခလယ်နှင့်လက်သန်းပြတ်ရှဒဏ်ရာ(၁)ချက် တို့ ရရှိခဲ့သဖြင့် အင်းစိန်ပြည်သူဆေးရုံ၌ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ကုသနေရသဖြင့် သားဖြစ်သူအား ဓါးဖြင့်ခုတ်ခဲ့သူ ကိုဝေထွန်းအား ဥပဒေအရအရေးယူပေး ပါရန် မိခင်မှ တရားလိုပြုလုပ်တန်ကြားခဲ့ကြောင်း စုံးစမ်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓါးမဖြင့်ခုတ်ခဲ့သူ ဝေထွန်း (၅၅နှစ်)အား လှော်ကားနယ်မြေရဲစခန်းမှ (ပ) ၁၀၈၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုတင့်(ရွှေပြည်သာ)

Top Phoenix Media Group

ေရႊျပည္သာတြင္ မုန႔္ဟင္းခါး သြားဝယ္သူ လမ္း၌ ဓါးခုတ္ ခံရ

ေရႊျပည္သာ၊ ဩဂုတ္ ၃/၂၀၂၀

ဘက္ထရီစက္ဘီးျဖင့္ မုန႔္ဟင္းခါးသြားဝယ္သူ လမ္းတြင္ ဓါးခုတ္ခံရမႈ ဩဂုတ္ ၃ရက္ နံနက္ပိုင္းက ျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ ‌ေျမာက္ပိုင္းခရိုင္၊ ေရႊျပည္သာၿမိဳ႕နယ္၊ ဒ/၁၇ ရပ္ကြက္ေနသူ တရားလိုမွာ ဩဂုတ္ ၃ရက္ နံနက္ ၈နာရီ အခ်ိန္ခန႔္က သားျဖစ္သူ နိုင္ဝင္းခန႔္အား ဘက္ထရီ စက္ဘီးျဖင့္ မုန႔္ဟင္းခါးသြားဝယ္ခိုင္းခဲ့ရာ ခဏအၾကာတြင္ အသိမိတ္‌ေဆြတစ္ဦးေရာက္လာ၍ ၎၏သား နိုင္ဝင္းခန႔္အား အိမ္ခ်င္းကပ္လၽွက္ေနထိုင္သူ ကိုေဝထြန္းမွ ဓါးမျဖင့္လိုက္ခုတ္ေနေၾကာင္း ေျပာၿပ သိခဲ့ရေၾကာင္း ဆိုသည္။

မိခင္ျဖစ္သူမွ အခင္ျဖစ္ေနရာအား သြားေရာၾကည့္ရႈစဥ္ ေမွာ္ဘီလမ္းမႀကီးေပၚ (ဒ/၁၇)ရပ္ကြက္တြင္ သားျဖစ္သူ နိုင္ဝင္းခန႔္ (၁၆ႏွစ္)မွာ ဝဲနားရြက္ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ဝဲနားအေနာက္ဘက္(၂)လက္မခန႔္ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ဝဲလက္ဖ်ံ(၃)လက္မခန႔္ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာလက္ခလယ္ႏွင့္လက္သန္းျပတ္ရွဒဏ္ရာ(၁)ခ်က္ တို႔ ရရွိခဲ့သျဖင့္ အင္းစိန္ျပည္သူေဆး႐ုံ၌ အတြင္းလူနာ (စိုးရိမ္ရ)အျဖစ္ တင္ပို႔ကုသေနရသျဖင့္ သားျဖစ္သူအား ဓါးျဖင့္ခုတ္ခဲ့သူ ကိုေဝထြန္းအား ဥပေဒအရအေရးယူေပး ပါရန္ မိခင္မွ တရားလိုျပဳလုပ္တန္ၾကားခဲ့ေၾကာင္း စုံးစမ္းသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓါးမျဖင့္ခုတ္ခဲ့သူ ေဝထြန္း (၅၅ႏွစ္)အား ေလွာ္ကားနယ္ေျမရဲစခန္းမွ (ပ) ၁၀၈၂/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ကိုတင့္(ေရႊျပည္သာ)

Top Phoenix Media Group