ရန်ကုန်တိုင်းရှိ လိုင်စင်ရရေသန့်လုပ်ငန်းများအား စစ်ဆေးရာတွင် ထက်ဝက်ခန့်ကိုပိတ်ရန်ညွှန်ကြားထားရ




ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရရေသန့်လုပ်ငန်းများအားစစ်ဆေးရာတွင် စံချိန်စံညွှန်းနှင့်မညီသောကြောင့် လုပ်ငန်းထက်ဝက်ခန့်ကိုပိတ်ရန် ညွှန်ကြားထားရကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရေသန့်လုပ်ငန်းများကို တစ်လတစ်ကြိမ်စစ်ဆေးရာတွင် ယခုကဲ့သို့တွေ့ရှိခြင်း ဖြစ်သည်။

“စစ်ဆေးမှုကတစ်လကိုတစ်ကြိမ်လုပ်ပါတယ်။ စံချိန်စံညွှန်းနဲ့ကိုက်ညီအောင်ထုတ်လုပ်မှုမရှိတဲ့လုပ်ငန်းတွေကို ပိတ်သိမ်းဖို့ကိုညွှန်ကြားပါတယ်။ ဒီလိုစစ်ဆေးရာမှာလိုင်စင်ရအနေနဲ့ပြောရရင် လိုင်စင်ရထားပြီးသားအားလုံးရဲ့ ထက်ဝက်ခန့်ကိုပိတ်ဖို့ညွှန်ကြားနေရပါတယ်။”ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ဌာနခွဲမှညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်စင်ရရေသန့်လုပ်ငန်းမှာ (၃၀၀)မှ (၅၀၀)ကြားရှိကြောင်း သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)အနေဖြင့် ရေသန့်လုပ်ငန်းများအား ဓာတ်ခွဲစစ်ဆေးရာတွင် အချိန်ကာလအပိုင်းအခြားအရကြာမြင့်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာအရသိရသည်။

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

Credit to AKonThi

ရန္ကုန္တိုင္းရွိ လုိင္စင္ရေရသန္႔လုပ္ငန္းမ်ားအား စစ္ေဆးရာတြင္ ထက္၀က္ခန္႔ကိုပိတ္ရန္ညႊန္ၾကားထားရ

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လိုင္စင္ရေရသန္႔လုပ္ငန္းမ်ားအားစစ္ေဆးရာတြင္ စံခ်ိန္စံညႊန္းႏွင့္မညီေသာေၾကာင့္ လုပ္ငန္းထက္၀က္ခန္႔ကိုပိတ္ရန္ ညႊန္ၾကားထားရေၾကာင္း အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA)မွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိေရသန္႔လုပ္ငန္းမ်ားကို တစ္လတစ္ႀကိမ္စစ္ေဆးရာတြင္ ယခုကဲ့သို႔ေတြ႕ရွိျခင္း ျဖစ္သည္။

“စစ္ေဆးမႈကတစ္လကိုတစ္ႀကိမ္လုပ္ပါတယ္။ စံခ်ိန္စံညႊန္းနဲ႔ကိုက္ညီေအာင္ထုတ္လုပ္မႈမရွိတဲ့လုပ္ငန္းေတြကို ပိတ္သိမ္းဖို႔ကိုညႊန္ၾကားပါတယ္။ ဒီလိုစစ္ေဆးရာမွာလိုင္စင္ရအေနနဲ႔ေျပာရရင္ လိုင္စင္ရထားၿပီးသားအားလံုးရဲ႕ ထက္၀က္ခန္႔ကိုပိတ္ဖို႔ညႊန္ၾကားေနရပါတယ္။”ဟု အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၊ ရန္ကုန္ဌာနခြဲမွညႊန္ၾကားေရးမွဴး ေဒါက္တာမင္း၀ံက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ လိုင္စင္ရေရသန္႔လုပ္ငန္းမွာ (၃၀၀)မွ (၅၀၀)ၾကားရွိေၾကာင္း သိရသည္။

အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲမႈဦးစီးဌာန (FDA)အေနျဖင့္ ေရသန္႔လုပ္ငန္းမ်ားအား ဓာတ္ခြဲစစ္ေဆးရာတြင္ အခ်ိန္ကာလအပိုင္းအျခားအရၾကာျမင့္ေၾကာင္း ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ အစီရင္ခံစာအရသိရသည္။

ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Credit to AKonThi







CALENDAR

February 2020
M T W T F S S
« Jan    
 12
3456789
10111213141516
17181920212223
242526272829