မသန်စွမ်းမိန်းကလေးကို အသက် ၅၄ နှစ်အရွယ် အမျိုးသားမှ အဓမ္မပြုကျင့်




မအူပင်တွင် မသန်စွမ်းမိန်းကလေးကို အသက် ၅၄ နှစ်အရွယ် အမျိုးသားမှ အဓမ္မပြုကျင့်

အောင်မြသန်း/ဧရာဝတီတိုင်းမ် မအူပင်၊ ဖေဖော်ဝါရီ ၁၄ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မသန်စွမ်းမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မိဘများအလုပ်သွားနေချိန် မသန်စွမ်းမိန်းကလေးကို တစ်ရွာထဲနေ အသက် ၅၄ နှစ်အရွယ် မြင့်အောင်ဆိုသူက မုန့်ကျွေးမယ်ပြောဆိုကာ ကျေးရွာရှိဆည်မြောင်းတာဘေးသို့ အတင်းပွေ့ချီ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း မိဘဖြစ်သူများမှ ဧရာဝတီတိုင်းမ်းသတင်း ဌာနကို ပြောသည်။

ကျနော်တို့က အလုပ်သွားနေတာ၊ အဲ့ကောင်က အိမ်ကိုရောက်လာပြီး ကလေးကို မုန့်ကျွေး မယ််ပြောပြီး ခေါ်သွားတာ၊ အဲ့နားမှာအလုပ်လုပ်နေသူတွေက တွေ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ကို သွားပြောပြီး ၀ိုင်းဖမ်းပေးတာပါ၊ ခုတော့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ် ဟု ဖခင်ဖြစ်သူမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။

အသက် ၅၄ နှစ်အရွယ် မြင့်အောင်ဆိုသူက မသန်စွမ်းမိန်းကလေးကို အီကြာကွေ့ကျွေးမယ် ပြောဆိုကာ ဆည်မြောင်းတာဘေးခေါ်ဆောင်သွားပြီး ချစ်ကြိုက်ကြောင်းပြောဆိုစဉ် မသန်စွမ်း မိန်းကလေးကလက်မခံဘဲ စကားများရာမှ ပတ်ဝန်ကျင်မှ အလုပ်လုပ်သူများသိရှိကာ ကျေးရွာ အုပ်ချုပ်ရေးမှူးထံသတင်းပေးပြီး ၀ိုင်းဖမ်းကာ ကျွဲဒုံးနယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ရဲမှတ် တမ်းများအရ သိရသည်။

မသန်စွမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ မြင့်အောင်ဆိုသူအား ကျွဲဒုံးနယ်မြေရဲစခန်းတွင် (ပ) ၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

#Ayeyarwaddy_Times ဓာတ်​ပုံ – ​အောင်​မြသန်​း (မအူပင်​)







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829