သင့် ချစ်သူ သင့်လက်ကို ကိုင်တဲ့ ပုံစံကနေပြောနေတဲ့ သင့်တို့စုံတွဲအကြောင်း




ချစ်သူရှိရင် လက်ကလေးကိုင်ပြီး လမ်းလျှောက်ရတာလောက် ကောင်းတဲ့ခံစားချက်ရှိဦးမလား? သင်က သတိမထားမိလို့သာ… ဒီလိုသေးငယ်တဲ့ အပြုအမူလေးတွေက သင်တို့ရဲ့ဆက်ဆံရေးအခြေအနေကို ဖော်ပြနေတယ်ဆိုတာ သင်သိပါသလား? ကဲ.. ဖော်ပြပါ လက်ကိုင်ပုံ ကိုင်နည်းလေးတွေကြည့်ပြီး စာဖတ်သူတို့စုံတွဲကလည်း ဘယ်လိုအခြေအနေမျိုးလဲ..ဟုတ် ၊မဟုတ်ဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်!

(၁) လက်ဖဝါးချင်းအပ်ပြီး ကိုင်ထားရင်

သင်တို့စုံတွဲဟာ ဒီလိုမျိုးလက်တွဲလေ့ရှိတယ်ဆို သင်တို့ဟာ ရမ္မက်ကြောင့်မဟုတ်ဘဲ ချစ်ခြင်းမေတ္တာကိုအခြေခံပြီး လက်တွဲကြတာဖြစ်ပါတယ်။ သင်တို့နှစ်ယောက်ကြားမှာ ပြင်းထန်တဲ့ သံယောဇဉ်ရှိပြီး နှစ်ယောက်လုံးက ကိုယ်လွတ်လပ်ခွင့်နဲ့ ကိိုယ်နေထိုင်လိုသူတွေဖြစ်တယ်။

(၂) လက်ချောင်းတွေဆုပ်ကိုင်ထားရင်

ချစ်စိတ်ရမ္မက်တွေရော၊ ချစ်ခြင်းမေတ္တာတွေပါ ရောပြွန်ပေါင်းစပ်ထားတဲ့ စုံတွဲဖြစ်ပါတယ်။ ဒီလိုမျိုးလက်ကိုကိုင်ထားရင် တစ်ယောက်နဲ့တစ်ယောက်ဘယ်တော့မှ လက်မလွှတ်ဘူးလို့အဓိပ္ပာယ်ရပါတယ်။ တစ်ယောက်ကတင်းကြပ်စွာဆုပ်ကိုင်ထားပေမယ့် အခြားတစ်ယောက်လက်က လျော့တိ လျော့ရဲဖြစ်နေရင်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

(၃) လက်ချောင်းချင်း ချိတ်ထားရင်

ဒီလိုလက်ကိုင်လေ့ရှိတဲ့ စုံတွဲတွေဟာ တစ်ယောက်လွတ်လပ်မှုကို တစ်ယောက်တန်ဖိုးထား နားလည်ပေးပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ် နားလည်ပေးထားပြီး အပြန်လှန်လေးစားမှုလည်းရှိတယ်။ ဒီလိုအတွဲက ပြတ်သွားရင်တောင် သူငယ်ချင်းအနေထားမျိုးနဲ့ဆက်လက်ကျန်ရှိနေဦးမှာပါ။

(၄) မိန်းကလေးလက်နှစ်ဖက်က ယောကျ်ားလေးလက်တစ်ဖက်တည်းကိုကိုင်ထားရင်

ဒီလိုလက်တွေကို ဆုပ်ကိုင်ထားရင် သင်တို့ဟာ အတည်တကျတွဲနေတဲ့ချစ်သူတွေဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ဒါဟာ အမြဲတမ်း ကောင်းတဲ့လက္ခဏာတစ်ခုုတော့ာမဟုတ်ဘူး။ တစ်ယောက်တည်းဖက်ကပဲချစ်သူအပေါ်အသည်းသန်စွဲလမ်းနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ နှစ်ဦးနှစ်ဖက် မေတ္တာမျှလို့တွဲနေကြတဲ့သဘောမျိုးမဟုတ်ပါဘူး။

(၅) လက်ချိတ်ထားရင်

ပွဲတွေတက်တဲ့အခါ ဒီလိုလက်ချိတ်ပုံမျိုးကို အတွဲတွေကြားမကြာခဏတွေ့ရပါတယ်။ နေ့တိုင်းလည်း ဘယ်သွားသွားဒီလိုလက်ချိတ်လေ့ရှိတယ်ဆိုရင် တစ်ယောက်ကိုယ် တစ်ယောက် ကာကွယ်တယ်၊ လုံခြုံမှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

(၆) နှစ်ယောက်လက်တွဲထားပေမယ့် တစ်ယောက်ကအမြဲအရှေ့ရောက်နေရင်

ဒီလိုစုံတွဲမျိုးကို မျောက်စုံတွဲလို့ခေါ်ရမလား… ။ စိတ်အပြောင်းလဲမြန်လို့ ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ နှစ်ယောက်သား သွားချင်တဲ့နေရာတွေများလို့ မသွားလိုက်ရတာမျိုးတွေရှိတယ်။ ဒါပေမယ့် ဒါဟာမကောင်းတဲ့အခြေအနေမဟုတ်ပါဘူး။ ဒီလိုစုံတွဲတွေဟာ ပွင့်လင်းတယ်။ ပြောမနာ၊ ဆိုမနာအတွဲလို့ ဆိုရမှာပါပဲ။

(၇) လက်လုံးဝမကိုင်ထားခြင်း

လက်တွေလုံးဝမကိုင်ထားဘူးဆိုရင်တော့ သင်တို့နှစ်ယောက်ကြားသွေးအေးနေပါပြီ။ ဒါမှမဟုတ် လူကြားထဲအဲ့လိုလက်တွဲသွားရတာကို ရှက်ကြောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေ ချီတုံချတုံဖြစ်နေတာလည်းပါတယ်။ သွေးအေးသွားမှာစိုးလို့ စိတ်မညစ်ပါနဲ့။ သင့်မိန်းကလေးဘက်က ရှက်ကြောက်နေတာလည်းဖြစ်မှာပါ။

Credit

သင့္ ခ်စ္သူ သင့္လက္ကို ကိုင္တဲ့ ပုံစံကေနေျပာေနတဲ့ သင့္တို႔စုံတြဲအေၾကာင္း

ခ်စ္သူ႐ွိရင္ လက္ကေလးကိုင္ျပီး လမ္းေလွ်ာက္ရတာေလာက္ ေကာင္းတဲ့ခံစားခ်က္႐ွိဦးမလား? သင္က သတိမထားမိလို႔သာ… ဒီလိုေသးငယ္တဲ့ အျပဳအမူေလးေတြက သင္တို႔ရဲ႕ဆက္ဆံေရးအေျခအေနကို ေဖာ္ျပေနတယ္ဆိုတာ သင္သိပါသလား? ကဲ.. ေဖာ္ျပပါ လက္ကိုင္ပံု ကိုင္နည္းေလးေတြၾကည့္ျပီး စာဖတ္သူတို႔စံုတဲြကလည္း ဘယ္လိုအေျခအေနမ်ဳိးလဲ..ဟုတ္ ၊မဟုတ္ဆိုတာ ဆန္းစစ္ၾကည့္လုိက္ရေအာင္!

(၁) လက္ဖဝါးခ်င္းအပ္ျပီး ကိုင္ထားရင္

သင္တို႔စုံတဲြဟာ ဒီလိုမ်ဳိးလက္တဲြေလ့႐ွိတယ္ဆို သင္တုိ႔ဟာ ရမၼက္ေၾကာင့္မဟုတ္ဘဲ ခ်စ္ျခင္းေမတၱာကိုအေျခခံျပီး လက္တဲြၾကတာျဖစ္ပါတယ္။ သင္တုိ႔ႏွစ္ေယာက္ၾကားမွာ ျပင္းထန္တဲ့ သံေယာဇဥ္႐ွိျပီး ႏွစ္ေယာက္လံုးက ကိုယ္လြတ္လပ္ခြင့္နဲ႔ ကိိုယ္ေနထုိင္လိုသူေတြျဖစ္တယ္။

(၂) လက္ေခ်ာင္းေတြဆုပ္ကိုင္ထားရင္

ခ်စ္စိတ္ရမၼက္ေတြေရာ၊ ခ်စ္ျခင္းေမတၱာေတြပါ ေရာျပြန္ေပါင္းစပ္ထားတဲ့ စံုတဲြျဖစ္ပါတယ္။ ဒီလိုမ်ဳိးလက္ကိုကိုင္ထားရင္ တစ္ေယာက္နဲ႔တစ္ေယာက္ဘယ္ေတာ့မွ လက္မလႊတ္ဘူးလုိ႔အဓိပၸာယ္ရပါတယ္။ တစ္ေယာက္ကတင္းၾကပ္စြာဆုပ္ကိုင္ထားေပမယ့္ အျခားတစ္ေယာက္လက္က ေလ်ာ့တိ ေလ်ာ့ရဲျဖစ္ေနရင္ေတာ့ ေကာင္းတဲ့လကၡဏာမဟုတ္ပါဘူး။

(၃) လက္ေခ်ာင္းခ်င္း ခ်ိတ္ထားရင္

ဒီလိုလက္ကိုင္ေလ့႐ွိတဲ့ စံုတဲြေတြဟာ တစ္ေယာက္လြတ္လပ္မႈကို တစ္ေယာက္တန္ဖိုးထား နားလည္ေပးပါတယ္။ ကိုယ္ေရးကိုယ္တာကိစၥေတြအေပၚ နားလည္ေပးထားျပီး အျပန္လွန္ေလးစားမႈလည္း႐ွိတယ္။ ဒီလိုအတဲြက ျပတ္သြားရင္ေတာင္ သူငယ္ခ်င္းအေနထားမ်ဳိးနဲ႔ဆက္လက္က်န္႐ွိေနဦးမွာပါ။

(၄) မိန္းကေလးလက္ႏွစ္ဖက္က ေယာက်္ားေလးလက္တစ္ဖက္တည္းကိုကိုင္ထားရင္

ဒီလိုလက္ေတြကို ဆုပ္ကိုင္ထားရင္ သင္တို႔ဟာ အတည္တက်တဲြေနတဲ့ခ်စ္သူေတြျဖစ္ပါတယ္။ စိတ္မေကာင္းစရာကေတာ့ ဒါဟာ အျမဲတမ္း ေကာင္းတဲ့လကၡဏာတစ္ခုုေတာ့ာမဟုတ္ဘူး။ တစ္ေယာက္တည္းဖက္ကပဲခ်စ္သူအေပၚအသည္းသန္စဲြလမ္းေနတာမ်ဳိးလည္းျဖစ္တတ္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ ေမတၱာမွ်လို႔တြဲေနၾကတဲ့သေဘာမ်ဳိးမဟုတ္ပါဘူး။

(၅) လက္ခ်ိတ္ထားရင္

ပဲြေတြတက္တဲ့အခါ ဒီလိုလက္ခ်ိတ္ပံုမ်ဳိးကို အတဲြေတြၾကားမၾကာခဏေတြ႔ရပါတယ္။ ေန႔တိုင္းလည္း ဘယ္သြားသြားဒီလိုလက္ခ်ိတ္ေလ့႐ွိတယ္ဆိုရင္ တစ္ေယာက္ကိုယ္ တစ္ေယာက္ ကာကြယ္တယ္၊ လံုျခံဳမႈ႐ွိတယ္ဆိုတဲ့အဓိပၸာယ္ပါပဲ။

(၆) ႏွစ္ေယာက္လက္တဲြထားေပမယ့္ တစ္ေယာက္ကအျမဲအေရွ႔ေရာက္ေနရင္

ဒီလိုစံုတဲြမ်ဳိးကို ေမ်ာက္စံုတဲြလို႔ေခၚရမလား… ။ စိတ္အေျပာင္းလဲျမန္လို႔ ဟိုသြားမယ္၊ ဒီသြားမယ္နဲ႔ ႏွစ္ေယာက္သား သြားခ်င္တဲ့ေနရာေတြမ်ားလို႔ မသြားလိုက္ရတာမ်ဳိးေတြ႐ွိတယ္။ ဒါေပမယ့္ ဒါဟာမေကာင္းတဲ့အေျခအေနမဟုတ္ပါဘူး။ ဒီလိုစံုတဲြေတြဟာ ပြင့္လင္းတယ္။ ေျပာမနာ၊ ဆိုမနာအတဲြလို႔ ဆိုရမွာပါပဲ။

(၇) လက္လံုး၀မကိုင္ထားျခင္း

လက္ေတြလံုး၀မကိုင္ထားဘူးဆိုရင္ေတာ့ သင္တို႔ႏွစ္ေယာက္ၾကားေသြးေအးေနပါျပီ။ ဒါမွမဟုတ္ လူၾကားထဲအဲ့လိုလက္တဲြသြားရတာကို ႐ွက္ေၾကာက္ေနတာမ်ဳိးလည္း ျဖစ္ႏုိင္ပါတယ္။ ဆံုးျဖတ္ခ်က္ေတြ ခ်ီတံုခ်တုံျဖစ္ေနတာလည္းပါတယ္။ ေသြးေအးသြားမွာစိုးလို႔ စိတ္မညစ္ပါနဲ႔။ သင့္မိန္းကေလးဘက္က ႐ွက္ေၾကာက္ေနတာလည္းျဖစ္မွာပါ။

Credit







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829