နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေဟု ဦးစိုးထွန်းရှိန်ပြော




မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ တရားစွဲခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့ တရားရုံးမှာ ဒီနေ့ ၁၂ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ “အမှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေ” လို့ ဦးစိုးထွန်းရှိန်က ဒီကနေ့ ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ရုံးထုတ်မှာတော့ လိုပြသက်သေ ဦးနောင်နောင်နဲ့ ဦးတေဇာလင်းတို့ကို မစစ်တော့ဖို့ ဥပဒေအရာရှိက တင်ပြခဲ့ပြီး လာမယ့်ရုံးချိန်းကိုတော့ မတ်လ ၄ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး ရမည်းသင်း မြို့နယ်တရားသူကြီး ဦးဇော်လင်းအောင်က “လာမယ့် ရုံးချိန်းမှာတော့ ရာဇာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို စစ်ဆေးရန်နဲ့ လိုပြသက်သေ ဦးညီညီလွင်၊ ဦးထွန်းအောင်စိုးတို့ကို အမှုနဲ့ ပတ်သက်ပြီး ဆက်လျက် စစ်ဆေးဖို့ ရှိမရှိကို ဥပဒေ အရာရှိက တင်ပြဖို့ ချိန်းဆိုထားပါတယ်”လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ လိုပြသက်သေ ၁၃ ဦး (၁ ဦး သေဆုံး စာရင်းမှ ပယ်ဖျက်ထား) ကို စစ်ဆေးထားပြီး အမှုအတွက် လိုပြသက်သေ ၁၈ ဦး တင်သွင်းထားပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးဖော်ခွင့်ပါမစ် ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်ခဲ့တာကြောင့် ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က) နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ရမည်းသင်းမြို့နယ် အပိုင်ထဲမှာရှိတဲ့ ၆၁၀၅ ဧကရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် A ကို ငါးနှစ်အတွင်းမှာ ပုဒ်ဖြတ်ရွှေစင် ၅ ဒသမ ၅၇၇ မတ်ထရစ်တန် (ပိသာချိန် ၃၄၁၅ ဒသမ ၃၂၇ ပိဿာ) နဲ့ အဆိုပြုငွေ ကျပ် သန်း ၁၀၀ ပေးသွင်းမယ်ဆိုပြီး ၂၀၁၁ ခုနှစ်က တင်ဒါအောင်မြင်ခဲ့တာပါ။

DVB TV News

နိုင္ငံေတာ္အႀကီးအကဲမ်ား အမွန္တရားကို ျမင္ေအာင္ၾကည့္နိုင္ပါေစဟု ဦးစိုးထြန္းရွိန္ေျပာ

ျမန္မာ့သတၱဳတြင္း ဥပေဒပုဒ္မ ၃၀(က)နဲ႔ တရားစြဲခံထားရတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ရမည္းသင္းၿမိဳ႕ တရား႐ုံးမွာ ဒီေန႔ ၁၂ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ “အမႈနဲ႔ပတ္သက္ၿပီးေတာ့ ႏိုင္ငံေတာ္အႀကီးအကဲေတြအေနနဲ႔ အမွန္တရားကို ျမင္ေအာင္ၾကည့္ႏိုင္ပါေစ” လို႔ ဦးစိုးထြန္းရွိန္က ဒီကေန႔ ႐ုံးထုတ္မွာ ေျပာဆိုခဲ့ပါတယ္။ ဒီကေန႔႐ုံးထုတ္မွာေတာ့ လိုျပသက္ေသ ဦးေနာင္ေနာင္နဲ႔ ဦးေတဇာလင္းတို႔ကို မစစ္ေတာ့ဖို႔ ဥပေဒအရာရွိက တင္ျပခဲ့ၿပီး လာမယ့္႐ုံးခ်ိန္းကိုေတာ့ မတ္လ ၄ ရက္ေန႔ကို ခ်ိန္းဆိုထားပါတယ္။ အမႈနဲ႔ပတ္သက္ၿပီး ရမည္းသင္း ၿမိဳ႕နယ္တရားသူႀကီး ဦးေဇာ္လင္းေအာင္က “လာမယ့္ ႐ုံးခ်ိန္းမွာေတာ့ ရာဇာဝတ္က်င့္ထုံးဥပေဒပုဒ္မ ၅၄၀ အရ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကို စစ္ေဆးရန္နဲ႔ လိုျပသက္ေသ ဦးညီညီလြင္၊ ဦးထြန္းေအာင္စိုးတို႔ကို အမႈနဲ႔ ပတ္သက္ၿပီး ဆက္လ်က္ စစ္ေဆးဖို႔ ရွိမရွိကို ဥပေဒ အရာရွိက တင္ျပဖို႔ ခ်ိန္းဆိုထားပါတယ္”လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ လိုျပသက္ေသ ၁၃ ဦး (၁ ဦး ေသဆုံး စာရင္းမွ ပယ္ဖ်က္ထား) ကို စစ္ေဆးထားၿပီး အမႈအတြက္ လိုျပသက္ေသ ၁၈ ဦး တင္သြင္းထားပါတယ္။ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီဟာ ေ႐ႊတူးေဖာ္ခြင့္ပါမစ္ ရပ္ဆိုင္းခံထားရေပမယ့္ ထပ္မံတူးေဖာ္ခဲ့တာေၾကာင့္ ကုမၸဏီဥကၠ႒ ဦးစိုးထြန္းရွိန္ကို သတၱဳတြင္းဥပေဒပုဒ္မ ၃၀(က) နဲ႔ တရားစြဲထားတာ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ ရမည္းသင္းၿမိဳ႕နယ္ အပိုင္ထဲမွာရွိတဲ့ ၆၁၀၅ ဧကရွိတဲ့ မိုးထိမိုးမိ ေ႐ႊလုပ္ကြက္ A ကို ငါးႏွစ္အတြင္းမွာ ပုဒ္ျဖတ္ေ႐ႊစင္ ၅ ဒသမ ၅၇၇ မတ္ထရစ္တန္ (ပိသာခ်ိန္ ၃၄၁၅ ဒသမ ၃၂၇ ပိႆာ) နဲ႔ အဆိုျပဳေငြ က်ပ္ သန္း ၁၀၀ ေပးသြင္းမယ္ဆိုၿပီး ၂၀၁၁ ခုႏွစ္က တင္ဒါေအာင္ျမင္ခဲ့တာပါ။

DVB TV News







CALENDAR

March 2020
M T W T F S S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031