သံလွင်မြစ်ထဲက ဆွေမျိုးတွေ ခေါ်နေတယ်ဆိုပြီး ရုန်းကန်ခုန်ချရန် ကြိုးစားနေတဲ့ မိန်းကလေး သတင်းအပြည့်အစုံ




မော်လမြိုင် ကမ်းနားလမ်း သံလွင်မြစ်အတွင်း မောင်နှမများရေထဲမှ ခေါ်နေသည်ဟုဆိုကာ မြစ်ထဲ အတင်းခုန်ချသည့် မိန်းကလေးအား ကယ်ဆယ်၍ မိသားစုထံအပ်နှံ

 

14.2.2020 နံနက်(10:00)ခန့်က မော်လမြိုင်မြို့ ဖက်တန်းရပ် နတ်မှော်ဆိပ်ခံ ဘောတံတားတွင် အသက်(၁၉)နှစ်အရွယ်မိန်းကလေး တစ်ဦးမှ မြစ်ထဲမှ ဆွေမျိုးမောင်နှမများ ခေါ်နေသည်ဟုဆိုကာ ခုန်ချ နေကြောင်း အကူအညီတောင်းခံလာ၍ မော်လမြိုင် Rescue အဖွဲ့မှ သတင်းရရခြင်း ထွက်ခွာ၍ အမျိုးသမီးငယ်အား ထိန်းသိမ်းပေးကာ

(ပူးတာလား စိတ်ဂယောင်ခြောက်ခြား ဖြစ်သည်လားတော့မသိပါ)

သံလွင်မြစ်ထဲသို့သာ ခုန်းဆင်းရန် အတင်းရုုန်းကန်နေသည့် မိန်းကလေးအား ရုံးသို့ထိန်းချုပ် ချော့ခေါ်လာ၍ မြစိမ်းတောင် ဆရာတော်အား ပရိတ်ရေ ပဌာန်းရေများတိုက်စေပြီး ဂယောင်ခြောက်ခြား ဖြစ်နေသည့်စိတ်အား တည်ငြိမ်အောင် ချော့မော ့ပြောဆိုပြီးနောက် မိသားစုဝင်များအားဆက်သွယ်ကာ မိဘနေအိမ်သို့ အရောက် ပို့ဆောင်ကူညီပေးခဲ့ပါသည်။ နားလည်တတ်ကျွမ်းသူများနှင့်လဲ ပြသကုသရန်အကြံပေးခဲ့ပါသည်။

ကောင်မလေးက စျေးထဲမှ စည်ပင်ဌာန အမှိုက်သိမ်း ဝန်ထမ်းဟု သိရပါသည်။ အလုပ်ဝင်နေရာမှ မြစ်ထဲမှ ဆွေမျိုးမောင်နှမများခေါ်နေ သည်ဟုဆိုကာ မြစ်ကမ်းသို့ ဆင်းလာပြီး ခုန်ချရန်ကြိုးစားခြင်း ဖြစ်ပါ သည်။ ကောင်မလေး၏အမျိုးသားမှာလည်း စျေးကြီးထဲရှိ အထည်ဆိုင် တွင် အလုပ်လုပ်နေသူတစ်ဦး ဖြစ်ပါသည်။ ကောင်မလေး၏အမျိုးသား ထံရော မိဘများထံပါ အပ်နှံပေးခဲ့ပါသည်။

Credit to Zin Moe

သံလြင္ျမစ္ထဲက ေဆြမ်ိဳးေတြ ေခၚေနတယ္ဆိုၿပီး ရုန္းကန္ခုန္ခ်ရန္ ႀကိဳးစားေနတဲ့ မိန္းကေလး သတင္းအျပည့္အစံု

ေမာ္လျမိဳင္ ကမ္းနားလမ္း သံလြင္ျမစ္အတြင္း ေမာင္ႏွမမ်ားေရထဲမွ ေခၚေနသည္ဟုဆိုကာ ျမစ္ထဲ အတင္းခုန္ခ်သည္႔ မိန္းကေလးအား ကယ္ဆယ္၍ မိသားစုထံအပ္ႏွံ

14.2.2020 နံနက္(10:00)ခန္႔က ေမာ္လျမိဳင္ျမိဳ႕ ဖက္တန္းရပ္ နတ္ေမွာ္ဆိပ္ခံ ေဘာတံတားတြင္ အသက္(၁၉)ႏွစ္အရြယ္မိန္းကေလး တစ္ဦးမွ ျမစ္ထဲမွ ေဆြမ်ိဳးေမာင္ႏွမမ်ား ေခၚေနသည္ဟုဆိုကာ ခုန္ခ် ေနေၾကာင္း အကူအညီေတာင္းခံလာ၍ ေမာ္လျမိဳင္ Rescue အဖြဲ႔မွ သတင္းရရျခင္း ထြက္ခြာ၍ အမ်ိဳးသမီးငယ္အား ထိန္းသိမ္းေပးကာ

(ပူးတာလား စိတ္ဂေယာင္ေျခာက္ျခား ျဖစ္သည္လားေတာ႔မသိပါ)

 

 

 

 

သံလြင္ျမစ္ထဲသို႔သာ ခုန္းဆင္းရန္ အတင္းရုုန္းကန္ေနသည္႔ မိန္းကေလးအား ရုံးသို႔ထိန္းခ်ဳပ္ ေခ်ာ႔ေခၚလာ၍ ျမစိမ္းေတာင္ ဆရာေတာ္အား ပရိတ္ေရ ပဌာန္းေရမ်ားတိုက္ေစျပီး ဂေယာင္ေျခာက္ျခား ျဖစ္ေနသည္႔စိတ္အား တည္ျငိမ္ေအာင္ ေခ်ာ႔ေမာ ႔ေျပာဆိုျပီးေနာက္ မိသားစုဝင္မ်ားအားဆက္သြယ္ကာ မိဘေနအိမ္သို႔ အေရာက္ ပို႔ေဆာင္ကူညီေပးခဲ႔ပါသည္။ နားလည္တတ္ကြ်မ္းသူမ်ားႏွင္႔လဲ ျပသကုသရန္အႀကံေပးခဲ႔ပါသည္။

 

 

ေကာင္မေလးက ေစ်းထဲမွ စည္ပင္ဌာန အမိႈက္သိမ္း ဝန္ထမ္းဟု သိရပါသည္။ အလုပ္ဝင္ေနရာမွ ျမစ္ထဲမွ ေဆြမ်ိဳးေမာင္ႏွမမ်ားေခၚေန သည္ဟုဆိုကာ ျမစ္ကမ္းသို႔ ဆင္းလာျပီး ခုန္ခ်ရန္ႀကိဳးစားျခင္း ျဖစ္ပါ သည္။ ေကာင္မေလး၏အမ်ိဳးသားမွာလည္း ေစ်းႀကီးထဲရွိ အထည္ဆိုင္ တြင္ အလုပ္လုပ္ေနသူတစ္ဦး ျဖစ္ပါသည္။ ေကာင္မေလး၏အမ်ိဳးသား ထံေရာ မိဘမ်ားထံပါ အပ္ႏွံေပးခဲ႔ပါသည္။


Credit to Zin Moe







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829