ဆင်းရဲချို့တဲ့သူ ၂ ထောင်ကျော်ကို ဆန်တအိတ်စီ လှူဒါန်းခဲ့တဲ့ ခေတ်သစ်ဇောတိကမိသားစု




ငွေရှိတဲ့သူအတွက် ဆန်တစ်အိတ်ဝယ်ဖို့ မခက်ခဲပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ စီးပွားဥစ္စာချို့တဲ့သူတွေ အတွက်တော့ ဆန်ကိုအိတ်လိုက် ဝယ်စားဖို့ဆိုတာ ခက်ခဲကြပါတယ်။

ဒီလို ဆင်းရဲချို့တဲ့သူ မိသားစုတွေ အလုပ်အကိုင်ရှားပါးတဲ့ မိုးတွင်းကာလမှာစားသောက်ရေး အဆင်ပြေစေဖို့အတွက် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပဒေသာစတိုးမိသားစုက ဆင်းရဲချို့တဲ့သူ မိသားစု ၂၄ဝဝ ကျော်က်ို တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းနဲ့ ဒိီကနေ့ ဝါတွင်း ဥပုသ်နေ့မှာ ကုသိုလ်ပြု လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ပဒေသာစတိုးမိသားစုက လှူဒါန်းခဲ့တဲ့ ဆန်တစ်အိတ်ကို ၅ဝဝဝ ကျပ် တန်ဖိုးရှိပြီး ဆန်အိတ်ပေါင်း ၂၄၅၀ ကို ကျပ်သိန်းပေါင်း ၁၂ဝ ကျော် အကုန်အကျခံကာ လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ယခုလို လှူ ဒါန်းရခြင်းမှာ မိခင်ကြီးဒေါ်လှတင်အားအမှှူ းထား၍ ကွယ်လွန်သူ (ဦးအောင်ကြည်) ၊ (ဦးကောက်ပု + ဒေါ်ဘိုကင့်) တို့အားရည်စူး၍ ပဒေသာစတိုး မိသားစုများဖြစ်ကြတဲ့ မိခင်ကြီး ဒေါ်လှတင့်က ဆန်အိတ် ၄၁ဝ၊ ဦးတင်ဦး + ဒေါ်မြင့်မြင့်ရီတို့က ဆန်အိတ် ၁၄ဝဝ၊ ဦးဝင်းမောင် + ဒေါ်ခင်ချိုဝင်းတို့က ဆန်အိတ် ၆၂ဝ၊ ဦးစိုးမင်းလတ် + ဒေါ်ခင်ငြိမ်းမိုးတို့က ဆန် ၂ဝ အိတ်၊ စုစုပေါင်း ဆန်အိတ် ၂၄၅ဝ ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပဒေသာမိသားစုက ယခုလို ဆန်အိတ်များ လှူဒါန်းတဲ့အတွက် အိမ်မဲမြို့ပေါ်က ဆိုက္ကားနင်းသူတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ ဆင်းရဲချို့တဲ့သူ မိသားစုများက ဝမ်းသာခဲ့ကြပြီး ဆန်အိတ်များကို စနစ်တကျ တန်းစီကာ လက်ခံရယူခဲ့သလို အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

Credit – thelifestylemyanmar



ဒီလို ဆင်းရဲချို့တဲ့သူ မိသားစုတွေ အလုပ်အကိုင်ရှားပါးတဲ့ မိုးတွင်းကာလမှာစားသောက်ရေး အဆင်ပြေစေဖို့အတွက် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပဒေသာစတိုးမိသားစုက ဆင်းရဲချို့တဲ့သူ မိသားစု ၂၄ဝဝ ကျော်ကို တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းနဲ့ ဒီကနေ့ ဝါတွင်း ဥပုသ်နေ့မှာ ကုသိုလ်ပြု လှူဒါန်းခဲ့ကြောင်း သိရပါတယ်။


ယခုလို လှူ ဒါန်းရခြင်းမှာ မိခင်ကြီးဒေါ်လှတင်အားအမှူးထား၍ ကွယ်လွန်သူ (ဦးအောင်ကြည်) ၊ (ဦးကောက်ပု + ဒေါ်ဘိုကင့်) တို့အားရည်စူး၍ ပဒေသာစတိုး မိသားစုများဖြစ်ကြတဲ့ မိခင်ကြီး ဒေါ်လှတင့်က ဆန်အိတ် ၄၁ဝ၊ ဦးတင်ဦး + ဒေါ်မြင့်မြင့်ရီတို့က ဆန်အိတ် ၁၄ဝဝ၊ ဦးဝင်းမောင် + ဒေါ်ခင်ချိုဝင်းတို့က ဆန်အိတ် ၆၂ဝ၊ ဦးစိုးမင်းလတ် + ဒေါ်ခင်ငြိမ်းမိုးတို့က ဆန် ၂ဝ အိတ်၊ စုစုပေါင်း ဆန်အိတ် ၂၄၅ဝ ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။









CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829