ကန်စွန်းရွက်သွားခူးတဲ့ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ပြန်မလာလို့လိုက်ရှာရာမှ စိတ်မကောင်းစရာ




ဖေဖော်ဝါရီ(၁၄) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ပြည်သူ့ဆေးရုံသို့ ဖေဖေါ်ဝါရီ ၁၃ ရက် ည၈နာရီ၅ဝမိနစ်အချိန်ကရေနစ်သေဆုံးနေသည့် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦးရောက်ရှိနေကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သောင်းဒန်ဦးမှ ဖုန်းဆက်အကြောင်းကြားလာသဖြင့် စခမ ဒုရဲမှူး ဌေးဝင်းနှင့်အဖွဲ့သည် သက်သေ များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည် ။

‌ဆေးရုံသို့ရောက်ရှိစစ်ဆေးရာ သေဆုံးသူများမှာ မပိုးအိစံ၊ ၂၈နှစ်၊ (ဘ)ဦးဇော်လွင်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ မယ်ဇလီခင်ကျေးရွာ၊ ဖိုးတုပ္ပံကျေးရွာအုပ်စု၊ ညောင်လေးပင်မြို့နေသူနှင့် မဇွန်မီမီဇော်၊ ရနှစ်၊ (ဘ) ဦးပြည့်ဖြိုးငြိမ်း၊ ဗမာ/ဗုဒ္ဓ၊ (၂)တန်းကျောင်းသူ၊ အမက- မယ်ဇလီခင်၊ မယ်ဇလီခင်ကျေးရွာ၊ ညောင်လေးပင်မြို့နေသူတို့ဖြစ်ကြောင်းသိရှိရပြီး မပိုးအိစံတွင် ပန်းရောင်အပွင့်ပါအင်္ကျီလက်တို၊ နီညို ရောင်ပါတိတ်လုံချည်ဝတ်ဆင်လျက်၊ နှုတ်ခမ်းပြာ၊ ခြေလက်များပဲကြီးခွံတွန့်၊ ပြင်ပဒဏ်ရာမရှိ၊ မဇွန်မီမီဇော်တွင် အဖြူအစိမ်းဂါဝန်ဝတ်ဆင်လျက် နှုတ်ခမ်းပြာ၊ ခြေလက်များပဲကြီးခွံတွန့်၊ ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေ ကြောင်းသိရှိရသည်။

မပိုးအိစံနှင့် မဇွန်မီမီဇော်တို့သေဆုံးခြင်းနှင့်ပတ်သက်၍ အတူနေမပိုးအိစံ၏မိခင်ဖြစ်သူ ဒေါ်စန်းစန်းရီ(၄၇)နှစ်၊ကျဘမ်းလုပ်၊ မယ်ဇလီခင်ကျေးရွာ၊ ညောင်လေးပင်မြို့နေသူ အားစစ်ဆေးရာ သေဆုံးသူ မပိုးအိစံနှင့် တူမတော်စပ်သူ မဇွန်မီမီဇော်တို့သည် ၂၀၂၀ ဖေ ဖေါ်ဝါရီ ၁၃ရက် ညနေ၅နာရီ၃ဝအချိန်ဝန်းကျင်ခန့်က မယ်ဇလီခင်ကျေးရွာအနောက်ဘက်ရှိ ရေအိုင်အတွင်း ကန်စွန်းရွက်ခူးရန်ထွက်သွားရာမှ ပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေရာ ၂၀၂၀ ဖေဖေါ်ဝါရီ ၁၃ရက်ည ၈နာရီ၃ဝအချိန်ဝန်းကျင်ခန့်တွင် အကျယ်(၂၀)ပေ၊ အနက်(၈) ပေခန့်ရှိ ရေအိုင်အတွင်း ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဆယ်ယူ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်စန်းစန်းရီ၏ပြောကြားချက်အရ သိရသည်။

သေဆုံးသူ(၂)ဦးအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သောင်းဒန်ဦးမှရင်ခွဲစစ်ဆေးရာ အဆုတ်ထဲသို့ရေများဝင်ရောက်ကာ အသက်ရှူလမ်း ကြောင်းပိတ်၍ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍သေဆုံးသူ မပိုးအိစံနှင့် မဇွန်မီမီဇော်တို့သေဆုံးခြင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် မမစ(ညလပ) သေမှုသေခင်းအမှတ်စဉ် (၃/၂၀၂၀)ဖြင့် အမှုဖွင့်ထားရှိကာ အမှုအား စခမ ဒုရဲမှူး ဌေးဝင်းမှလက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်)

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေး၊ ပြည်သူ့ အသံ ဖော်ဆောင်ရေး နှင့် သတင်းမှန် မီဒီယာ

Credit to AlinnMyay

ကန္စြန္းရြက္သြားခူးတဲ့ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးတစ္ဦး ျပန္မလာလို႔လိုက္ရွာရာမွ စိတ္မေကာင္းစရာ

ေဖေဖာ္ဝါရီ(၁၄) AlinnMyay(အလင္းေျမ)

ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ေဖေဖၚဝါရီ ၁၃ ရက္ ည၈နာရီ၅ဝမိနစ္အခ်ိန္ကေရနစ္ေသဆုံးေနသည့္ အမ်ိဳးသမီး(၁)ဦးႏွင့္ ကေလးငယ္(၁)ဦးေရာက္ရွိေနေၾကာင္း ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာ ေသာင္းဒန္ဦးမွ ဖုန္းဆက္အေၾကာင္းၾကားလာသျဖင့္ စခမ ဒုရဲမႉး ေဌးဝင္းႏွင့္အဖြဲ႕သည္ သက္ေသ မ်ားႏွင့္အတူ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၾကေၾကာင္း သိရသည္ ။

‌ေဆး႐ုံသို႔ေရာက္ရွိစစ္ေဆးရာ ေသဆုံးသူမ်ားမွာ မပိုးအိစံ၊ ၂၈ႏွစ္၊ (ဘ)ဦးေဇာ္လြင္၊ ဗမာ/ဗုဒၶ၊ က်ဘမ္း၊ မယ္ဇလီခင္ေက်းရြာ၊ ဖိုးတုပၸံေက်းရြာအုပ္စု၊ ေညာင္ေလးပင္ၿမိဳ႕ေနသူႏွင့္ မဇြန္မီမီေဇာ္၊ ရႏွစ္၊ (ဘ) ဦးျပည့္ၿဖိဳးၿငိမ္း၊ ဗမာ/ဗုဒၶ၊ (၂)တန္းေက်ာင္းသူ၊ အမက- မယ္ဇလီခင္၊ မယ္ဇလီခင္ေက်းရြာ၊ ေညာင္ေလးပင္ၿမိဳ႕ေနသူတို႔ျဖစ္ေၾကာင္းသိရွိရၿပီး မပိုးအိစံတြင္ ပန္းေရာင္အပြင့္ပါအကၤ်ီလက္တို၊ နီညိဳ ေရာင္ပါတိတ္လုံခ်ည္ဝတ္ဆင္လ်က္၊ ႏႈတ္ခမ္းျပာ၊ ေျခလက္မ်ားပဲႀကီးခြံတြန႔္၊ ျပင္ပဒဏ္ရာမရွိ၊ မဇြန္မီမီေဇာ္တြင္ အျဖဴအစိမ္းဂါဝန္ဝတ္ဆင္လ်က္ ႏႈတ္ခမ္းျပာ၊ ေျခလက္မ်ားပဲႀကီးခြံတြန႔္၊ ျပင္ပဒဏ္ရာ မရွိဘဲ ေသဆုံးေန ေၾကာင္းသိရွိရသည္။

မပိုးအိစံႏွင့္ မဇြန္မီမီေဇာ္တို႔ေသဆုံးျခင္းႏွင့္ပတ္သက္၍ အတူေနမပိုးအိစံ၏မိခင္ျဖစ္သူ ေဒၚစန္းစန္းရီ(၄၇)ႏွစ္၊က်ဘမ္းလုပ္၊ မယ္ဇလီခင္ေက်းရြာ၊ ေညာင္ေလးပင္ၿမိဳ႕ေနသူ အားစစ္ေဆးရာ ေသဆုံးသူ မပိုးအိစံႏွင့္ တူမေတာ္စပ္သူ မဇြန္မီမီေဇာ္တို႔သည္ ၂၀၂၀ ေဖ ေဖၚဝါရီ ၁၃ရက္ ညေန၅နာရီ၃ဝအခ်ိန္ဝန္းက်င္ခန႔္က မယ္ဇလီခင္ေက်းရြာအေနာက္ဘက္ရွိ ေရအိုင္အတြင္း ကန္စြန္းရြက္ခူးရန္ထြက္သြားရာမွ ျပန္လည္ ေရာက္ရွိလာျခင္းမရွိသျဖင့္ လိုက္လံရွာေဖြရာ ၂၀၂၀ ေဖေဖၚဝါရီ ၁၃ရက္ည ၈နာရီ၃ဝအခ်ိန္ဝန္းက်င္ခန႔္တြင္ အက်ယ္(၂၀)ေပ၊ အနက္(၈) ေပခန႔္ရွိ ေရအိုင္အတြင္း ေရနစ္ေသဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္ ဆယ္ယူ၍ ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဒၚစန္းစန္းရီ၏ေျပာၾကားခ်က္အရ သိရသည္။

ေသဆုံးသူ(၂)ဦးအား ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာ ေသာင္းဒန္ဦးမွရင္ခြဲစစ္ေဆးရာ အဆုတ္ထဲသို႔ေရမ်ားဝင္ေရာက္ကာ အသက္ရႉလမ္း ေၾကာင္းပိတ္၍ ေသဆုံးျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ေသဆုံးသူ မပိုးအိစံႏွင့္ မဇြန္မီမီေဇာ္တို႔ေသဆုံးျခင္းမွာဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္၊ မဟုတ္ မမစ(ညလပ) ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၂၀)ျဖင့္ အမႈဖြင့္ထားရွိကာ အမႈအား စခမ ဒုရဲမႉး ေဌးဝင္းမွလက္ခံစစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္းသိရသည္။

ကိုမ်ိဳး(ေညာင္ေလးပင္)

#AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရး၊ ျပည္သူ႔ အသံ ေဖာ္ေဆာင္ေရး ႏွင့္ သတင္းမွန္ မီဒီယာ

Credit to AlinnMyay







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829