data-language="en">

အရာတော်မြို့နယ်မူးမြစ်ထဲမှာ ထူးဆန်းတဲ့ ကုန်းနေရေနေ သတ္တဝါတစ်ကောင်တွေ့

ဩဂုတ်(၂၅)ရက်၊ ၂၀၂၀။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ လက်ပံတန်းရွာ၊ မူးမြစ်မှာ ထူးဆန်းတဲ့အကောင်တစ်ကောင်ကိုမကြာခဏတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီအကောင်ဟာ ရှေ့ခြေတောက်တိုပြီး နောက်ခြေထောက်ရှည်သလို ကြောရိုးပေါ်မှာ ဆူးတောင်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အကောင်က မတ်တပ်ပြေးတယ်။ ခဏခဏတွေ့တယ်။ ဖရဲခင်းထဲဝင်ပြီး အညွန့်တွေတက်စားတယ်။”လို့ လက်ပံတန်းရွာဒေသခံ ဦးသန်းထွန်းက O Media ကို ပြောပါတယ်။

သင်္ကြန်မတိုင်ခင်ကလည်း အဲဒီအကောင်နဲ့ဆင်တူတဲ့ အကောင်ကြီးတစ်ကောင်ရဲ့ သေဆုံးနေတဲ့အရိုးစုကို မူးမြစ်သောင်ပြင်မှာတွေ့ခဲ့ပြီး အဲဒီအကောင်မှာတော့ ဆူးတောင်(၈)ခုကျော်၊ နံရိုးကတော့ တဖက်ကို (၂၅) ချောင်းနဲ့ အရှည်နှစ်တောင်ကျော်ရှိပြီး ဦးခေါင်းပျောက်နေတာကို တွေ့ခဲ့ရသေးတယ်လို့ သိရပါတယ်။

အဲဒီအရိုးစုကိုတော့ မန္တလေးတိုင်းဒေသကြီး၊ ဘုန်းကြီးကျောင်းတစ်ခုကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“အခုချိန်ထိ ဘာအရိုးစုမှန်းခုထိတော့ မသိသေးဘူး။ ဘာရယ်လို့တော့ မဖြေမသေးဘူး။ ဒိုင်နိုဆောလို့တော့ ထင်တယ်။ ခြေထောက်(၃)ဆစ်၊ လက်က(၂)ဆစ်ပါတယ်။ ခေါင်းရယ် ခွါရယ်၊ သားရည်ရယ်ပဲမရှိတာ။ ကြောရိုးပေါ်မှာ အချွန်ကြီးတွေပါတယ်။”လို့ အဲဒီအရိုးစုကို ဘုန်းကြီးကျောင်းဆီပို့ဆောင်လိုက်တဲ့ ညောင်ပင် ရှည်ကျေးရွာက ဦးသောင်းမြင့် O Media ကို ပြောပါတယ်။

ဒေသခံတွေကတော့ လယ်ယာလုပ်ငန်းခွင်ကို ကျွဲ၊ နွားတွေအသုံးပြုပြီး လုပ်ကိုင်ကြတာကြောင့် အခုအရိုးစုဟာ ကျွဲ၊ နွားအရိုးတွေလိုမျိုးမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဆင်၊ ကြံ့နဲ့ ရေမြင်းစတဲ့သတ္တဝါတွေရဲ့ အရိုးစုမှာလည်း ဆူးတောင်ပုံစံအရိုးတွေပါရှိတက်ပြီး အဲဒီဒေသမှာတော့ဆင်မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

Credit to Omedia

အရာေတာ္ၿမိဳ႕နယ္မူးျမစ္ထဲမွာ ထူးဆန္းတဲ့ ကုန္းေနေရေနသတၱဝါတစ္ေကာင္ေတြ႕

ဩဂုတ္(၂၅)ရက္၊ ၂၀၂၀။

စစ္ကိုင္းတိုင္းေဒသႀကီး၊ အရာေတာ္ၿမိဳ႕နယ္၊ လက္ပံတန္း႐ြာ၊ မူးျမစ္မွာ ထူးဆန္းတဲ့အေကာင္တစ္ေကာင္ကိုမၾကာခဏေတြ႕ေနရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

အဲဒီအေကာင္ဟာ ေရွ႕ေျခေတာက္တိုၿပီး ေနာက္ေျခေထာက္ရွည္သလို ေၾကာ႐ိုးေပၚမွာ ဆူးေတာင္ေတြလည္း ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“အေကာင္က မတ္တပ္ေျပးတယ္။ ခဏခဏေတြ႕တယ္။ ဖရဲခင္းထဲဝင္ၿပီး အၫြန႔္ေတြတက္စားတယ္။”လို႔ လက္ပံတန္း႐ြာေဒသခံ ဦးသန္းထြန္းက O Media ကို ေျပာပါတယ္။

သၾကၤန္မတိုင္ခင္ကလည္း အဲဒီအေကာင္နဲ႔ဆင္တူတဲ့ အေကာင္ႀကီးတစ္ေကာင္ရဲ႕ ေသဆုံးေနတဲ့အ႐ိုးစုကို မူးျမစ္ေသာင္ျပင္မွာေတြ႕ခဲ့ၿပီး အဲဒီအေကာင္မွာေတာ့ ဆူးေတာင္(၈)ခုေက်ာ္၊ နံ႐ိုးကေတာ့ တဖက္ကို (၂၅) ေခ်ာင္းနဲ႔ အရွည္ႏွစ္ေတာင္ေက်ာ္ရွိၿပီး ဦးေခါင္းေပ်ာက္ေနတာကို ေတြ႕ခဲ့ရေသးတယ္လို႔ သိရပါတယ္။

အဲဒီအ႐ိုးစုကိုေတာ့ မႏၲေလးတိုင္းေဒသႀကီး၊ ဘုန္းႀကီးေက်ာင္းတစ္ခုကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

“အခုခ်ိန္ထိ ဘာအ႐ိုးစုမွန္းခုထိေတာ့ မသိေသးဘူး။ ဘာရယ္လို႔ေတာ့ မေျဖမေသးဘူး။ ဒိုင္ႏိုေဆာလို႔ေတာ့ ထင္တယ္။ ေျခေထာက္(၃)ဆစ္၊ လက္က(၂)ဆစ္ပါတယ္။ ေခါင္းရယ္ ခြါရယ္၊ သားရည္ရယ္ပဲမရွိတာ။ ေၾကာ႐ိုးေပၚမွာ အခြၽန္ႀကီးေတြပါတယ္။”လို႔ အဲဒီအ႐ိုးစုကို ဘုန္းႀကီးေက်ာင္းဆီပို႔ေဆာင္လိုက္တဲ့ ေညာင္ပင္ ရွည္ေက်း႐ြာက ဦးေသာင္းျမင့္ O Media ကို ေျပာပါတယ္။

ေဒသခံေတြကေတာ့ လယ္ယာလုပ္ငန္းခြင္ကို ကြၽဲ၊ ႏြားေတြအသုံးျပဳၿပီး လုပ္ကိုင္ၾကတာေၾကာင့္ အခုအ႐ိုးစုဟာ ကြၽဲ၊ ႏြားအ႐ိုးေတြလိုမ်ိဳးမဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

ဆင္၊ ႀကံ့နဲ႔ ေရျမင္းစတဲ့သတၱဝါေတြရဲ႕ အ႐ိုးစုမွာလည္း ဆူးေတာင္ပုံစံအ႐ိုးေတြပါရွိတက္ၿပီး အဲဒီေဒသမွာေတာ့ဆင္မရွိဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

Photo : ဒေသခံများ

Credit to Omedia