Valentine Day ရဲ့သမိုင်းကြောင်း ( သို့ ) Valentine Day ကိုဖြစ်ပေါ်လာစေခဲ့တဲ့ ရောမဘုန်းကြီးရဲ့ကြေကွဲစရာဖြစ်ရပ်




နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အမေရိကန် နဲ့ အခြားသောနိုင်ငံတွေမှာ ချစ်ခင်ရသူတွေအချင်းချင်း သကြားလုံးတွေ ချောကလက်တွေ ပန်းစည်းတွေ ပေးကြပါတယ်။ ဒါပေမယ့် ဒီ Valentine Day ရဲ့ အဓိပါ္ပယ်က ဘာလဲ ? ဘယ်ကနေ ဆင်းသက်လာတာလဲ ? အခု ရှာကြည့်ရအောင်ပါ။

ဖေဖော်ဝါရီလဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လဖြစ်တာကို ကျွန်တော်သိကြပါတယ်။ ဒါပေမယ့် St.Valentine Day လို့ခေါ်တဲ့ Valentine Day ကတော့ အမေရိကန်နဲ့ရော ရောမသမိုင်းကြောင်းနဲ့ပါ သက်ဆိုင်နေပါတယ်။

သမိုင်းတစ်ခုကတော့ St.Valentine ဟာ BC 3 ရာစုက ရောမဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။ ရောမဘုရင် Claudius 2 ဟာ စစ်တိုက်တဲ့နေရာမှာ အိမ်ထောင်ရှိယောကျ်ားတွေထက်လူပျိုတွေက ပိုအဆင်ပြေတယ်ဆိုတာကို သိခဲ့ပြီးနောက် လူငယ်တွေရဲ့ လက်ထပ်မှုကို တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် မတရားမှုကို သိတဲ့ ဘုန်းတော်ကြီး St.Valentine ဟာ လက်ထပ်ပွဲတွေကို တိတ်တဆိတ်လုပ်ဆောင်ပေးနေခဲ့ပါတယ်။ St.Valentine ရဲ့ လုပ်ဆောင်မှုတွေကို ဘုရင်က သိသွားတြ့အခါမှာတော့ ကွပ်မျက်ခံရပါတော့တယ်။

အခြားပုံပြင်တွေကတော့ Valentine ဟာ ရောမထောင်မှာ နှိပ်စက်ညှင်းပန်းခံနေရတဲ့ ခရစ်ယာန်လူမျိုးတွေကို ထွက်ပြေးဖို့ကူညီတဲ့ အတွက် အသတ်ခံရတယ်လို့ ဆိုပါတယ်။ ပုံပြင်တစ်ခုအရတော့ ထောင်ကျနေတဲ့ Valentine ဆိုတဲ့သူဟာ ” Valentine” ဆိုတဲ့ အသုံးအနှုန်းကို သူ့ကိုယ်သူ မိတ်ဆက်တဲ့ အနေနဲ့သုံးခဲ့ပါတယ်။ သူဟာ သူအကျဉ်းကျနေတုန်း လာတွေ့တဲ့ ထောင်စောင့်ရဲ့ သမီးဖြစ်သူကို ချစ်မိသွားခဲ့ပြီး သေဒဏ်ပေးမခံရခင် အဲ့ဒီမိန်းကလေးဆီကို ” From your Valentine ” အစချီတဲ့ စာကို ရေးထားခဲ့ပါတယ်။ အဲ့ဒီ အသုံးအနှုန်းဟာ ယနေ့အထိ သုံးစွဲနေကြဆဲဖြစ်ပါတယ်။ Valentine Day နဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတွေက အမျိုးမျိုး ရှိနေကြပေမယ့် သူတို့ထဲက Valentine ရဲ့ အကြောင်းကတော့ သူရဲကောင်းဆန်ပြီး အရမ်းအရေးကြီးတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။ ဒီသမိုင်းကြောင်းတွေကြောင့် အလယ်ခေတ်လောက်မှာ St.Valentine ဟာ အမေရိကနဲ့ ပြင်သစ်မှာ အကျော်ကြားဆုံး ဘုန်းကြီးတစ်ပါးဖြစ်ခဲ့ပါတယ်။

အလယ်ခေတ်က အမေရိကနဲ့ ပြင်သစ်တို့ရဲ့ အယူအဆအရ

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ငှက်တွေ မိတ်လိုက်တဲ့ ရာသီရဲ့အစဖြစ်လို့ အဲ့ဒီနေ့ဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ဖြစ်သင့်တယ်လို့ ယူဆခဲ့ကြပါတယ်။

Valentine Day ကို ကနေဒါ၊ ပြင်သစ် ၊ အမေရိကန် ၊ မက္ကစီကို ၊ ဩစတြေးလျ တို့မှာ စတင်ကျင်းပခဲ့ပြီး အင်္ဂလန်နိုင်ငံမှာတော့ ၁၇ ရာစု လောက်မှ တွင်တွင်ကျယ်ကျယ်ကျင်းပလာကြတာဖြစ်ပါတယ်။ ၁၈ ရာစုအလယ်ပိုင်းလောက်မှာ သူငယ်ချင်းအချင်းချင်း မိတ်ဆွေအချင်းချင်း ကြားမှာပါ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေကို စာတိုလေးတွေ ပေးပြီး ဖော်ပြခဲ့ကြပါတယ်။ Valentine Day ရဲ့ ရေပန်းစားမှုကြောင့် အဲ့ဒီနေ့တွေမှာ စာပို့ခနှုန်းထားတွေကိုတောင် လျှော့ချပေးခဲ့ပါတယ်။ Greeting Card Association ရဲ့ အဆိုအရ နှစ်တိုင်း Valentine နေ့မှာ စာပို့ကတ်ပေါင်း 145 ခုလောက်ပို့ရပြီး ကမ္ဘာ့ ဒုတိယအများဆုံး စာပို့တဲ့နေ့ပဲဖြစ်ပါတယ်။ အဲ့ဒီထဲက 85 ရာခိုင်နှုန်းကို အမျိုးသမီးတွေက ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

Writer – Min Thu (Daily Hot News)

Valentine Day ရဲ့သမိုင္းေၾကာင္း ( သို႔ ) Valentine Day ကိုျဖစ္ေပၚလာေစခဲ့တဲ့ ေရာမဘုန္းႀကီးရဲ့ေၾကကြဲစရာျဖစ္ရပ္

ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ အေမရိကန္ နဲ႔ အျခားေသာနိုင္ငံေတြမွာ ခ်စ္ခင္ရသူေတြအခ်င္းခ်င္း သၾကားလုံးေတြ ေခ်ာကလက္ေတြ ပန္းစည္းေတြ ေပးၾကပါတယ္။ ဒါေပမယ့္ ဒီ Valentine Day ရဲ့ အဓိပါၸယ္က ဘာလဲ ? ဘယ္ကေန ဆင္းသက္လာတာလဲ ? အခု ရွာၾကည့္ရေအာင္ပါ။

ေဖေဖာ္ဝါရီလဟာ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လတစ္လျဖစ္တာကို ကၽြန္ေတာ္သိၾကပါတယ္။ ဒါေပမယ့္ St.Valentine Day လို႔ေခၚတဲ့ Valentine Day ကေတာ့ အေမရိကန္နဲ႔ေရာ ေရာမသမိုင္းေၾကာင္းနဲ႔ပါ သက္ဆိုင္ေနပါတယ္။

သမိုင္းတစ္ခုကေတာ့ St.Valentine ဟာ BC 3 ရာစုက ေရာမဘုန္းႀကီးတစ္ပါးျဖစ္ပါတယ္။ ေရာမဘုရင္ Claudius 2 ဟာ စစ္တိုက္တဲ့ေနရာမွာ အိမ္ေထာင္ရွိေယာက်္ားေတြထက္လူပ်ိဳေတြက ပိုအဆင္ေျပတယ္ဆိုတာကို သိခဲ့ၿပီးေနာက္ လူငယ္ေတြရဲ့ လက္ထပ္မႈကို တားျမစ္ခဲ့ပါတယ္။ ဒါေပမယ့္ မတရားမႈကို သိတဲ့ ဘုန္းေတာ္ႀကီး St.Valentine ဟာ လက္ထပ္ပြဲေတြကို တိတ္တဆိတ္လုပ္ေဆာင္ေပးေနခဲ့ပါတယ္။ St.Valentine ရဲ့ လုပ္ေဆာင္မႈေတြကို ဘုရင္က သိသြားၾတ့အခါမွာေတာ့ ကြပ္မ်က္ခံရပါေတာ့တယ္။

အျခားပုံျပင္ေတြကေတာ့ Valentine ဟာ ေရာမေထာင္မွာ ႏွိပ္စက္ညႇင္းပန္းခံေနရတဲ့ ခရစ္ယာန္လူမ်ိဳးေတြကို ထြက္ေျပးဖို႔ကူညီတဲ့ အတြက္ အသတ္ခံရတယ္လို႔ ဆိုပါတယ္။ ပုံျပင္တစ္ခုအရေတာ့ ေထာင္က်ေနတဲ့ Valentine ဆိုတဲ့သူဟာ ” Valentine” ဆိုတဲ့ အသုံးအႏႈန္းကို သူ႔ကိုယ္သူ မိတ္ဆက္တဲ့ အေနနဲ႔သုံးခဲ့ပါတယ္။ သူဟာ သူအက်ဥ္းက်ေနတုန္း လာေတြ႕တဲ့ ေထာင္ေစာင့္ရဲ့ သမီးျဖစ္သူကို ခ်စ္မိသြားခဲ့ၿပီး ေသဒဏ္ေပးမခံရခင္ အဲ့ဒီမိန္းကေလးဆီကို ” From your Valentine ” အစခ်ီတဲ့ စာကို ေရးထားခဲ့ပါတယ္။ အဲ့ဒီ အသုံးအႏႈန္းဟာ ယေန႔အထိ သုံးစြဲေနၾကဆဲျဖစ္ပါတယ္။ Valentine Day နဲ႔ ပတ္သတ္တဲ့ သမိုင္းေၾကာင္းေတြက အမ်ိဳးမ်ိဳး ရွိေနၾကေပမယ့္ သူတို႔ထဲက Valentine ရဲ့ အေၾကာင္းကေတာ့ သူရဲေကာင္းဆန္ၿပီး အရမ္းအေရးႀကီးတဲ့ ေနရာက ပါဝင္ခဲ့ပါတယ္။ ဒီသမိုင္းေၾကာင္းေတြေၾကာင့္ အလယ္ေခတ္ေလာက္မွာ St.Valentine ဟာ အေမရိကနဲ႔ ျပင္သစ္မွာ အေက်ာ္ၾကားဆုံး ဘုန္းႀကီးတစ္ပါးျဖစ္ခဲ့ပါတယ္။

အလယ္ေခတ္က အေမရိကနဲ႔ ျပင္သစ္တို႔ရဲ့ အယူအဆအရ

ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔မွာ ငွက္ေတြ မိတ္လိုက္တဲ့ ရာသီရဲ့အစျဖစ္လို႔ အဲ့ဒီေန႔ဟာ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေန႔တစ္ေန႔ျဖစ္သင့္တယ္လို႔ ယူဆခဲ့ၾကပါတယ္။

Valentine Day ကို ကေနဒါ၊ ျပင္သစ္ ၊ အေမရိကန္ ၊ မကၠစီကို ၊ ဩစေၾတးလ် တို႔မွာ စတင္က်င္းပခဲ့ၿပီး အဂၤလန္နိုင္ငံမွာေတာ့ ၁၇ ရာစု ေလာက္မွ တြင္တြင္က်ယ္က်ယ္က်င္းပလာၾကတာျဖစ္ပါတယ္။ ၁၈ ရာစုအလယ္ပိုင္းေလာက္မွာ သူငယ္ခ်င္းအခ်င္းခ်င္း မိတ္ေဆြအခ်င္းခ်င္း ၾကားမွာပါ တစ္ေယာက္အေပၚတစ္ေယာက္ ခံစားခ်က္ေတြကို စာတိုေလးေတြ ေပးၿပီး ေဖာ္ျပခဲ့ၾကပါတယ္။ Valentine Day ရဲ့ ေရပန္းစားမႈေၾကာင့္ အဲ့ဒီေန႔ေတြမွာ စာပို႔ခႏႈန္းထားေတြကိုေတာင္ ေလၽွာ့ခ်ေပးခဲ့ပါတယ္။ Greeting Card Association ရဲ့ အဆိုအရ ႏွစ္တိုင္း Valentine ေန႔မွာ စာပို႔ကတ္ေပါင္း 145 ခုေလာက္ပို႔ရၿပီး ကမၻာ့ ဒုတိယအမ်ားဆုံး စာပို႔တဲ့ေန႔ပဲျဖစ္ပါတယ္။ အဲ့ဒီထဲက 85 ရာခိုင္ႏႈန္းကို အမ်ိဳးသမီးေတြက ဝယ္ယူခဲ့ၾကတာ ျဖစ္ပါတယ္။

Writer – Min Thu (Daily Hot News)







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829