ဆေးလိပ်မသောက်ကွမ်းမစားဘဲ ကျောက်ကပ်ရောဂါဖြစ်နေလို့ မေးကြည့်မိတဲ့အခါ




မိတ်ဆွေ အသိတစ်ယောက်က ကွမ်းမစား ၊ အရက်မသောက် ၊ ဆေးလိပ်မသောက်ပဲ ကျောက်ကပ်ရောဂါ ခံစားရတာနဲ့ ပတ်သတ်ပြီးတော့ အတော်လေး အံ့သြခဲ့ရပါတယ်။ဒီအတွက် ဘာကြောင့် ကျောက်ကပ် ဆေးရတဲ့အထိ ကျောက်ကပ်ထိသွားတာလဲဆိုတဲ့အကြောင်းပြချက်ကို ရှာခဲ့တာ နောက်ဆုံးတော့ တွေ့ခဲ့ရပါတယ်။

အဲ့ဒါကတော့ မိတ်ဆွေဟာ မုန့်ဟင်းခါးကို အင်မတန်မှ နှစ်သက်ပြီး နေ့စဉ် စားသုံးသူဖြစ်ပါတယ် ။ မုန့်ဟင်းခါးက ပြဿနာမဟုတ်ပဲ အဓိက ပြဿနာက မုန့်ဖက်မှာပါ။ မုန့်ဖက်လုပ်သူတွေက ညနေစောင်းရင် မုန့်ဖက်တွေ ချဉ်မသွားအောင် လူသေတွေမှာထည့်သုံးတဲ့ မပုပ်သိုးစေတဲ့ ဖော်မလင်ကို ထည့်သုံးကြတာလို့ သိရပါတယ်။ သူတို့ကတော့ သူများသုံးလို့ သုံးတာပါတဲ့။ သစ်သီးသည်တွေ၊ ငါး ၊ ပုဇွန် ၊ ကြက်သားသည်တွေဟာလည်း ရောင်းကုန်တွေ မကုန်ရင် ပုပ်မသွားအောင် ဖော်မလင် စိမ်ရောင်းနေကြပါတယ်။

အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို သက်ဆိုင်ရာ လူကြီးတွေက ရှောင်တခင်စစ်ဆေးတယ်ဆိုပြီး ဆယ်နှစ်လောက်နေမှ တစ်ကြိမ်စစ်ဆေးတာဆိုတော့ ပြည်သူတွေဘဝဟာ ကိုယ့်အားသာ ကိုယ်ကိုးကြပါ။ ဖော်မလင်ပါနိုင်လို့ မသင်္ကာရင် နာရီဝက်လောက် ဆားရည်စိမ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ အားလုံး ဘေးကင်းကြပါစေ။

Writer – SMT ( Shwe Yaung Lan )





AlinnMyay YouTube Channel ကို Subscribe လုပ်ထားပေးဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်


Writer – SMT ( Shwe Yaung Lan )







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829