data-language="en">

ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိ

ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိ

ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်ပြီး ဇနီးဖြစ်သူကို ဓါထောက် သားမယားပြုကျင့်ပြီး ဖုန်းလုတဲ့ လူနှစ်ဦးကိုဖမ်းဆီးရမိ

ရွှေပြည်သာမြို့နယ်တွင် အတင်းအဓမ္မခေါ်ဆောင်ပြီး သားမယားပြုကျင့်ကာ ဖုန်းလုယက်သူ (၂)ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ၇.၁၂.၂၀၂၀ ရက်နေ့ ၂၀၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၇/ဒ)ရပ်ကွက်၊ အပိုင်း(၅)၊ ရှင်စောပုလမ်းနေ တရားလို မ—-သည် ဝါးတရာစက်မှုဇုန်၊ ဝါးတရာပရီမီယာအထပ်သား စက်ရုံမှ အလုပ်ဆင်းပြီး ခင်ပွန်းဖြစ်သူနှင့်အတူ စက်ဘီးစီး၍ပြန်လာစဉ် အမည်မသိအမျိုးသား(၂)ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး “မင်းတို့မှာ ဘာတွေရှိလဲ၊ ရှိတာထုတ်ပေး” ဟု ပြောဆိုသဖြင့် Huawei-610 အမျိုးအစားဖုန်း(၁)လုံးအား ထုတ်ပေးခဲ့ကြောင်း၊

ထို့နောက် ၎င်း၏ခန္ဓာကိုယ် အား ပွတ်သပ်ကိုင်တွယ် သဖြင့် ခင်ပွန်းဖြစ်သူမှ အရပ်ပုပုအမျိုးသားတစ်ဦးအား လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ထိုစဉ် အရပ်ရှည်ရှည် အမျိုးသား(၁)ဦးက အရှည်(၁)ပေခွဲခန့်ရှိ ဓါးနှင့်ခုတ်သောကြောင့် ခင်ပွန်းဖြစ်သူ၏ ယာဘက်လက် ချောင်းများတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း၊

ထို့ပြင် ၎င်းအား “နင်မအော်နဲ့”ဟု ဆိုကာ ဓါးဖြင့် ထောက်၍ ဖုန်းအားလုယူကာ ဆိုင်ကယ်ပေါ်သို့တင်ဆောင်ပြီး (၁၉)ရပ်ကွက်၊ လမ်းဘေးလူရှင်းသည့် နေရာအရောက်တွင် အရပ်ရှည်ရှည်အမျိုးသားက သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ အရပ်ပုပု အမျိုးသားမှ သားမယားအဖြစ်ပြုကျင့်ရန်ပြုလုပ်စဉ် ရပ်ကွက်အတွင်းမှ ဆိုင်ကယ်မီးရောင်များကြောင့် အဆိုပါအမည် မသိအမျိုးသား(၂)ဦးမှာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့(၂)ဦးအား စုံစမ်းဖော်ထုတ်အရေးယူ ပေးပါရန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။

ရွှေပြည်သာမြို့နယ်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့မရဲစခန်းမှ နယ်ထိန်း အရာရှိ ရဲအုပ် ကျော်စွာအောင် နှင့် လှော်ကားနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် လှမျိုးထွန်း နှင့် တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရခြင်း၊ (၁၉)ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ပူပေါင်း၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဝိုင်းဝန်းပိတ်ဆို့ဆောင်ရွက်ခဲ့ရာ ၈.၁၂.၂၀၂၀ ရက်နေ့ ၀၂၂၅ အချိန်တွင် ညီညီထွန်း အမှတ်(၄၉၂)၊ စွယ်တော်(၁၁)လမ်း၊ (၁၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူနှင့် ဝဏ္ဏအောင် အမှတ်(၄၆၅)၊ စွယ်တော်(၁၁)လမ်း၊ (၁၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူတို့(၂)ဦးကို ဖမ်းဆီးရမိ၍ ဥပဒေနှင့်အညီအမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း/ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့

Credit to AlinnMyay(အလင်းမြေ)

ခင္ပြန္းျဖစ္သူကို ဓါးျဖင့္ခုတ္ၿပီး ဇနီးျဖစ္သူကို ဓါေထာက္ သားမယားျပဳက်င့္ၿပီး ဖုန္းလုတဲ့ လူႏွစ္ဦးကိုဖမ္းဆီးရမိ

ခင္ပြန္းျဖစ္သူကို ဓါးျဖင့္ခုတ္ၿပီး ဇနီးျဖစ္သူကို ဓါေထာက္ သားမယားျပဳက်င့္ၿပီး ဖုန္းလုတဲ့ လူႏွစ္ဦးကိုဖမ္းဆီးရမိ

ေရႊျပည္သာၿမိဳ႕နယ္တြင္ အတင္းအဓမၼေခၚေဆာင္ၿပီး သားမယားျပဳက်င့္ကာ ဖုန္းလုယက္သူ (၂)ဦးကို နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ သတင္းစာမ်က္ႏွာတြင္ေဖာ္ျပထားသည္။

ျဖစ္စဥ္မွာ ၇.၁၂.၂၀၂၀ ရက္ေန႔ ၂၀၃၀ အခ်ိန္တြင္ ေရႊျပည္သာၿမိဳ႕နယ္၊ (၁၇/ဒ)ရပ္ကြက္၊ အပိုင္း(၅)၊ ရွင္ေစာပုလမ္းေန တရားလို မ—-သည္ ဝါးတရာစက္မႈဇုန္၊ ဝါးတရာပရီမီယာအထပ္သား စက္႐ုံမွ အလုပ္ဆင္းၿပီး ခင္ပြန္းျဖစ္သူႏွင့္အတူ စက္ဘီးစီး၍ျပန္လာစဥ္ အမည္မသိအမ်ိဳးသား(၂)ဦး ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး “မင္းတို႔မွာ ဘာေတြရွိလဲ၊ ရွိတာထုတ္ေပး” ဟု ေျပာဆိုသျဖင့္ Huawei-610 အမ်ိဳးအစားဖုန္း(၁)လုံးအား ထုတ္ေပးခဲ့ေၾကာင္း၊

ထို႔ေနာက္ ၎၏ခႏၶာကိုယ္ အား ပြတ္သပ္ကိုင္တြယ္ သျဖင့္ ခင္ပြန္းျဖစ္သူမွ အရပ္ပုပုအမ်ိဳးသားတစ္ဦးအား လက္သီးျဖင့္ထိုးခဲ့ေၾကာင္း၊ ထိုစဥ္ အရပ္ရွည္ရွည္ အမ်ိဳးသား(၁)ဦးက အရွည္(၁)ေပခြဲခန႔္ရွိ ဓါးႏွင့္ခုတ္ေသာေၾကာင့္ ခင္ပြန္းျဖစ္သူ၏ ယာဘက္လက္ ေခ်ာင္းမ်ားတြင္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း၊

ထို႔ျပင္ ၎အား “နင္မေအာ္နဲ႔”ဟု ဆိုကာ ဓါးျဖင့္ ေထာက္၍ ဖုန္းအားလုယူကာ ဆိုင္ကယ္ေပၚသို႔တင္ေဆာင္ၿပီး (၁၉)ရပ္ကြက္၊ လမ္းေဘးလူရွင္းသည့္ ေနရာအေရာက္တြင္ အရပ္ရွည္ရွည္အမ်ိဳးသားက သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း၊ အရပ္ပုပု အမ်ိဳးသားမွ သားမယားအျဖစ္ျပဳက်င့္ရန္ျပဳလုပ္စဥ္ ရပ္ကြက္အတြင္းမွ ဆိုင္ကယ္မီးေရာင္မ်ားေၾကာင့္ အဆိုပါအမည္ မသိအမ်ိဳးသား(၂)ဦးမွာ ထြက္ေျပးသြားခဲ့သျဖင့္ ၎တို႔(၂)ဦးအား စုံစမ္းေဖာ္ထုတ္အေရးယူ ေပးပါရန္ ေရႊျပည္သာၿမိဳ႕နယ္၊ ေလွာ္ကားနယ္ေျမရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းမႈျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ေရႊျပည္သာၿမိဳ႕နယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး၏ ႀကီးၾကပ္မႈျဖင့္ ေရႊျပည္သာၿမိဳ႕မရဲစခန္းမွ နယ္ထိန္း အရာရွိ ရဲအုပ္ ေက်ာ္စြာေအာင္ ႏွင့္ ေလွာ္ကားနယ္ေျမရဲစခန္းမွ နယ္ထိန္းအရာရွိ ဒုရဲအုပ္ လွမ်ိဳးထြန္း ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ သတင္းရလၽွင္ရျခင္း၊ (၁၉)ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားႏွင့္ပူေပါင္း၍ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရး ဝိုင္းဝန္းပိတ္ဆို႔ေဆာင္ရြက္ခဲ့ရာ ၈.၁၂.၂၀၂၀ ရက္ေန႔ ၀၂၂၅ အခ်ိန္တြင္ ညီညီထြန္း အမွတ္(၄၉၂)၊ စြယ္ေတာ္(၁၁)လမ္း၊ (၁၉)ရပ္ကြက္၊ ေရႊျပည္သာၿမိဳ႕နယ္ေနသူႏွင့္ ဝဏၰေအာင္ အမွတ္(၄၆၅)၊ စြယ္ေတာ္(၁၁)လမ္း၊ (၁၉)ရပ္ကြက္၊ ေရႊျပည္သာၿမိဳ႕နယ္ေနသူတို႔(၂)ဦးကို ဖမ္းဆီးရမိ၍ ဥပေဒႏွင့္အညီအျမန္တရားစြဲတင္ပို႔နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

သတင္း/ဓာတ္ပုံ- ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕

Credit to AlinnMyay(အလင္းေျမ)