data-language="en">

ရွှေတောင်မြို့နယ် မကျီးပေါက်ကုန်းအုပ်စု ကျောက်ဖူးရွာက သမီးလေးအမှုမှတရားခံမိပြီ သတင်းရရှိ

ရွှေတောင်မြို့နယ် မကျီးပေါက်ကုန်းအုပ်စု ကျောက်ဖူးရွာက သမီးလေးအမှုမှတရားခံမိပြီ သတင်းရရှိ

ရွှေတောင်မြို့မှ အသက် ၄ အရွယ်ကလေးအား သတ်ခဲ့သူကို ဖမ်းဆီးရမိပြီလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ဦးခင်ဝင်း အသက်၅၀ သည် ကလေးအားသတ်ပြီး ပီနံအိတ်ဖြင့်ထည့် ကာလယ်ကွင်းအတွင်းသွားရောက်စွန့်ပစ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့ ကဆိုပါတယ်။

ပဲခူတိုင်း၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကျေးရွာအုပ်စုရှိ ကျောက်ဖူးကျေးရွာမှ တစ်ပတ်ကျော်ကြာ ပျောက်ဆုံး ခဲ့သည့် ၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အောက်တိုဘာလ ၂၆ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်က ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ သေဆုံးသူ ၄နှစ်အရွယ်မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ကျောက်ဖူးရွာနဲ့ ကန်သုံးဆင့်ရွာအကြားရှိ လယ်ကွင်း စပါးခင်းအစပ်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်း ၄နှစ်အရွယ် မိန်းကလေးငယ်သည် အောက်တိုဘာလ ၁၈ရက်နေ့ ညနေပိုင်းအချိန်ကစတင်ပြီး ပျောက်ဆုံးခဲ့ ခြင်းကြောင့် သက်ဆိုင်ရာရဲစခန်းများသို့ လူပျောက်အမှတ်(၄)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် ၉ရက်မြောက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

TNO

ေရႊေတာင္ၿမိဳ႕နယ္ မက်ီးေပါက္ကုန္းအုပ္စု ေက်ာက္ဖူးရြာက သမီးေလးအမႈမွတရားခံမိၿပီ သတင္းရရွိ

ေရႊေတာင္ၿမိဳ႕မွ အသက္ ၄ အရြယ္ကေလးအား သတ္ခဲ့သူကို ဖမ္းဆီးရမိၿပီလို႔ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။

အဆိုပါျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူ ဦးခင္ဝင္း အသက္၅၀ သည္ ကေလးအားသတ္ၿပီး ပီနံအိတ္ျဖင့္ထည့္ ကာလယ္ကြင္းအတြင္းသြားေရာက္စြန္႔ပစ္ခဲ့တယ္လို႔ ထြက္ဆိုေၾကာင္း ရဲတပ္ဖြဲ႕ ကဆိုပါတယ္။

ပဲခူတိုင္း၊ ေရႊေတာင္ၿမိဳ႕နယ္၊ မက်ီးေပါက္ေက်းရြာအုပ္စုရွိ ေက်ာက္ဖူးေက်းရြာမွ တစ္ပတ္ေက်ာ္ၾကာ ေပ်ာက္ဆုံး ခဲ့သည့္ ၄ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးကို ေအာက္တိုဘာလ ၂၆ရက္ေန႔ ေန႔လည္ပိုင္းအခ်ိန္ခန႔္က ျပန္လည္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အဆိုပါ ေသဆုံးသူ ၄ႏွစ္အရြယ္မိန္းကေလးငယ္ရဲ့ ႐ုပ္အေလာင္းကို ေက်ာက္ဖူးရြာနဲ႔ ကန္သုံးဆင့္ရြာအၾကားရွိ လယ္ကြင္း စပါးခင္းအစပ္မွာ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ကာ ယင္း ၄ႏွစ္အရြယ္ မိန္းကေလးငယ္သည္ ေအာက္တိုဘာလ ၁၈ရက္ေန႔ ညေနပိုင္းအခ်ိန္ကစတင္ၿပီး ေပ်ာက္ဆုံးခဲ့ ျခင္းေၾကာင့္ သက္ဆိုင္ရာရဲစခန္းမ်ားသို႔ လူေပ်ာက္အမွတ္(၄)ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီးေနာက္ ၉ရက္ေျမာက္ေန႔မွာ ျပန္လည္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

TNO