စစ်ကိုင်းတံတားပေါ်မှာ ရထားတစ်စီး မီးလောင်မှုဖြစ်




ဖေဖော်ဝါရီ(၁၄) AlinnMyay(အလင်းမြေ)

စစ်ကိုင်း – မန္တလေး အင်းဝတံ တားပေါ်မှာ ဖေဖော်ဝါရီ(၁၄)ရက် ညနေ(၆)နာရီခွဲကျော် အချိန့်ခန့်တွင် မန္တလေး-မြစ်ကြီးနား လူစီးစာပို့ရထားသည် ဘရိတ်တွဲကနေ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးဘူတာကနေ ဖေဖော်ဝါရီ ၁၄ ရက် ညနေ(၆)နာရီခန့်က ထွက်ခွါလာခဲဲ့တဲ မြစ်ကြီးနား အမှတ်(၄၁)အဆန် လူစီးစာပို့ရထားဟာ အင်းဝတံတား(စစ်ကိုင်း) အလယ်ရှိ ကုန်းငါးကုန်းမြောက်နဲ့ ခြောက်ကုန်းမြောက်အရောက်တွင် မန္တလေးဘက်အခြမ်းက ရထားရဲ့နောက်ဆုံးတွဲ ၁၁တွဲမြောက်(ကုန်ပါဘရိတ်တွဲ)မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တွဲသုံးတွဲမီးလောင်ကျွမ်းခဲ့ပါတယ်။

မီးရထားမီးလောင်မှုဖြစ်ပွားရာကို စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူ း ဒုရဲမှူးကြီးခင်မောင်စိန်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင် ဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ်လေးစီး ရေ‌သယ်ယာဉ် တစ်စီး ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၆နာရီ ၅၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးသတင်းရရချင်းပဲ သွားငြိမ်းခဲ့တယ် လောင်ထားတဲ့ တွဲကိုတော့ ရွာထောင်မှာပဲ ထားခဲ့တာပါလို့ စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးရထားရဲ့ဘရိတ်တွဲ အပူလွန်ကဲရာမှတဆင့် ကုန်တွဲပေါ်ပါရှိသော သတင်းစာစက္ကူများကို တစ်ဆင့် မီးကူးစက်လောင်ကျွမ်းရခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့်ကျပ် ၁၁၃၈၀၀၀ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပဲ မီးလောင်ခဲ့တဲ့ရထားတွဲကို တံတားပေါ်ကနေ စစ်ကိုင်းဘက်သို့ ချိတ်ဆွဲသယ်ယူပြီး ရွာထောင်ဘူတာမှာ ထားခဲ့ပြီးနောက် ကျန်လူစီးတွဲများမှာ မြစ်ကြီးနားမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။

မီးလောင်မှုနဲ့ပါတ်သက်ပီး ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနာက ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

မန္တလေးရင်ခတ်သံ

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေး၊ ပြည်သူ့ အသံ ဖော်ဆောင်ရေး နှင့် သတင်းမှန် မီဒီယာ

Credit to AlinnMyay

စစ္ကိုင္းတံတားေပၚမွာ ရထားတစ္စီး မီးေလာင္မႈျဖစ္

ေဖေဖာ္ဝါရီ(၁၄) AlinnMyay(အလင္းေျမ)

စစ္ကိုင္း – မႏၲေလး အင္း၀တံ တားေပၚမွာ ေဖေဖာ္ဝါရီ(၁၄)ရက္ ညေန(၆)နာရီခြဲေက်ာ္ အခ်ိန္႔ခန္႔တြင္ မႏၱေလး-ျမစ္ႀကီးနား လူစီးစာပို႔ရထားသည္ ဘရိတ္တြဲကေန အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မႏၲေလးဘူတာကေန ေဖေဖာ္ဝါရီ ၁၄ ရက္ ညေန(၆)နာရီခန္႔က ထြက္ခြါလာခဲဲ႔တဲ ျမစ္ႀကီးနား အမွတ္(၄၁)အဆန္ လူစီးစာပို႔ရထားဟာ အင္း၀တံတား(စစ္ကိုင္း) အလယ္ရွိ ကုန္းငါးကုန္းေျမာက္နဲ႕ ေျခာက္ကုန္းေျမာက္အေရာက္တြင္ မႏၲေလးဘက္အျခမ္းက ရထားရဲ႔ေနာက္ဆုံးတြဲ ၁၁တြဲေျမာက္(ကုန္ပါဘရိတ္တြဲ)မွာ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ၿပီး တြဲသံုးတြဲမီးေလာင္ကြ်မ္းခဲ့ပါတယ္။

မီးရထားမီးေလာင္မႈျဖစ္ပြားရာကို စစ္ကိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴ း ဒုရဲမွဴးႀကီးခင္ေမာင္စိန္ဦးေဆာင္တဲ႔ ရဲတပ္ဖြဲ႕နဲ႕ စစ္ကိုင္းခရိုင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ေက်ာ္နိုင္ ဦးေဆာင္တဲ႕ မီးသတ္တပ္ဖြဲ႕၀င္မ်ားမွ မီးၿငိမ္းသတ္ယာဥ္ေလးစီး ေရ‌သယ္ယာဥ္ တစ္စီး ျဖင့္ဝိုင္း၀န္းၿငိမ္းသတ္ခဲ့ရာ ၆နာရီ ၅၀ တြင္ မီးၿငိမ္းသတ္နိုင္ခဲ့ပါတယ္။

မီးသတင္းရရခ်င္းပဲ သြားၿငိမ္းခဲ့တယ္ ေလာင္ထားတဲ့ တြဲကိုေတာ့ ရြာေထာင္မွာပဲ ထားခဲ့တာပါလို႔ စစ္ကိုင္းၿမိဳ႕နယ္မီးသတ္ဦးစီးက တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မီးရထားရဲ႕ဘရိတ္တြဲ အပူလြန္ကဲရာမွတဆင့္ ကုန္တြဲေပၚပါရွိေသာ သတင္းစာစကၠဴမ်ားကို တစ္ဆင့္ မီးကူးစက္ေလာင္ကၽြမ္းရျခင္းျဖစ္ၿပီး မီးေလာင္ကၽြမ္းမႈေၾကာင့္က်ပ္ ၁၁၃၈၀၀၀ ပ်က္စီးဆုံးရွုံးခဲ့ေပမယ့္ မီးေလာင္ကၽြမ္းမႈေၾကာင့္ လူထိခိုက္မွုမရွိခဲ့ပဲ မီးေလာင္ခဲ့တဲ႕ရထားတြဲကို တံတားေပၚကေန စစ္ကိုင္းဘက္သို႔ ခ်ိတ္ဆြဲသယ္ယူျပီး ရြာေထာင္ဘူတာမွာ ထားခဲ့ၿပီးေနာက္ က်န္လူစီးတြဲမ်ားမွာ ျမစ္ႀကီးနားၿမိဳ႕သို႔ ဆက္လက္ထြက္ခြာသြားခဲ႔ပါတယ္။

မီးေလာင္မႈနဲ႕ပါတ္သက္ပီး ကုန္းလမ္းပို႔ေဆာင္ေရးဝန္ႀကီးဌာနာက ဥပေဒနဲ႕အညီအေရးယူသြားမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

မႏၲေလးရင္ခတ္သံ

#AlinnMyay(အလင္းေျမ) ျပည္သူ႔ ကူညီေရး၊ ျပည္သူ႔ အသံ ေဖာ္ေဆာင္ေရး ႏွင့္ သတင္းမွန္ မီဒီယာ

Credit to AlinnMyay







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829