ဆူးလေကုန်းဘုရားစုပေါ်မှဧည့်သည်ပြုတ်ကျ
ဒီနေ့နံနက် 14.2.2020ရက်နေ့ မှာ ပုဂံရဲ့ နေထွက်အလှကြည့်ရှုရာ ဆူးလေကုန်းဘုရားစုထဲကဘုရားတစ်ဆူပေါ်မှ တရုတ်နိုင်ငံသူအမျိုးသမီး တစ်ယောက်ပြုတ်ကျတာဖြစ်ပါတယ်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ စေတီ ပုထိုး ဂူကျောင်းတွေအပေါ် မည်သှူမှတက်ရောက် ခွင့်မရှိဆိုတဲ့စည်းကမ်းထုတ်ပြန်ထားမှု့ရဲ့နောက်ကွယ် မှာ အခုလိုဖြစ်ရပ်မျိုးတွေဟာမကြာ ခဏဆိုသလိုပြသနာတက်လျက်ရှိနေပါတယ်။
စည်းကမ်းထုတ်ထားတယ်။ထုတ်ထားတဲ့စည်း ကမ်းကိုချိုးဖောက်တယ်။ဘာတစ်ခုမှထိရောက်စွာ အရေးယူဆောင်ရွက်တာတို့ ကွင်းဆင်းလေ့လာ ဆောင်ရွက်တာတို့မရှိဘူး။
ဇုန်ဖီးလ်ကောက်သူတွေကလည်းပိုက်ဆံကောက်ဖို့တာဝန်ပဲသိတယ်။လမ်းဘေးဝဲယာမှာ ရှိတဲ့ ရဲကင်းတွေကလည်းအမြဲတံခါးပိတ်ထားတယ်။
ရင်နင့်စရာပုဂံမြန်မာ
CALENDAR
February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829