ရင်သားခွဲစိတ်ပြုပြင်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ချပြလာတဲ့ နေခြည်ဦး




အမာခံပရိသတ်တွေရဲ့ အင်အားနဲ့ တဖြေးဖြေးချင်း အောင်မြင်မှုတွေကိုသိမ်းပိုက်လာခဲ့တဲ့ နေခြည် ဉီးဟာ ရုပ်ရှင်ကားတွေများစွာကို ရိုက်ကူးပုံဖော်လာရတဲ့ မင်းသမီးတစ်လတ်ဖြစ်လာခဲ့ပါပြီ။ သူမဟာ ပွင့်လင်းစွာနေထိုင်တက်သလို သူမရဲ့ လုပ်ဆောင်ချက် တွေကိုလဲ ပရိသတ်ကိုအချိန်နဲ့တစ်ပြေးညီချပြလေ့ရှိပါတယ်။

ယခုအခါမှာလဲ ချီချီတစ်ယောက် ရင်သားခွဲစိတ်မှုပြုလုပ်နေတယ် ဆိုတဲ့ အကြောင်းကို ဗီဒီယိုဖိုင်လေးနဲ့အတူ ချပြလာပြန်ပါတယ်။ သူမက ပြီးခဲ့တဲ့ နှစ်အတွင်းကလဲ ကိုရီယားနိုင်ငံ မှ နာမည်ကြီးဆေးရုံတစ်ရုံမှာ နှာခေါင်းခွဲစိတ်မှုနဲ့ မျက်ရစ်ခွဲစိတ်မှုတွေကို ပြုလုပ်ခဲ့ပြီး လူတွေမမှတ်မိနိုင်လောက်အောင်ကို အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တာလဲဖြစ်ပါတယ်။

အဆိုပါ ခွဲစိတ်မှုပြုလုပ်နေတဲ့ အချိန်တုန်းကလဲ အဲ့လို သူမခွဲစိတ်တာကိုလည်း ပရိသတ်တွေ ဗဟုသုတရဖို့နဲ့ သူမလိုလှချင်သူတွေအတွက်ပါ ကိုရီယားနိုင်ငံကိုစတင်ရောက်ရှိချိန်က စပြီး ခွဲစိတ်ပြီးတဲ့ထိ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။

လက်ရှိမှာလဲ ချီချီက ကိုရီးယားနိုင်ငံမှာ ရင်သားခွဲစိတ်မှု ပြုလုပ်နေတဲ့ အကြောင်းကို ဗီဒီယိုလေးနဲ့အတူ ချပြခဲ့ပြီး သူမရဲ့ ခွဲစိတ်မှုအတွေ့ကြုံလေးတွေကို ပရိသတ်ကို ပြန်လည်မျှဝေပေးပါလို့လဲ ပြောထားပါသေးတယ်နော်။

​နေခြည် ဉီးဟာ လက်ရှိမှာတော့ ရုပ်ရှင်ကားပေါင်းများစွာနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်လာရပြီး မိုရီဆာကီဝင်းနဲ့အတူ ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးပုံဖော်ထားပြီး ဖြစ်ရာ မကြာခင်မှာတော့ ပြသတော့မှာဖြစ်တယ်လို့လဲ သိရပါတယ်။

May(cctv) ,Source – beauty by nay chi’sfb

ရင္သားခြဲစိတ္ျပဳျပင္လိုက္တဲ့ ဗီဒီယိုဖိုင္ကို ခ်ျပလာတဲ့ ေနျခည္ဦး

အမာခံပရိသတ္ေတြရဲ့ အင္အားနဲ႔ တေျဖးေျဖးခ်င္း ေအာင္ျမင္မႈေတြကိုသိမ္းပိုက္လာခဲ့တဲ့ ေနျခည္ၪီးဟာ ရုပ္ရွင္ကားေတြမ်ားစြာကို ရိုက္ကူးပံုေဖာ္လာရတဲ့ မင္းသမီးတစ္လတ္ျဖစ္လာခဲ့ပါၿပီ။ သူမဟာ ပြင့္လင္းစြာေနထိုင္တက္သလို သူမရဲ့ လုပ္ေဆာင္ခ်က္ ေတြကိုလဲ ပရိသတ္ကိုအခ်ိန္နဲ႔တစ္ေျပးညီခ်ျပေလ့ရိွပါတယ္။

ယခုအခါမွာလဲ ခ်ီခ်ီတစ္ေယာက္ ရင္သားခြဲစိတ္မႈျပဳလုပ္ေနတယ္ ဆိုတဲ့ အေၾကာင္းကို ဗီဒီယိုဖိုင္ေလးနဲ႔အတူ ခ်ျပလာျပန္ပါတယ္။ သူမက ၿပီးခဲ့တဲ့ ႏွစ္အတြင္းကလဲ ကိုရီယားႏိုင္ငံ မွ နာမည္ႀကီးေဆးရံုတစ္ရံုမွာ ႏွာေခါင္းခြဲစိတ္မႈနဲ႔ မ်က္ရစ္ခြဲစိတ္မႈေတြကို ျပဳလုပ္ခဲ့ၿပီး လူေတြမမွတ္မိႏိုင္ေလာက္ေအာင္ကို အေျပာင္းလဲႀကီး ေျပာင္းလဲသြားခဲ့တာလဲျဖစ္ပါတယ္။

အဆိုပါ ခြဲစိတ္မႈျပဳလုပ္ေနတဲ့ အခ်ိန္တုန္းကလဲ အဲ့လို သူမခြဲစိတ္တာကိုလည္း ပရိသတ္ေတြ ဗဟုသုတရဖို႔နဲ႔ သူမလိုလွခ်င္သူေတြအတြက္ပါ ကိုရီယားႏိုင္ငံကိုစတင္ေရာက္ရိွခ်ိန္က စၿပီး ခြဲစိတ္ၿပီးတဲ့ထိ ရိုက္ကူးထားတဲ့ ဗီဒီယိုေလးကို ပရိသတ္ေတြကိုမ်ွေဝေပးခဲ့ပါတယ္ ။

လက္ရိွမွာလဲ ခ်ီခ်ီက ကိုရီးယားႏိုင္ငံမွာ ရင္သားခြဲစိတ္မႈ ျပဳလုပ္ေနတဲ့ အေၾကာင္းကို ဗီဒီယိုေလးနဲ႔အတူ ခ်ျပခဲ့ၿပီး သူမရဲ့ ခြဲစိတ္မႈအေတြ့ႀကံဳေလးေတြကို ပရိသတ္ကို ျပန္လည္မ်ွေဝေပးပါလို႔လဲ ေျပာထားပါေသးတယ္ေနာ္။

​ေနျခည္ၪီးဟာ လက္ရိွမွာေတာ့ ရုပ္ရွင္ကားေပါင္းမ်ားစြာနဲ႔ ရုပ္သံဇာတ္လမ္းတြဲေတြမွာပါ သရုပ္ေဆာင္လာရၿပီး မိုရီဆာကီဝင္းနဲ႔အတူ ရုပ္သံဇာတ္လမ္းတြဲတစ္ခုကို ရိုက္ကူးပံုေဖာ္ထားၿပီး ျဖစ္ရာ မၾကာခင္မွာေတာ့ ျပသေတာ့မွာျဖစ္တယ္လို႔လဲ သိရပါတယ္။


May(cctv) ,Source – beauty by nay chi’sfb







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829