ဆံပင်ခဏခဏ ကျွတ်နေလို့ စိတ်ညစ်နေကြတဲ့သူတွေ စိတ်မညစ်ရအောင်




ဆံပင်ကျွတ်တာဟာ မိန်းကလေးတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လူတိုင်းမကြုံတွေ့ချင်ဆုံး ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။

ဆံပင်ခဏခဏ ကျွတ်နေလို့ စိတ်ညစ်နေကြတဲ့သူတွေ၊ ဘယ်လိုလုပ်ရမလဲဆိုတာကို မကြာခဏမေးနေသူတွေအတွက် ဒီတခါမှာတော့ သဘာဝကပေးတဲ့ အဖြေကို မျှဝေပေးသွားပါမယ်နော်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ဘာမှခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုပါဘူး။ သင့်မီးဖိုချောင်မှ အလွယ်တကူ ရှိနေတဲ့ အစားအစာပါပဲ။ ဗောက်တွေကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေပြီး ဆံကေသာကို သဘာဝအတိုင်း တောက်ပြောင်လာစေပါတယ်။

ပါဝင်ပစ္စည်း

ကြက်သွန်နီ ၄ လုံး

ကြက်သွန်ဖြူ ၆ မွှာ

ရေ ခွက်တစ်ဝက်

ပြုလုပ်နည်း

ကြက်သွန်နီကို အခွံနွှာလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူကိုလည်း အခွံနွှာပါ။ ကြက်သွန်နီကို အတုံးသေးသေးလေးလှီးလိုက်ပါ။

ပြီးရင်တော့ ကျိတ်စက်ထဲထည့်ပြီး ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပါ။ ပြီးရင်သေချာလေး ကျိတ်ပေးလိုက်ပြီး သင့်ရဲ့ ဆံပင်အမြစ်ဖျားလေးတွေကို သေချာ နှံအောင်လိမ်းလိုက်ပါ။

မိနစ် ၃၀ ကနေ ၄၀ အထိထားပါ။

အဲဒီနောက် ခေါင်းကိုသေချာလျှော်ပေးပါ။ တစ်ပတ် ၂ ကြိမ်လုပ်နိုင်ပါတယ်။

ကြက်သွန်နီနဲ့ အဆီ

ပါဝင်ပစ္စည်း

ကြက်သွန်နီ ၂ လုံး

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို အခွံနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။ ပြီးရင်တော့ ကျိတ်စက်ထဲထည့်ပြီး ကျိတ်ပေးလိုက်ပါ။ အဲဒီနောက် အုန်းဆီနဲ့ သံလွင်ဆီထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

သင့်ရဲ့ ဆံပင်အမြစ်လေးတွေကို နှံ့အောင်လိမ်းပေးလိုက်ပြီး မိနစ် ၃၀ ကနေ ၄၀ အထိထားပါ။ အဲဒီနောက် ခေါင်းသေချာလျှော်ချပေးလိုက်ပါ။

တစ်ပတ် ၂ ကြိမ်လုပ်ပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်း ၂ ခုထဲက မိမိနှစ်သက်ရာ (၁) ခုကို လိုက်လုပ်ပေးနိုင်ပါတယ်။

ခရက်ဒစ် မိုင်စတိုင်မြန်မာ

ဆံပင္ခဏခဏ ကၽြတ္ေနလို႔ စိတ္ညစ္ေနၾကတဲ့သူေတြ စိတ္မညစ္ရေအာင္

ဆံပင္ကၽြတ္တာဟာ မိန္းကေလးတိုင္း ရင္ဆိုင္ေနရတဲ့ ျပႆနာတစ္ခုျဖစ္ၿပီး လူတိုင္းမၾကဳံေတြ႕ခ်င္ဆုံး ျပႆနာတစ္ခုဆိုလည္း မမွားပါဘူး။

ဆံပင္ခဏခဏ ကၽြတ္ေနလို႔ စိတ္ညစ္ေနၾကတဲ့သူေတြ၊ ဘယ္လိုလုပ္ရမလဲဆိုတာကို မၾကာခဏေမးေနသူေတြအတြက္ ဒီတခါမွာေတာ့ သဘာဝကေပးတဲ့ အေျဖကို မၽွေဝေပးသြားပါမယ္ေနာ္။

ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴ

ဘာမွခက္ခက္ခဲခဲ စဥ္းစားေနစရာမလိုပါဘူး။ သင့္မီးဖိုေခ်ာင္မွ အလြယ္တကူ ရွိေနတဲ့ အစားအစာပါပဲ။ ေဗာက္ေတြကိုေရာ ဆံပင္ကၽြတ္တာကိုပါ သက္သာေစၿပီး ဆံေကသာကို သဘာဝအတိုင္း ေတာက္ေျပာင္လာေစပါတယ္။

ပါဝင္ပစၥည္း

ၾကက္သြန္နီ ၄ လုံး

ၾကက္သြန္ျဖဴ ၆ မႊာ

ေရ ခြက္တစ္ဝက္

ျပဳလုပ္နည္း

ၾကက္သြန္နီကို အခြံႏႊာလိုက္ပါ။ ၿပီးရင္ ၾကက္သြန္ျဖဴကိုလည္း အခြံႏႊာပါ။ ၾကက္သြန္နီကို အတုံးေသးေသးေလးလွီးလိုက္ပါ။

ၿပီးရင္ေတာ့ က်ိတ္စက္ထဲထည့္ၿပီး ပါဝင္ပစၥည္းေတြကို ထည့္လိုက္ပါ။ ၿပီးရင္ေသခ်ာေလး က်ိတ္ေပးလိုက္ၿပီး သင့္ရဲ့ ဆံပင္အျမစ္ဖ်ားေလးေတြကို ေသခ်ာ ႏွံေအာင္လိမ္းလိုက္ပါ။

မိနစ္ ၃၀ ကေန ၄၀ အထိထားပါ။

အဲဒီေနာက္ ေခါင္းကိုေသခ်ာေလၽွာ္ေပးပါ။ တစ္ပတ္ ၂ ႀကိမ္လုပ္နိုင္ပါတယ္။

ၾကက္သြန္နီနဲ႔ အဆီ

ပါဝင္ပစၥည္း

ၾကက္သြန္နီ ၂ လုံး

အုန္းဆီ စားပြဲတင္ဇြန္း ၂ ဇြန္း

သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ၾကက္သြန္နီကို အခြံႏႊာလိုက္ၿပီး အတုံးေလးေတြလွီးလိုက္ပါ။ ၿပီးရင္ေတာ့ က်ိတ္စက္ထဲထည့္ၿပီး က်ိတ္ေပးလိုက္ပါ။ အဲဒီေနာက္ အုန္းဆီနဲ႔ သံလြင္ဆီထည့္လိုက္ၿပီး ေသခ်ာေမႊေပးလိုက္ပါ။

သင့္ရဲ့ ဆံပင္အျမစ္ေလးေတြကို ႏွံ့ေအာင္လိမ္းေပးလိုက္ၿပီး မိနစ္ ၃၀ ကေန ၄၀ အထိထားပါ။ အဲဒီေနာက္ ေခါင္းေသခ်ာေလၽွာ္ခ်ေပးလိုက္ပါ။

တစ္ပတ္ ၂ ႀကိမ္လုပ္ပါ။

အခုေျပာျပခဲ့တဲ့ နည္းလမ္း ၂ ခုထဲက မိမိႏွစ္သက္ရာ (၁) ခုကို လိုက္လုပ္ေပးနိုင္ပါတယ္။

ခရက္ဒစ္ မိုင္စတိုင္ျမန္မာ







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031