မို့မို့မြင့်အောင်အတွက် လိုအပ်နေတဲ့ မျက်လုံးတစ်လုံးကိုလှူဒါန်းပေးလိုက်တဲ့ လမင်းကဗျာ




ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ဇာတ်ပိုကဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး လမင်းကဗျာကတော့ ဒီနေ့မှာ ညီမလေးမို့မို့မြင့်အောင်အတွက်လိုအပ်နေတဲ့ မျက်လုံးတစ်လုံးကို လှူဒါန်းပေးလိုက်ပါတယ်။လမင်းကဗျာဟာ အလှူအတန်းတွေကို သဒ္ဒါကြည်ဖြူစွာနဲ့ ဖြူစင်မွန်မြတ်စွာအမြဲလိုလို လှူဒါန်းပေးလေ့ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း နတ်မောက်မြို့ ထန်းပင်မျောင်ကျေးရွာမှာနေထိုင်တဲ့ ညီမငယ်လေးမို့မို့မြင့်အောင်တစ်ယောက် လိုအပ်နေတဲ့ မျက်လုံးတုတစ်လုံးကို လှူဒါန်းပေးခဲ့တာပါ။အခုလို လှူဒါန်းဖြစ်ခဲ့တာကို “ဒီညီမလေးနာမည်က မို့မို့မြင့်အောင်တဲ့။ဒုတိယနှစ် အင်္ဂလိပ်စာဘာသာရပ်နဲ့ အဝေးသင်တက်နေတဲ့ကျောင်းသူလေးပါ။ဇာတိက နတ်မောက်မြို့နယ် ထန်းပင်မျောင်ကျေးရွာ သူနာပြုသင်တန်းတက်နေတာပါ။ သူ့ရဲ့ကွက်လပ်လေးဖြည့်ပေးခဲ့ပါတယ်။ ခုတော့ မြင်တဲ့အတိုင်းပဲလေ။ ဘယ်လောက်တောင်ဝမ်းသာနေလည်းဆိုတာ သူ့မျက်နှာအပြုံးကသက်သေပေါ့။ သူ့အတွက်ကုန်ကျစရိတ်ငွေ ၃သိန်းကို လှူဒါန်းပေးခဲ့ပါတယ်။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

လမင်းကဗျာက လှူဒါန်းခွင့်ရအောင် ကူညီပေးတဲ့ အစ်ကိုကိုလည်း ကျေးဇူးတင်ကြေင်းပြောထားတဲ့ အပြင် ဒီအလှူပိုစ့်လေးကို မြင်တဲ့(၇)ရက်သားသမီးအပေါင်းလည်း ဝမ်းသာပီတိဖြစ်ပြီး သူ့ရဲ့အလှူကုသိုလ်လေးကို ထပ်တူထပ်မျှရကြပါစေလို့လည်း မျှဝေပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ လမင်းကဗျာရဲ့ မွန်မြတ်လှတဲ့ အလှူလေးကိုသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။

Chilli – CeleGabar

Source – Wai Lu , Lamin Kabyar

မို႔မို႔ျမင့္ေအာင္အတြက္ လိုအပ္ေနတဲ့ မ်က္လုံးတစ္လုံးကိုလႉဒါန္းေပးလိုက္တဲ့ လမင္းကဗ်ာ

႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲမွာ ဇာတ္ပိုကဇာတ္ရံတစ္ေယာက္အေနနဲ႕ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ မင္းသမီးေခ်ာေလး လမင္းကဗ်ာကေတာ့ ဒီေန႕မွာ ညီမေလးမို႔မို႔ျမင့္ေအာင္အတြက္လိုအပ္ေနတဲ့ မ်က္လုံးတစ္လုံးကို လႉဒါန္းေပးလိုက္ပါတယ္။လမင္းကဗ်ာဟာ အလႉအတန္းေတြကို သဒၵါၾကည္ျဖဴစြာနဲ႕ ျဖဴစင္မြန္ျမတ္စြာအၿမဲလိုလို လႉဒါန္းေပးေလ့ရွိတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။

ဒီေန႕မွာလည္း နတ္ေမာက္ၿမိဳ႕ ထန္းပင္ေမ်ာင္ေက်း႐ြာမွာေနထိုင္တဲ့ ညီမငယ္ေလးမို႔မို႔ျမင့္ေအာင္တစ္ေယာက္ လိုအပ္ေနတဲ့ မ်က္လုံးတုတစ္လုံးကို လႉဒါန္းေပးခဲ့တာပါ။အခုလို လႉဒါန္းျဖစ္ခဲ့တာကို “ဒီညီမေလးနာမည္က မို႔မို႔ျမင့္ေအာင္တဲ့။ဒုတိယႏွစ္ အဂၤလိပ္စာဘာသာရပ္နဲ႕ အေဝးသင္တက္ေနတဲ့ေက်ာင္းသူေလးပါ။ဇာတိက နတ္ေမာက္ၿမိဳ႕နယ္ ထန္းပင္ေမ်ာင္ေက်း႐ြာ သူနာျပဳသင္တန္းတက္ေနတာပါ။ သူ႕ရဲ႕ကြက္လပ္ေလးျဖည့္ေပးခဲ့ပါတယ္။ ခုေတာ့ ျမင္တဲ့အတိုင္းပဲေလ။ ဘယ္ေလာက္ေတာင္ဝမ္းသာေနလည္းဆိုတာ သူ႕မ်က္ႏွာအၿပဳံးကသက္ေသေပါ့။ သူ႕အတြက္ကုန္က်စရိတ္ေငြ ၃သိန္းကို လႉဒါန္းေပးခဲ့ပါတယ္။”ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နာကေန ေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။

လမင္းကဗ်ာက လႉဒါန္းခြင့္ရေအာင္ ကူညီေပးတဲ့ အစ္ကိုကိုလည္း ေက်းဇူးတင္ေၾကင္းေျပာထားတဲ့ အျပင္ ဒီအလႉပိုစ့္ေလးကို ျမင္တဲ့(၇)ရက္သားသမီးအေပါင္းလည္း ဝမ္းသာပီတိျဖစ္ၿပီး သူ႕ရဲ႕အလႉကုသိုလ္ေလးကို ထပ္တူထပ္မွ်ရၾကပါေစလို႔လည္း မွ်ေဝေပးထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ လမင္းကဗ်ာရဲ႕ မြန္ျမတ္လွတဲ့ အလႉေလးကိုသာဓုေခၚဆိုလို႔ရေအာင္မွ်ေဝေပးလိုက္ပါတယ္။

Chilli – CeleGabar

Source – Wai Lu , Lamin Kabyar







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829