data-language="en">

အမြန်လမ်းတွင် ပရိုဘောက်ယာဉ်အရှိန်လွန်တိမ်းမှောက်၊ နှစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရရှိ

ရေတာရှည်  သြဂုတ် ၃

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ရေတာရှည်မြို့နယ်၊ သာဂရအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် ၁၇၆/၂ နှင့် ၃ အကြားတွင် သြဂုတ် ၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က ပရိုဘောက်ယာဉ်ငယ် တစ်စီးအရှိန်လွန် တိမ်းမှောက်သွားခဲ့ရာ နှစ်ဦးသေဆုံးသွားခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှ စခန်းမှူး ကျော်စွာလတ် နှင့်ရဲတပ်ဖွဲ့ဝင်များသည် အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရပ်သို့သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ ဇင်မင်းထိုက် ၃၁ နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော YGN-1H/——-ပရိုဘောက်ယာဉ်သည် အခင်းဖြစ်နေရာအရောက်အရှိန်လွန် တိမ်းမှောက် သွားခဲ့ရာ ယာဉ်မောင်း ဇင်မင်းထိုက် နှင့် မတင်တင်နွယ် ၂၄ နှစ်(နေရပ်တူ)တို့နှစ်ဦးမှာ ရရှိသည့်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်တွင် နေကြသူဖြစ်သော ရဲတင်အောင် ၂၈ နှစ်၊ မအေးဇူလိုင်မိုး ၂၇ နှစ်၊ မောင်ပိုင်စိုးဦး ၃ နှစ်၊ မောင်စက်ပိုင်လင်း ၃ နှစ်တို့တွင် မစိုးရိမ်ရ ဒဏ်ရာ များရရှိခဲ့၍ ယာဉ်မောင်း ဇင်မင်းထိုက်  အား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဆု(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

ေရတာရွည္  ၾသဂုတ္ ၃

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး ေရတာရွည္ၿမိဳ႕နယ္၊ သာဂရအျမန္လမ္း ရဲစခန္းအပိုင္ မိုင္တိုင္ ၁၇၆/၂ ႏွင့္ ၃ အၾကားတြင္ ၾသဂုတ္ ၃ ရက္ေန႔ နံနက္ ၇ နာရီ ၁၀ မိနစ္အခ်ိန္ခန္႔က ပရိုေဘာက္ယာဥ္ငယ္ တစ္စီးအရွိန္လြန္ တိမ္းေမွာက္သြားခဲ့ရာ ႏွစ္ဦးေသဆုံးသြားခဲ့ၿပီး ေလးဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ယာဥ္မေတာ္တဆမႈ ျဖစ္ပြားေၾကာင္း သတင္းအရ သာဂရအျမန္လမ္းရဲစခန္းမွ စခန္းမႉး ေက်ာ္စြာလတ္ ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အျမန္လမ္းမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ အခင္းျဖစ္ရပ္သို႔သြားေရာက္ စစ္ေဆးခဲ့ရာ ရန္ကုန္ဘက္မွေနျပည္ေတာ္ဘက္သို႔ ဇင္မင္းထိုက္ ၃၁ ႏွစ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာေသာ YGN-1H/——-ပရိုေဘာက္ယာဥ္သည္ အခင္းျဖစ္ေနရာအေရာက္အရွိန္လြန္ တိမ္းေမွာက္ သြားခဲ့ရာ ယာဥ္ေမာင္း ဇင္မင္းထိုက္ ႏွင့္ မတင္တင္ႏြယ္ ၂၄ ႏွစ္(ေနရပ္တူ)တို႔ႏွစ္ဦးမွာ ရရွိသည့္ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ေနၾကသူျဖစ္ေသာ ရဲတင္ေအာင္ ၂၈ ႏွစ္၊ မေအးဇူလိုင္မိုး ၂၇ ႏွစ္၊ ေမာင္ပိုင္စိုးဦး ၃ ႏွစ္၊ ေမာင္စက္ပိုင္လင္း ၃ ႏွစ္တို႔တြင္ မစိုးရိမ္ရ ဒဏ္ရာ မ်ားရရွိခဲ့၍ ယာဥ္ေမာင္း ဇင္မင္းထိုက္  အား သာဂရအျမန္လမ္းရဲစခန္းမွ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဆု(ျပန္/ဆက္)

ပဲခူးတိုင္းေဒသႀကီး