data-language="en">

၇ တန်းကျောင်းသူကို ပထွေးဖြစ်သူက ဓားထောက်ကာ အကြိမ် ၂၀ ခန့် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်

၇ တန်းကျောင်းသူကို ပထွေးဖြစ်သူက ဓားထောက်ကာ အကြိမ် ၂၀ ခန့် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်

ကိုတာ ဖားကန့်၊ သြဂုတ် ၃ ရက်။

မိခင်မရှိခိုက် ပထွေးဖြစ်သူ လှထွန်းအောင် (ခ) မောင်ထွန်းက ဓားထောက် ခြိမ်းခြောက်ကာ ၇ တန်းကျောင်းသူ မနန်း —– ကို အလိုမတူဘဲ အကြိမ်၂၀ ခန့် မယားအဖြစ် ပြုကျင့်ခဲ့သည်ဟု ဆိုကာ မိခင်ဖြစ်သူ ဒေါ်နန်းလီလီခမ်းက ဖားကန့်မြို့မ ရဲစခန်းတွင် သြဂုတ်လ ၂ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူက ဖားကန့်မြို့နယ် ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပထမ တိုင်တန်းချက်အရ သမီးဖြစ် အသက် ၁၄ နှစ် ၇ တန်းကျောင်းသူကို ပထွေးဖြစ်သူက ဓားထောက်ခြိမ်းခြောက်ကာ အကြိမ်၂၀ ကြော် အဓမ္မပြုကျင့်ကြောင်း ထွက်ဆို တိုင်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်နန်းလီလီခမ်းသည် သားသမီးများနှင့်အတူ အိမ်မှာရှိနေစဉ် လက်ရှိအိမ်ထောင် လှထွန်းအောင် (ခ) မောင်ထွန်းက အရက်သေစာသောက်စား မူးယစ်လာပြီး ဒေါ်နန်းလီလီခမ်းနှင့်သားသမီ်များအား ဆဲဆိုကြိမ်မောင်းရာတွင် ” နင့်သမီးကို ငါဖျက်ဆီးပစ်လိုက်ပြီ ထပ်ဖျက်ဆီးပစ်မည်” ဟု ပြောဆိုခြိမ်းခြောက်ခဲ့သဖြင့် ယခင်အိမ်ထောင်မှ သမီးဖြစ်သူ မနန်း — နှင့် မောင်တင်ဂျမင် တို့နှင့် ယခုအိမ်ထောင်ဖြင့် ရရှိသူ အသက် ၁ နှစ် ၈ လ သမီးလေးခေါ်ကာ နေအိမ်ပေါ်ကဆင်းပြီး ၎င်း၏ ခြံပိုင်ရှင်အိမ်ထံ သွားရောက်နေထိုင်ခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုထားသည်။

သြဂုတ်လ ၁ ရက်နေ့က အိမ်ပြောင်းနေထိုင်အပြီးတွင် သမီးဖြစ်သူ မနန်း — အား မေးမြန်းရာတွင် မေလ (ရက်မမှတ်မိ) အတွင်း မိခင်ဈေးသွားနေစဉ် အတွင်းခံနှင့် လုံချည်တို့အားချွတ်ပြီး ၅ မိနစ်ခန့် သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ဇူလိုင် ၂၉
ရက်နေ့က တကြိမ်ပြုကျင့်ခဲ့သေးကြောင်း၊ အလားတူ မိခင်မရှိခိုက် အလိုမတူဘဲ သားမယားအဖြစ် အကြိမ် ၂၀ ခန့် ပြုကျင့်ခဲ့ကြောင်း ရဲစစ်ချက်တွင် ထွက်ဆိုထားသည်။

ယခင်အိမ်ထောင်မှ ရရှိခဲ့သည့် သမီးဖြစ်သူ မနန်း —- ကို အလိုမတူဘဲ သားမယားအဖြစ် ကြိမ်ကြိမ်ပြုကျင့်ခဲ့သည်ဟု တိုင်တန်းခံရသည့် ဖားကန့်မြို့နယ်၊ ဆိမ်မူအုပ်စု၊ လခူးချောင်ကျေးရွာ နေထိုင်သူ ဦးလှထွန်းအောင် (ခ) မောင်ထွန်းအား ဖားကန့်မြို့မရဲစခန်းတွင် ပ- ၁၉၆/၂၀၂၀၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးကာ တရားရုံးတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Red News Agency