data-language="en">

စားစရာမရှိ၍ထောင်ထဲမှာဘဲနေချင်တယ်ဟုဆိုကာရွှေဆိုင်တွင်ဆွဲကြိုးလုပြီးထွက်ပြေး

စားစရာမရှိ၍ထောင်ထဲမှာဘဲနေချင်တယ်ဟုဆိုကာရွှေဆိုင်တွင်ဆွဲကြိုးလုပြီးထွက်ပြေး

စားစရာမရှိ၍ထောင်ထဲမှာဘဲနေချင်တယ်ဟုဆိုကာရွှေဆိုင်တွင်ဆွဲကြိုးလုပြီးထွက်ပြေးပြီးပြုံးစိစိဖြင့်အဖမ်းခံခဲ့သည့်အမျိုးသမီး ( ပုံတွင်ကြည့်ပါ )

ဝမ်းနည်းရမှာလား ? ဝမ်းသာရမှာလား ? မိထိုင်းရယ် 😀😂

နိုဝင်ဘာလ ၆ ရက်

ထိုင်းနိုင်ငံ အူဒွန်ဌာနီမြို့ ဖိုးစီလမ်းမကြီးရှိ ယောင်ဝရတ် ရွှေဆိုင်ထဲသို့ နိုဝင်ဘာလ ၅ ရက်နေ့က အမျိုးသမီးတစ်ဦးဆိုင်ထဲသို့ ဝင်လာကာ ရွှေဆွဲကြိုး ၁ ဘတ်သား ၅ ကုံးကိုယူကြည့်ကာ “ ကျွန်မယူသွားမယ် “ နော်ဆိုပြီး ထွက်ပြေးဟန်ပြုမူခဲ့သဖြင့် အသက် ၂၉ နှစ်အရွယ် အရောင်းဝန်ထမ်းအမျိုးသမီး ဘန်ကျဝမ်းနှင့်အခြားဝန်ထမ်း ၂ ဦးတို့မှဖမ်းထိမ်းကာ ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သည်ဟုသိရ ။

ဆွဲကြိုးလုပြေးသူအသက် ၄၃ နှစ်အရွယ် နန်းခမ်းဟဲင်း အား ဝန်ထမ်းများက ဘာ့ကြောင့်ဒါမျိုးလုပ်ရတာလဲဟု ? ဟုမေးမြန်းရာ “ ထမင်းစားစရာမရှိလို့ “ ဟုပြုံပြုံးစစဖြင့်ဆိုပါသည် ။

ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ အဆိုပါအမျိုးသမီးသည် လွန်ခဲ့သောအနှစ် ၂၀ ကအိမ်ထောင်ကွဲခဲ့ပြီး သမီးတစ်ယောက်နှင့်ဘဝကိုရုန်းကန်ရှာဖွေစားသောက်ခဲ့ရပြီး သမီးဖြစ်သူမှာ ပြီးခဲ့တဲ့နှစ်က မူးယစ်မှုဖြင့်ထောင်ကျနေသဖြင့် သူတစ်ယောက်ထဲအရပ်တကာလှည့်ကာ အဝတ်လျှော်မီးပူတိုက်သည့်အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်လို့ဆိုပါတယ် ။

ကိုဗဗစ်ကာလအလုပ်မမှန်ကာအခန်းငှါးခ တစ်လဘတ် ၂၀၀၀ မပေးနိုင်သည့်အပြင် ထမင်းမနှပ်မှန်၍ ဘုန်းကြီးကျောင်းမှာသွားတောင်းစားရတဲ့ရက်တွေလည်းရှိခဲ့ပါတယ် ၊ ဒါ့ကြောင့်ဒီနေ့မှာ အတွေးတစ်ခုဣင်လာတာက ရွှေဆိုင်တစ်ဆိုင်ထဲဝင်ပြီးလုပြေးချင်ယောင်ဆောင်ပြီးရဲကဖမ်းမိရင် ထောင်ထဲမှာနေစရာ စားစရာမပူရသလို သမီးဖြစ်သူနဲ့လည်းတွေ့ရမယ် ဒါ့ကြောင့် သူမအနေနဲ့ယခုလိုပြစ်မှုကိုကျူးလွန်ရခြင်းဖြစ်သည်ဟုဖြောင့်ချက်ပေးခဲ့တယ်လို့သိရှိရပါတယ် ။

ရဲတပ်ဖွဲ့ကတော့တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်နေစဉ်သူမကတော့ သူ့သမီးနှင့်တွေ့ရဘို့အရေးတွေးလို့ပင်ပျော်နေပါတော့သည် ။

Photo Credit

SiThuMaung သူ့အတွေးနဲ့သူကတော့ဟုတ်နေတာပါဘဲ




နိုဝင်ဘာလ ၆ ရက်






Photo Credit
