data-language="en">

ရွှေဆိုင်ကို ဓါးမြတိုက်ပြီး ထွက်ပြေးသွားသူရဲ့ဖြစ်ရပ်

ထိုင်းတွင်ရွှေဆိုင်၌ဓါးပြတိုက်ပြီးထွက်ပြေးသွားသူအားရဲတပ်ဖွဲ့မှလိုက်လံဖမ်းဆီးစဉ်ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အသေဖမ်းဆီးရမိခဲ့ ၊ ရဲမှူး နှစ်ဦးဒဏ်ရာရ

ဩဂုတ်လ ၄ ရက် ၊

ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ ၁၉:၃၀ချိန်က ထိုင်းနိုင်ငံ ဘွန့်ကန်းခရိုင် ဖွန်းကျရုန်းမြို့ရှိ Tesco Lotus ကုန်တိုက်အတွင်းဖွင့်လှစ်ထားသောရွှေဆိုင်တစ်ခုသို့ အမျိုးသားတစ်ဦးသေနတ်ဖြင့် ဓါးပြတိုက်ကာ ရွှေထည်တစ်ချို့ကိုယူဆောင်၍ထွက်ပြေးတိမ်းရှောင်နေသောတရားခံနောက်သို့ အမှတ် (၄) ရဲတိုင်းဌာနချုပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီး ကျရုန်းဝစ်ဦးစီးကာ လိုက်လံဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၃ ရက်နေ့ ၁၄:၃၀ ချိန်တွင် ခွန်ကဲန်းမြို့၌ခြေရာခံမိခဲ့ပြီး လမ်းမပေါ်တွင် ဓါးပြမှပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ကြရာ ဓါးပြအားပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ည၂၀:၀၀ ချိန်တွင်ရရှိဒဏ်ရာဖြင့်ဆေးရုံတွင်သေဆုံးသွားကြောင်းသိရှိရသည် ။

သေဆုံးသွားသောဓါးပြမှာ အသက် ၃၆ နှစ်အရွယ် နိုင်ရန်းဆန်းဖြစ်ကြောင်း ၊ နခွန်ရတ်ချ်စီမာမြို့တွင်နေထိုင်သူဖြစ်ပြီး ၎င်းထံမှ ရွှေဆွဲကြိုး (၈၆)ကုံး အလေးချိန် (၉၀) ဘတ်သားထည့်ထားသောလက်ဆွဲအိပ်အမဲတစ်လုံး ၊ Glock 45 အမျိုးအစား ၉ မမ ပစ္စတို ၁ လက်တို့ကိုသက်သေခံအဖြစ်သိမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည် ။

အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲမှူး နှစ်ဦးတို့ကိုထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက်ဆေးရုံတွင်ဆေးကုသမှုခံယူထားကြောင်းသတင်းရရှိပါသည် ။ ( မစိုးရိမ်ရ )

Photo #Crd

#SiThuMaung

ေရႊဆိုင္ကို ဓါးျမတိုက္ၿပီး ထြက္ေျပးသြားသူရဲ့ျဖစ္ရပ္

ထိုင္းတြင္ေရႊဆိုင္၌ဓါးျပတိုက္ၿပီးထြက္ေျပးသြားသူအားရဲတပ္ဖြဲ႕မွလိုက္လံဖမ္းဆီးစဥ္ျပန္လည္ခုခံပစ္ခတ္ခဲ့သျဖင့္ အေသဖမ္းဆီးရမိခဲ့ ၊ ရဲမႉး ႏွစ္ဦးဒဏ္ရာရ

ဩဂုတ္လ ၄ ရက္ ၊

ၿပီးခဲ့တဲ့ဇူလိုင္လ ၃၁ ရက္ေန႔ ၁၉:၃၀ခ်ိန္က ထိုင္းနိုင္ငံ ဘြန႔္ကန္းခရိုင္ ဖြန္းက်႐ုန္းၿမိဳ႕ရွိ Tesco Lotus ကုန္တိုက္အတြင္းဖြင့္လွစ္ထားေသာေရႊဆိုင္တစ္ခုသို႔ အမ်ိဳးသားတစ္ဦးေသနတ္ျဖင့္ ဓါးျပတိုက္ကာ ေရႊထည္တစ္ခ်ိဳ႕ကိုယူေဆာင္၍ထြက္ေျပးတိမ္းေရွာင္ေနေသာတရားခံေနာက္သို႔ အမွတ္ (၄) ရဲတိုင္းဌာနခ်ဳပ္လက္ေအာက္ခံ ရဲတပ္ဖြဲ႕မွဒုတိယရဲမႉးႀကီး က်႐ုန္းဝစ္ဦးစီးကာ လိုက္လံဖမ္းဆီးခဲ့ရာ ဩဂုတ္လ ၃ ရက္ေန႔ ၁၄:၃၀ ခ်ိန္တြင္ ခြန္ကဲန္းၿမိဳ႕၌ေျခရာခံမိခဲ့ၿပီး လမ္းမေပၚတြင္ ဓါးျပမွျပန္လည္ခုခံပစ္ခတ္ခဲ့သျဖင့္ ရဲတပ္ဖြဲ႕ႏွင့္အျပန္အလွန္ထိေတြ႕ပစ္ခတ္မႈျဖစ္ၾကရာ ဓါးျပအားပစ္ခတ္ဖမ္းဆီးရမိခဲ့ၿပီး ည၂၀:၀၀ ခ်ိန္တြင္ရရွိဒဏ္ရာျဖင့္ေဆး႐ုံတြင္ေသဆုံးသြားေၾကာင္းသိရွိရသည္ ။

ေသဆုံးသြားေသာဓါးျပမွာ အသက္ ၃၆ ႏွစ္အရြယ္ နိုင္ရန္းဆန္းျဖစ္ေၾကာင္း ၊ နခြန္ရတ္ခ်္စီမာၿမိဳ႕တြင္ေနထိုင္သူျဖစ္ၿပီး ၎ထံမွ ေရႊဆြဲႀကိဳး (၈၆)ကုံး အေလးခ်ိန္ (၉၀) ဘတ္သားထည့္ထားေသာလက္ဆြဲအိပ္အမဲတစ္လုံး ၊ Glock 45 အမ်ိဳးအစား ၉ မမ ပစၥတို ၁ လက္တို႔ကိုသက္ေသခံအျဖစ္သိမ္းဆီးရမိခဲ့ေၾကာင္းသတင္းရရွိသည္ ။

အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ ရဲမႉး ႏွစ္ဦးတို႔ကိုထိမွန္ဒဏ္ရာရရွိခဲ့တဲ့အတြက္ေဆး႐ုံတြင္ေဆးကုသမႈခံယူထားေၾကာင္းသတင္းရရွိပါသည္ ။ ( မစိုးရိမ္ရ )

Photo #Crd

#SiThuMaung