data-language="en">

ကြက်ဝိုင်း ဝင်ဖမ်းချိန် တိုက်ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံး

ကြက်ဝိုင်း ဝင်ဖမ်းချိန် တိုက်ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံး

မနီလာ၊ အောက်တိုဘာ-၂၈-၂၀၂၀

မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံ၊ မြောက်ဆာမာပြည်နယ်မှာ တရားမဝင်တိုက်ကြက်လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးချိန် ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံးသွားပါတယ်။

ဒီလိုဝင်ရောက်စီးနင်းစဉ်မှာ ရဲအရာရှိတစ်ဦးဖြစ်သူ ခရစ်စတင်းဘိုလတ်ခ်ဟာ ကြက်ခွပ်ခံခဲ့ရပြီး တိုက်ကြက်ရဲ့ ခြေထောက်တွေမှာ တပ်ဆင်ပေးလေ့ရှိတဲ့ ခွျှန်ထက်တဲ့ ဓါးသွားနဲ့ ထိုးမိခဲ့တာဖြစ်ပါတယ်။

တိုက်ကြက်ခြေထောက်က ဓါးသွားဟာ သူရဲ့ ဘယ်ဘက်ပေါင်ကို ထိုးမိပြီး အဓိကသွေးလွှတ်ကြောကို ဖြတ်တောက်ခဲ့ပါတယ်။ သူ့ကိုချက်ချင်းဆေးရုံတင်ပို့ခဲ့ပေမယ့် ဆေးရုံရောက်ရောက်ချင်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ကတည်းက ကြက်တိုက်တာတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ ကပ်ရောဂါမတိုင်ခင်ကတော့ ဒေသတွင်းပွဲတော်တွေမှာ သုံးရက်၊ တနင်္ဂနွေနေ့တိုင်းနဲ့ တရားဝင်အားလပ်ရက်တွေမှာ ကြက်ဝိုင်းတွေကို ခွင့်ပြုပေးထားပါတယ်။

ဒီဖြစ်ရပ်ဟာ ရှင်းမပြနိုင်တဲ့ ကံဆိုးမိုးမှောင်ကျမှုဖြစ်တယ်လို့ ပြည်နယ်ရဲမှူးကြီး Arnel Apud ကအေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။ ဒီသတင်းကို စပြီးကြားချိန်မှာ မယုံကြည်နိုင်ခဲ့ကြောင်း၊ ဒါဟာ မိမိရဲ့ ရဲလုပ်သက် ၂၅ နှစ်အတွင်းမှာ တိုက်ကြက်တစ်ကောင် အခွပ်ခံရလို့ ရဲတစ်ဦးကျဆုံးသွားတာကို ပထမဆုံးကြုံရတာဖြစ်တယ်လို့ ပြည်နယ်ရဲမှူးကြီးက ပြောပါတယ်။

Ref : BBC

Photo: Getty Images

#voiceofmyanmar #VOM #မနီလာ

ၾကက္ဝိုင္း ဝင္ဖမ္းခ်ိန္ တိုက္ၾကက္ခြပ္ခံရလို႔ ရဲအရာရွိတစ္ဦးေသဆုံး

မနီလာ၊ ေအာက္တိုဘာ-၂၈-၂၀၂၀

မ်ိဳးဆက္ (VOM)

ဖိလစ္ပိုင္နိုင္ငံ၊ ေျမာက္ဆာမာျပည္နယ္မွာ တရားမဝင္တိုက္ၾကက္ေလာင္းကစားဝိုင္းကို ဝင္ေရာက္ဖမ္းဆီးခ်ိန္ ၾကက္ခြပ္ခံရလို႔ ရဲအရာရွိတစ္ဦးေသဆုံးသြားပါတယ္။

ဒီလိုဝင္ေရာက္စီးနင္းစဥ္မွာ ရဲအရာရွိတစ္ဦးျဖစ္သူ ခရစ္စတင္းဘိုလတ္ခ္ဟာ ၾကက္ခြပ္ခံခဲ့ရၿပီး တိုက္ၾကက္ရဲ့ ေျခေထာက္ေတြမွာ တပ္ဆင္ေပးေလ့ရွိတဲ့ ခြၽွန္ထက္တဲ့ ဓါးသြားနဲ႔ ထိုးမိခဲ့တာျဖစ္ပါတယ္။

တိုက္ၾကက္ေျခေထာက္က ဓါးသြားဟာ သူရဲ့ ဘယ္ဘက္ေပါင္ကို ထိုးမိၿပီး အဓိကေသြးလႊတ္ေၾကာကို ျဖတ္ေတာက္ခဲ့ပါတယ္။ သူ႔ကိုခ်က္ခ်င္းေဆး႐ုံတင္ပို႔ခဲ့ေပမယ့္ ေဆး႐ုံေရာက္ေရာက္ခ်င္းေသဆုံးသြားတယ္လို႔ တာဝန္ရွိသူေတြက ေၾကညာခဲ့ပါတယ္။

ဖိလစ္ပိုင္နိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ကတည္းက ၾကက္တိုက္တာေတြကို တားျမစ္ပိတ္ပင္ထားပါတယ္။ ကပ္ေရာဂါမတိုင္ခင္ကေတာ့ ေဒသတြင္းပြဲေတာ္ေတြမွာ သုံးရက္၊ တနဂၤေႏြေန႔တိုင္းနဲ႔ တရားဝင္အားလပ္ရက္ေတြမွာ ၾကက္ဝိုင္းေတြကို ခြင့္ျပဳေပးထားပါတယ္။

ဒီျဖစ္ရပ္ဟာ ရွင္းမျပနိုင္တဲ့ ကံဆိုးမိုးေမွာင္က်မႈျဖစ္တယ္လို႔ ျပည္နယ္ရဲမႉးႀကီး Arnel Apud ကေအအက္ဖ္ပီသတင္းဌာနကိုေျပာပါတယ္။ ဒီသတင္းကို စၿပီးၾကားခ်ိန္မွာ မယုံၾကည္နိုင္ခဲ့ေၾကာင္း၊ ဒါဟာ မိမိရဲ့ ရဲလုပ္သက္ ၂၅ ႏွစ္အတြင္းမွာ တိုက္ၾကက္တစ္ေကာင္ အခြပ္ခံရလို႔ ရဲတစ္ဦးက်ဆုံးသြားတာကို ပထမဆုံးၾကဳံရတာျဖစ္တယ္လို႔ ျပည္နယ္ရဲမႉးႀကီးက ေျပာပါတယ္။

Ref : BBC

Photo: Getty Images

#voiceofmyanmar #VOM #မနီလာ